Technology

Update

Written By Unknown on Thursday, August 18, 2016 | 9:36:00 AM

Update 💚❤🌴

Facebook ဆိုတာကိုသုံးနေတဲ့ လူတိုင်းဟာ Update ဆိုတာကိုရင်းနှီးကြပါလိမ့်မယ် ။ ဘာလို့လဲဆိုတော့ Facebook က Update ခဏခဏ မြှင့်ခိုင်းလို့ပါပဲ ။ application တစ်ခုကို update မြှင့်လိုက်ပြီဆိုရင် ပိုမိုကောင်းမွန်တဲ့ မြန်ဆန်မှုတွေ ၊ ပိုကောင်းတဲ့ Feature တွေပါလာတာပါပဲ ။ application တစ်ခုကို အသုံးပြုရတာ ပိုမိုကောင်းမွန်ဖို့အတွက် Update ဟာမဖြစ်မနေမြှင့်ရပါမယ် ။

☔ လူတွေမှာလည်း ခေတ်နှင့်အညီ ဖြစ်ဖို့ Update မြှင့်ရမှာဖြစ်ပါတယ် ။ ကိုယ့်ရဲ့ အသိပညာ ၊ အတတ်ပညာတွေကို Update မြှင့်နေနိုင်မှ လောကမှာ နေရာတစ်ခုဟာကိုယ့်အတွက် အဆင်ပြေမှာပါ ..။ သို့မှသာလည်း ကိုယ်ဟာလောကကြီးအတွက် အသစ်အဆန်းတွေကို အမြဲဖန်တီးနိုင်မှာပါ ။ ဒီတော့ ...

🌞 စိတ်ဓာတ်တွေကို မြှင့်တင်ပါ ။ ကိုယ်ဟာ ကိုယ်အောင်မြင်ဖို့ ဘယ်လိုစိတ်နေစိတ်ထားတွေထားရမယ် ။ ဘယ်သဘောထားတွေရှိတယ်ဆိုတာ သိရမယ် ။ ပြင်ဆင်သင့်တဲ့ စိတ်တွေကို ပြင်ဆင်ရမယ် ။ အချောင်ခိုချင်တာ ၊ သူများအပေါ် မှီခိုချင်တာတွေကို ပယ်ချခဲ့ရမယ် ။ ကိုယ့်ကိုယ်ကို အားကိုချင်စိတ် ၊ ယုံကြည်မှု ၊ ဆက်ဆံရေးကောင်းမွန်မှု ၊ စည်းစနစ်ကျနမှု ၊ စီမံခန့်ခွဲနိုင်မှု စတာတွေကို မြင့်နိုင်သမျှ မြင့်တက်လာအောင် လုပ်ရမယ် ။

🌞 ပညာရပ်ဆိုင်ရာမှာလည်း မြှင့်တင်ရမယ် ။ ကိုယ်က ဘွဲ့ တစ်ခုရပြီ ဆိုတာနဲ့ရပ်မနေသင့်ဘူး။ ကမ္ဘာမှာ ဘာစနစ်တွေ သုံးနေတယ် ၊ ဘာတွေပြောင်းလဲနေတယ် ။ ကိုယ့်တတ်ထားတဲ့ အတတ်ပညာနဲ့ပတ်သတ်ပြီး ရေကုန်ရေခမ်းကြိုးစားရမယ် ။ ဥပမာ ပြရရင် စက်ချုပ်တဲ့ လူတစ်ယောက်ဟာ ရင်ဖုံး ၊ ထဘီ လေးချုပ်တတ်နေရုံနဲ့မရဘူး ။ နောက်ဆုံးပေါ် ဒီဇိုင်းတွေကိုပါလေ့လာနေရမယ် ။

🌞 ယုံကြည်မှုတွေလည်းမြှင့်လိုက်ပါ ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ မြှင့်ရမယ်။ ဘယ်သူမရှိရင်တော့ ငါဘာမှမလုပ်တတ်ဘူး ၊ တစ်ယောက်တည်း မသွားချင်ဘူး ၊ တစ်ယောက်တည်း မလုပ်ချင်ဘူး ဆိုတာတွေကို ဖျက်ဆီးထားပါ ၊ တခြားသူကိုလည်း တတ်နိုင်သလောက်ယုံကြည်ပါ ။ အကောင်းမြင်ပါ ။

🍁 ဒါဆိုရင်တော့ အရာရာကိုရင်ဘောင်တန်းပြီး ခေတ်ဆိုတာနဲ့ တစ်ပြေးတည်းလိုက်နိုင်ဖို့ ကိုယ့်ကိုယ်ကို Update မြှင့်ကြစို့လား !

ခံစားတတ်သောနှလုံးသားဖြင့် ♡♡♡

လွန်မင်းအံ့
www.lwonminaent.blogspot.com


0 မှတ်ချက်:

Post a Comment

Sports

Lwon Min Aent . Powered by Blogger.

Followers