Technology

Home » » တန်ပါစေ

တန်ပါစေ

Written By Unknown on Thursday, February 4, 2016 | 4:14:00 AM

တန်ပါစေ ...

----------

ဆိုရိုးစကားတစ်ခုရှိပါတယ် .. ။ "မတန်တာစားနွား " တဲ့ .. ။ ဒါဆိုရင် တန်တယ်မတန်ဘူးဆိုတာက ဘာနဲ့ဆုံးဖြတ်ပါသလဲ .. ။ ဈေးဝယ်မယ် .. ပစ္စည်းတစ်ခုကိုဈေးချိုချိုနဲ့ရရင်တန်တာပေါ့ .. ။ တန်ရာတန်ကြေးဆိုတာ ဈေးဗန်းထဲက ပစ္စည်းတွေမှာပဲ ရှိတဲ့အရာ မဟုတ်ပါဘူး ။ ဥပမာ လူတစ်ယောက်က လူသတ်လို့ထောင်ကျတယ် .. ဒါဟာ တန်ရာတန်ကြေးပါပဲ .. ပစ္စည်းခိုးတယ် .. ထောင်ကျမယ် .. သူများပိုင်ဆိုင်တာကို ဖျက်ဆီးမယ် .  တန်ရာတန်ကြေးအနေနဲ့ကိုယ်ပိုင်ဆိုင်တာကို ပေးရမယ် ..အားလုံဟာ တန်ရာတန်ကြေးတွေပါပဲ .. ။ ဒါထက် လူတွေမှာလည်း လူရယ်လို့ဖြစ်လာပြီးရင် တန်ရာတန်ကြေးပေးဆပ်ရမှာတွေရှိပါတယ် .. ။

(၁) သင့်ပါးစပ်လေးတွေ

ပါးစပ်ဆိုတာ ဘာလုပ်ဖို့လဲ .. ။ စကားပြောဖို့ .. အစားစားဖို့ .. ။ ဒီလောက်ပဲ သိရင် သင်ဟာ ကလေးတစ်ယောက်ပါပဲ ။ ပါးစပ်ဆိုတာ ကောင်းမြတ်တဲ့စကားကိုဆိုဖို့ပါ .. ။ ကိုယ့်ပါးစပ်နဲ့ကိုယ် ဆိုပြီးနေ့တိုင်း ဆဲဆိုနေရင် ကြာလာတာနဲ့အမျှ သင်ဟာ ကျက်သရေယုတ်လာမှာပါပဲ .. ။ နံနက်စောစောစီးစီး ကျက်သရေ မင်္ဂလာရှိဖို့ .. ဘုရားစာရွတ်တာတို့ .. နားဝင်သာတဲ့ စကားကို ပြောတာတို့ .. လုပ်သင့်ပါတယ် .. ။ ဥပမာ ဝတဲ့မိန်းမတစ်ယောက်ကို "ဟဲ့ .. ညဉ်းက တုတ်တိုနေတာပဲ .. စည်ပိုင်းကြီးကျလို့ " လို့ ပြောလိုက်ရင်အမှားမဟုတ်တောင် စကားမပြေပြစ်တော့ပါဘူး .. " ဝ လို့ဖြိုးလို့ပါလား " ဆိုရင်တော်ပါသေးတယ် .. ။ နောက်တစ်ချက် .. နှုတ်ခမ်းဆိုတာ လူနှစ်ယောက်ကြားက ဆက်ဆံရေးကို ခိုင်မြဲစေတဲ့ .. ဒါမှမဟုတ် ဖန်တီးပေးတဲ့ သဘာဝလက်ဆောင်ပါ .. ။ ဒါပေမယ့် သင့်ပါးစပ်က အမြဲတမ်း အယုတ္တ ၊ အနတ္တတွေကို ပြောနေမယ်ဆိုရင် လူတွေက ခင်ချင်စိတ်လျော့သွားပါမယ် .. ။ ဒါကြောင့် ကောင်းမွန်တဲ့ စကားတွေကိုပြောပါ .. ။ လောကကြီးက သင့်ကို စကားပြောခွင့်ရှိတဲ့ ပါးစပ်တစ်ခုပေးထားရတာ တန်ပါစေ .. ။

