Technology

Smile

Written By Unknown on Thursday, February 4, 2016 | 4:12:00 AM

Smile

--------

အပြုံး ... ။ အပြုံးဆိုတာ အရမ်းချစ်စရာကောင်းတယ် .. မြတ်နိုးစရာကောင်းတယ် .. ။ လူတိုင်းကလည်း အပြုံးကိုလက်ခံချင်တယ် ... ၊ လိုချင်ကြတယ် ။ မသိတဲ့ လူစိမ်းနှစ်ယောက်တောင် ပြုံးပြရင် ခင်သွားတတ်သေးတာပဲ .. ။ ဆိုတော့ အပြုံးဆိုတာဘာလဲ .. ။ ယေဘုယျအားဖြင့်တော့ အပြုံးဆိုတာ ပျော်ရွှင်တဲ့အချိန်မျိုးမှာဖြစ်ပေါ်လာတဲ့ကိုယ်ခန္ဓာအမူအယာတစ်မျိုးပါပဲ။ ဒါဆိုအပြုံးကပျော်တဲ့ချိန်ပဲပြုံးရ မှာလား .. ။

ဟင့်အင် အချိန်တိုင်းပြုံးလို့ရပါတယ် .. ။ လူတိုင်းကလည်း အချိန်တိုင်းပြုံးချင်ပေမယ့် မပြုံးနိုင်ကြပါဘူး .. ။ အပြုံးတစ်ခုကို ထာဝရပိုင်ဆိုင်ဖို့ စိတ်ချမ်းသာမှုတစ်ခုတည်းနဲ့ မရနိုင်ပါဘူး .. ။ စိတ်ချမ်းသာမှုက အမြဲမရှိနိုင်လို့ပါ .. ။ အပြုံးတစ်ခုကို ထာဝရပိုင်ဆိုင်ဖို့ လေ့ကျင့်သင့်တာကို လေ့ကျင့်ပါ ။

(၁) ကိုယ်အမူအယာ

အမူအယာအားဖြင့်ပြုံးတတ်အောင်လေ့ကျင့်ပါ .. ။ တစ်ချို့တွေရှိပါတယ် ဓာတ်ပုံရိုက်ခါနီးပြုံးခိုင်းတာတောင် မပြုံးတတ်ဘူး ဆိုတာတွေပါ .. ။ ဆိုတော့ ပြုံးရတာမခက်ပါဘူး ... ။ miss တွေလို ပြုံးနိုင်အောင်ကြိုးစားပါ .. ။ လေ့ကျင့်ပါ .. မှန်ရှေ့မှာ အကြိမ်ကြိမ်လေ့ကျင့်ကြည့်ပါ .. ။ ဝမ်းနည်းတဲ့အခါလည်း ကြိုးစားပြုံးပါ .. စိတ်ဆင်းရဲလည်း မှိတ်ကြိတ်ပြုံးကြည့်ပါ .. ။

(၂) စိတ်

စိတ်ကိုရှင်းထားပါ ... ။ စိတ်ညစ်စရာတွေကို မေ့ပစ်ပါ .. ပျော်စရာတွေများများတွေးပါ .. ။ အကောင်းမြင်ဝါဒရှိပါ .. လူတွေကို အကောင်းမမြင်ခြင်း .. သံသယ မျက်လုံးတွေနဲ့ကြည့်နေမယ်ဆိုရင်တော့ စိတ်ဆင်းရဲရမှာ ပါ .. ။

ဆိုတော့ ထာဝရ ပျော်နိုင် ပြုံးနိုင်ဖို့ ကြိုးစားပါ .. ။ စိတ်ညစ်ရင် များများပြုံးပါ .. ။ စိတ်ညစ်တာတွေ လျော့ကျသွားနိုင်ပါတယ် .. ။ဒါ့ကြောင့် အခုကစပြီး များများပြုံးကြပါလို့ ... ။  ။

ခံစားတတ်သောနှလုံးသားဖြင့် ...

လွန်မင်းအံ့


0 မှတ်ချက်:

Post a Comment

Sports

Lwon Min Aent . Powered by Blogger.

Followers