(၁)
“စော ...”
ကောင်လေးတစ်ယောက်၏နှုတ်ဖျားမှ တမ်းတစွာထွက်လာသော စကားလုံး တစ်လုံးသားဖြစ်သည်။ သေးကျဥ်းလှသောအခန်းထဲတွင်လည်း ထိုကောင်လေးနှင့် အရုပ်တစ်ရုပ်ကလွဲကာ ဘာဆိုဘာမျှမရှိ။
သူ့ပုံစံမှာလည်း စိတ်ပျက်လက်ပျက်ပုံစံပင်ဖြစ်သည်။ ဒူးတစ်ဖက်ထောင်ကာ ခြေတစ်ဖက်ကို ချထားသည်။ သူ့နှုတ်ခမ်းတစ်စုံကတော့ စော ဆိုသည့် စကားလုံးကိုသာ ထပ်ကာထပ်ကာ ရွတ်နေသည်။ သူ့မျက်လုံးများနီရဲနေပုံကိုကြည့်ရလျှင်ဖြင့် သူ အတော် အတန်ကြာ ငိုထားကြောင်းသိရသည်။ နဖူးပေါ်တွင်လည်း သူ့ဆယ်နွယ် အနီရောင်တို့က ပျံ့ ကျဲနေသည်။ သူ့နှုတ်ခမ်းတစ်စုံကတော့ငိုနေသည့်ကြား ကပင်ခြောက်သွေ့နေဆဲဖြစ်သည်။ သူကတော့ တစ်ခွန်းတည်းသာ ပြောနေသည်။
“စော .... စော .... ”
သူသည် ထိုစကားကိုသာ ထပ်ကာတလဲလဲ ပြောနေသည်။ သူ့ဘေးတွင် သူ့အား မငိုရန်ချော့သူလည်းမရှိသလို ။ သူကိုယ်တိုင်ကလည်း ငိုနေခြင်းကို မရပ် တမ်းတဆဲတမ်းတနေသည်။ သူနှင့်အတူ အခန်းထဲတွင်ရှိသည့်အရုပ်ကြီးသည်တော့ အတော်ထူးဆန်းသည်။
လူတစ်ရပ်စာခန့်ရှိသော ရုပ်ထုကြီး တစ်ခုသာဖြစ်သည်။ ကောင်မလေးရုပ်တစ်ရုပ်လည်းဖြစ်သည်။ ထိုအရုပ်တွင် တပ်ထားသော ဆံပင်တို့က လေထဲတွင် တလွင့်လွင့်ဝဲနေသည်။ ခန်းဆီးစများသည်လည်း လေထဲတွင် ၀ဲလွင့်နေသည်။
နှုတ်ခမ်းသားများသည်တော့ စိုပြည်နီရဲနေတာကြောင့် အရုပ်နှင့်ပင်မတူ တကယ်လူနှင့်တူလှသည်။ မသိလျှင် လူတစ်ယောက်နှင့်ပင်မှားနိုင်သည်။ ၀ိုင်းစက်နေသောမျက်လုံးလေးများကတကယ့်နတ်သမီး အသွင်ဆောင်နေသည်။ စင်းနေသောနှာတံလေးမှာ တကယ်မိန်းကလေးတစ်ယောက် တည်ငြိမ်စွာ မတ်တပ်ရပ်နေသကဲ့သို့ပင်ဖြစ်သည်။
သူမ၀တ်စားထားသည်မှာလည်း နတ်သမီးတစ်ပါးကဲ့သို့ သို့မဟုတ် ပွဲကတော့မည့်မင်းသမီးတစ်ပါးကဲ့သို့ ထဘီသိမ်းကို ၀တ်ထားသည်။ ထဘီပန်းနုရောင်နှင့်အတူ အကျီင်္ပန်းနုရောင်ကိုပါ လိုက်ဖက်စွာဝတ်ထားသည်။ ထို့ပြင် အဖြူရောင်ဇာပုဝါပါးတစ်ထည်ကိုလည်း ခြုံထားသေးသည်။ ခေါင်းပေါ်မှလည်း ပန်းနုရောင် မွေးပွ ပုဝါတစ်ထည်ကို ခြုံထားသည်။ မည်သို့ပင်ဖြစ်စေကာမူ ထိုကောင်လေးသည်တော့ငိုနေဆဲပင်ဖြစသည်။
သေချာတာတစ်ခုကတော့ သူနှင့် စောဆိုသည့်မိန်းကလေး တစ်ချိန်က ပတ်သတ်ခဲ့ဖူးတာပင်ဖြစ်သည်။
(ဖြေးဖြေးချင်းဆက်ခွင့်ပြုပါခင်ဗျာ ... )
စိတ်ကူးယဉ်ဆန်သော ....
နတ်ဒုံးနော်
0 မှတ်ချက်:
Post a Comment