Technology

Home » » ဘယ်ကမ်းရယ်လို့ ဘယ်သို့သာ

ဘယ်ကမ်းရယ်လို့ ဘယ်သို့သာ

Written By Unknown on Thursday, August 18, 2016 | 9:37:00 AM

🌴🌿 ဘယ်ကမ်းရယ်လို့ ဘယ်သို့သာ 🌴🌿

ပင်လယ်မျက်နှာပြင်ပေါ် ၊ မြစ်ပြင်ပေါ် ကူးခတ်သွားလာနေသမျှဟာ ကမ်းကပ်ကြရပါတယ် ။ ယုစွအဆုံး အချိန်တန်ရင် လူသေကောင်တောင် အချိန်တန်ရင် ကမ်းကပ်ကြရပါတယ် ။ ဗေဒါပင်တွေ ၊ အမှိုက်သရိုက်တွေဟာလည်း ကမ်းခြေမှာ စုပြုံပြီး အမှိုက်သရိုက်အဖြစ် တည်ရှိကြတယ် ။ သဘောင်္တွေ ၊ လှေတွေဟာလည်း ကမ်းခြေတစ်ခုခုမှ ရပ်ဆိုင်းကြရတယ် ။ အဲလိုပါပဲ ကျွန်တော်တို့ လူတွေဟာလည်း တစ်နေ့နေ့ တစ်ချိန်ချိန်မှာ နေရာတစ်နေရာမှာ ရပ်တည်ကြရမှာပါ ။

💛 ဒါပေမယ့် အမှိုက် သရိုက်တွေမှာကျ ဘယ်ကမ်းကို ကပ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်မရှိဘူး ။ ဥပမာပြောရရင် မန္တလေးက မြောလာတဲ့ အမှိုက်ထုတ်ကြီးတစ်ခုက ဟိုးညောင်ဦးကမ်းမှာ ကပ်မယ် ၊ သမုဒ္ဒရာထိ သွားမယ်ဆိုပြီး ရည်ရွယ်ချက်နဲ့ ပါလာတာမဟုတ်ပါဘူး ။ ရောက်ချင်တဲ့ကမ်းရောက်မယ် ၊ ရောက်ချင်တဲ့ ချိန်ရောက်မယ် ၊ ဖြစ်ပျက်တွေက ကြမ်းတမ်း မယ် ။ ကမ်းကိုမရောက်ဘဲ အကြောင်းအမျိုးမျိုးကြောင့် ကြားထဲမှာပဲပျောက်ချင်ပျောင်သွားနိုင်တယ် ။

❤ ဒါပေမယ့် သဘောင်္တွေ ၊ လှေတွေကကြမတူပါဘူး ။ သူတို့မှာ ရည်ရွယ်ချက် ၊ ဦးတည်ရာတွေရှိတယ် ။ ဘယ်အချိန်မှာ ဘယ်ကမ်းကို ကပ်ကိုကပ်ရမယ်ဆိုတာတွေရှိတယ် ။ပြသနာတွေတွေ့ရင် ရင်ဆိုင်ဖို့ အသက်ကယ်ဝတ်စုံ အစရှိသဖြင့် ကြိုတင် ပြင်ဆင်ထားတာတွေရှိတယ် ။ တစ်ခါတစ်ခါ လိုအပ်ရင်လိုအပ်သလို ရေကိုဆန်ပြီးတောင် ပန်းတိုင်ကိုအရောက်သွားတယ် ။ ဒီတော့ သဘောင်္တွေဟာ လိုရာခရီးကိုရောက်ကြတယ် ။

💚 လူတွေမှာလဲ လောကသမုဒ္ဒရာကြီးပေါ် ကူးခတ်တဲ့နေရာမှာ ရည်ရွယ်ချက်မရှိဘဲ ရောက်ချင်ရာရောက် ၊ ဖြစ်ချစ်ရာဖြစ် ၊ ဒေါင်ကျကျ ပြားကျကျဆိုပြီး နေလို့မရပါဘူး ။ ကိုယ့်မှာရည်ရွယ်ချက်တွေရှိရမယ် ။ သဘောင်္တွေလို ဦးတည်ရာတွေ ၊ ကြိုတင်ပြင်ဆင်တာတွေ ရှိရမယ် ။ ဘယ်နေ့ ၊ ဘယ်ချိန်လောက်မှာ အနည်းဆုံးဘာတော့ ရှိရမယ်ဆိုတာ ဖြစ်ရမယ်။ ဆိုကြပါစို့ ကိုယ်က စီးပွားရေးတက်တယ် .. တတိယနှစ်မှာ ဂုဏ်ထူးတန်း ဝင်ကိုယ်ဝင်ရမယ် ၊ Q ဝင်ရမယ် ၊ Mr ဝင်ရမယ် စသည်ဖြင့် ရည်ရွယ်ချက်နဲ့ ကြိုးစားရမယ် ။ ပြီးပြီးရော အချိန်တန် နွားပိန်ကန်လိမ့်မယ် ဆိုတာမျိုး မလုပ်ရဘူး ။

ကိုယ်ဟာ ကိုယ့်ရည်ရွယ်ချက် ရှိမှသာ ကြိုးစားချင်စိတ်ဖြစ်ပေါ်မယ် ။ သဘောင်္တစ်စီးက ရည်ရွယ်ချက်မရှိရင် အားစိုက်မောင်းမနေဘူး .. ရေစီးနဲ့ လိုက်နေမှာပဲ ။ ဒီတော့ ကိုယ်က ကြိုးစားချင်စိတ်ပေါ်အောင် ဦးတည်ချက် ၊ မျှော်မှန်းချက်ရှိရမယ် ။ ရည်ရွယ်ချက်နဲ့ ကြိုးစားကြရမယ် .. လိုအပ်ရင် လောကဓံကို အံတုနိုင်ရမယ် ။ ငါကတော့ အသက်ဘယ်လောက်မှာ ဘယ်နေရာမှာ တာဝန်ယူကို ယူနိုင်ရမယ် စသည်ဖြင့်ပေါ့ ..။ ပေါ့ပေါ့လေးနေပြီး ရရာလုပ်မယ်ဆိုရင်တော့ အလုပ်ကပဲ မင်းကိုရွေးသွားမှာပါ ။ မင်းအနေနဲ့ အလုပ်ကိုရွေးချယ်ခွင့်ရှိမှာမဟုတ်ဘူး ။ ဒီတော့ ကိုယ်က ခွန်အား ၊ အချိန်ရှိနေတဲ့ အချိန်မှာ အားစိုက်ရမယ် ။ လောင်စာရှိနေတဲ့ သဘောင်္တစ်စီးက လောင်စာရှိတုန်း ခရီးမဆက်ရင်တော့ အနာဂါတ်ဟာ •●●●●•

ခံစားတတ်သောနှလုံးသားဖြင့် ♡♡♡

လွန်မင်းအံ့
www.lwonminaent.blogspot.com


0 မှတ်ချက်:

Post a Comment

Sports

Lwon Min Aent . Powered by Blogger.

Followers