(၂) လက်ကလေးများ နှင့် ခြေထောက်များ

လက်တွေခြေထောက်တွေဟာလည်း တန်ဖိုးအနဃရတနာတွေပါ .. ။ သင်ဟာ သင့်အိပ်မက်ကို သင့်လက်နဲ့ဖန်တီးရမယ် .. ။ သင်လိုချင်တဲ့ဘဝ သင့်ရဲ့ ပန်းတိုင် သင့်စိတ်ကူးကို သင့်လက်နဲ့ စနစ်တကျ လက်တွေ့ဖန်တီးရမှာဖြစ်ပါတယ် .. ။ ဒါပေမယ့် လောက ကြီးမှာ ဘယ်အရာမှထင်သလောက်မလွယ်ကူတာ သင်သိပါလိမ့်မယ် .. ။ သို့သော် သင်ဟာ လောကရဲ့ကြမ်းတမ်းမှုတွေကို မတုန်မလှုပ် ရဲရဲဝင့်ဝင့် ရင်ဆိုင် ခံနိုင်ရပါမယ် .. ။ အဲ လိုခံနိုင်ဖို့ တစ်နည်းအားဖြင့် ခရောင်းလမ်းကို လျောက်နိုင်ဖို့ လောကကြီးက သင့်ကို ခြေထောက်တစ်စုံပေးထားပြီးသားပါ ... ။ ဒါ့ကြောင့်သင်ဟာ ကိုယ့်ခြေထောက်ပေါ်မှာ ရဲရဲဝင့်ဝင့်ရပ်တည်ပြီး ကိုယ့်လက်နဲ့ကိုယ့်အိပ်မက်ကိုဖန်တီးရပါမယ် .. ။

(၃)မျက်လုံး .. ၊ နှလုံးသား .. ၊ ဦးနှောက် ..

မျက်လုံးဆိုတာ အရာရာကိုမြင်နိုင်ဖို့ပါ .. ။ ကိုယ်ဟာ မြင်တတ်ရမယ် .. ။ အကောင်းမြင်ဝါဒရှိရမယ် .. တစ်နည်းအားဖြင့် အကောင်းမြင်စိတ်ရှိရမယ် .. ။ နောက်တစ်ချက် သင့်မှာ ခံစားတတ်တဲ့နှလုံးသားတစ်ခုပါပါတယ် .. ။ ဆိုတော့ အရာရာကို မျက်လုံးနဲ့ကြည့်ရမယ် .. နှလုံးသားနဲ့ခံစားရမယ် .. ။ နောက် .. ဦးနှောက် .. ဦးနှောက်ဆိုတာလည်း အရမ်းအရေးပါပါတယ် .. ။ ဦးနှောက်ဟာ ဥက္ကဌ နဲ့တူပါတယ် .. ။ သူဟာ ဆုံးဖြတ်ချက်တွေကိုပဲ ချနိုင်ပါတယ် .. ။ ဆိုတော့ မျက်လုံးနဲ့ကြည့် .. နှလုံးသားနဲ့ခံစား .. ဦးနှောက်နဲ့ဆုံးဖြတ်ရပါမယ် .. ။ ဒါမှလည်း ဘဝဟာ အကျိုးရှိမှာပါ .. ။

နိဂုံးချုပ်ရရင် သင့်ကိုလောကကြီးက ရတနာတွေပေးပြီးသားပါ .. တစ်နည်းအားဖြင့် သင်ဟာရတနာတွေနဲ့ဖွဲ့စည်းထားတာပါ .. ။ ဒီတော့ သင်ဟာလည်း သင့်ရဲ့ လက်ခြေ နှလုံး စတာတွေကိုကောင်းကောင်းကြီး အသုံးချရပါမယ် .. ။ ဒါမှလည်း လူဖြစ်ရတာတန်မှာပါ .. ။ အဲလိုမှမဟုတ်ရင်တော့ လူဖြစ်ရတာ တန်တယ်လို့ ပြောလို့မရပါဘူးခင်ဗျာ .. ။

ခံစားတတ်သောနှလုံးသားဖြင့် ...

လွန်မင်းအံ့


0 မှတ်ချက်:

Post a Comment

Sports

Lwon Min Aent . Powered by Blogger.

Followers