Technology

Home » » အားနာတယ်

အားနာတယ်

Written By Unknown on Thursday, February 4, 2016 | 4:13:00 AM

အားနာတယ် ...

---------------

အားနာတယ် ... အားနာတယ် ဆိုတဲ့စကားကို လူတိုင်းပြောဖူးကြ ပါတယ် .. ။ နောက်ပြီးအားနားတယ်ဆိုတဲ့စကားရဲ့ အဓိပ္ပါယ်ကို တော့ အထွေအထူးရှင်းပြစရာလိုမယ်မထင်ပါဘူး .. ။ လူတိုင်းလည်းအားနာဖူးကြပါလိမ့်မယ် .. ။ "ငါသူ့ကို အားနာလိုက်တာ " တို့ .. ဈေးဝယ်တာတောင်မှ အားနာလို့ဝယ် တယ်ဆိုတာမျိုးရှိပါလိမ့်မယ် .. ။ ဆိုတော့ အားနာတာ ဘာလို့အား နာတာလဲ .. ဘယ်လိုအားနာတာလဲ .. ။ အားနာတဲ့အတွက် ဘယ်လိုတုန့်ပြန်မလဲ .  ။ ဒါထက် ကိုယ်ဟာ အားနာသင့်တဲ့ သူကို အားမှနာခဲ့ရဲ့လား ... ။

(၁) ကျေးဇူးရှိလို့ အားနာတာလား

ဆိုကြပါစို့ ..။ ကိုယ့်အပေါ်မှာ သူက တစ်ခုခု ကူညီခဲ့မယ် .. ။ ကိုယ်အလိုရှိ တာကိုလုပ်ပေးတာပဲရှိရှိ .. ကိုယ်က အကူအညီတောင်းခဲ့တဲ့ အချိန်မှာ အကူအညီပေးတာပဲ့ဖြစ်ဖြစ် .. ဒါဆိုရင်ကျေးဇူးရှိတာပေါ့ . ။ တစ်ချိန်ချိန်မှာ သူက အကူအညီပြန်တောင်းရင် ကိုယ်က မကူညီချင်ရင်တောင် အားနာလို့ကူညီလိုက်ရတာတွေရှိပါတယ် .. ။ ဒါ့ကြောင့် နံပါတ်(၁) ကျေးဇူးရှိလို့ အားနာတာလား .. ။ ဒါဆိုရင်တော့ ကိုယ်အပေါ် မှာ ထာဝရကျေးဇူးရှိခဲ့တဲ့ မိဘတွေကို အားနာဖို့ကောင်းပါတယ် .. ။ မိဘတွေရဲ့ကျေးဇူးတွေကို သိပြီး အားနာတတ်ရမယ် .. မိဘတွေက အကူအညီတောင်းရင် အားနာတဲ့စိတ်နဲ့တော့ အနည်းဆုံး ကူညီရမယ် .. ။ ဆိုတော့ ကိုယ့်မိဘက စာလေးကြိုးစားလိုက်စမ်းပါ .. လို့ အကူအညီတောင်းရင် အားနာတဲ့စိတ်နဲ့ ကူညီကြည့်လိုက်စမ်းပါ .. ။ သူစိမ်းတွေကိုတောင် အားနာသေးတာပဲ .. ။ ကိုယ့်ရဲ့သွေးသားရင်း ... ကိုယ့်ရဲ့ကျေးဇူးရှင် အရင်းခေါက်ခေါက်ကြီးကို အားနာကြည့်လိုက်ပါ .. ။ အားနာတဲ့စိတ်နဲ့ပြောစကားလေး နားထောင်ကြည့်လိုက်ပါ ...။

(၂) ဆက်ဆံရေးတစ်ခုကြောင့်လား

လူနှစ်ယောက်ကြားမှာ ရှိတဲ့ ဆက်ဆံရေးကလည်း အားနာမှုကို ဖြစ်စေပါတယ် .. ။ ဆိုတော့ သူငယ်ချင်း အချင်းချင်း အရမ်းခင်နေမယ် .. ဒါဆိုရင် တစ်ဦးနဲ့တစ်ဦးကြားမှာ အားနာမှုရှိမှာပါပဲ .. ။ တစ်ဦးက အကူအညီတောင်းရင် တစ်ဦးက ငြင်းခဲမှာပါ .. ။ တစ်နည်းအားဖြင့် မျက်နှာနာတာပေါ့ ဗျာ .. ။ ဒီတော့ သူစိမ်းနှစ်ယောက်ကြားမှာတောင် မျက်နှာတွေနာ ... အားတွေနာကြသေးတာပဲ .. ။ မိဘကိုလည်း မျက်နှာနာကြည့်စမ်းပါ ... ။ " ဩော် .. သူတို့က ငါ့ကို ထောက်ပံ့ပေးထားတာ .. ငါစာမေးပွဲကျရင် မျက်နှာနာစရာပါလား ..  အားနာစရာပါလား " လို့တွေးကြည့်ပါ .. ။ ဆက်ဆံရေးကြောင့် ဆိုရင်လည်း သင့်မိဘတွေက ထိပ်ဆုံးက ပါဝင်နေမှာပါ ... ။

ဒီတော့ ဘာကြောင့် အားနာတာလဲ .. ။ ကျေးဇူးတရားတွေကြောင့် လား ... ဆက်ဆံမှု .. ရင်းနှီးမှုတစ်ခုကြောင့်လား .. ။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် သင့်ရဲ့မိဘတွေက ထိပ်ဆုံးကပါ .. ။ ဒီတော့ သင့်မိဘတွေကိုအားနာကြည့်ပါ .. ။

အားနာတာကဟုတ်ပါပြီ .. ။ အားနာရင်တောင်းဆိုတာလေး ကိုလည်းလုပ်ပေးလိုက်ပါ .. ။ ပါးစပ်လေးနဲ့ပဲ အားနာနေလို့က မရနိုင်ပါဘူး .. ။ သင့်မိဘက လည်း သင့်ကို မကောင်းတာတွေ လညပ်ခိုင်းမှာမဟုတ်ပါဘူး .. ။ ဒီတော့ သူတို့ပြောတဲ့စကားလေးတွေ နားထောင် ..  လိမ်လိမ်မာမာ နဲ့ လူကောင်းလေးဖြစ်အောင် နေထိုင်ပြလိုက်ပါလား .. အမှန်တကယ် အားနာတယ် ဆိုရင်ပေါ့ဗျာ ... ။

ခံစားတတ်သောနှလုံးသားဖြင့် ...

လွန်မင်းအံ့


0 မှတ်ချက်:

Post a Comment

Sports

Lwon Min Aent . Powered by Blogger.

Followers