Technology

Home » » RELATIONSHIP

RELATIONSHIP

Written By Unknown on Friday, May 20, 2016 | 3:30:00 AM



♡ RELATIONSHIP ♡

Relationship ! တစ်ဦးနဲ့တစ်ဦးကြားထဲမှာ ဆက်ဆံရေးဆိုတာကတော့ ရှိနေမှာပါပဲ ... အလုပ်ကိစ္စနဲ့ ပတ်တတ်တဲ့ ဆက်ဆံရေးတွေ ၊ personal relation တွေ စသည်ဖြင့်ပေါ့လေ ~~ အပေါင်းအသင်း မိတ်ဆွေများလေလေ ကိုယ့်အတွက် ပိုမိုကောင်းလေလေပါပဲ .. ဒါပေမယ့် အပေါင်း အသင်းတွေကြောင့်လည်း တစ်ခါတလေမှာ မကောင်းတာတွေကို လုပ်မိတတ်ပါသေးတယ် ..။ တစ်ခါတလေကျတော့လည်း အပေါင်းသင်းတွေကြောင့် ကိုယ့်ဘဝဟာ ချုံခြားကနေ ဘုံဖျားကို ရောက်သွားတတ်ပါတယ် ..။ ဒီတော့ relationship ဟာ သိပ်အရေးပါပါတယ် ..။

■ ခွဲခြားသိပါ ...

သူဟာ ကိုယ့်အတွက် အရေးပါသလား ၊ အထူးသဖြင့်တော့ ကိုယ်နဲ့ စရိုက်ခြင်းကိုက်ညီမှု ရှိရဲ့လား .. သူက အရမ်းအေးပြီး ကိုယ်က အရမ်းသွက်နေတာ ၊ ကိုယ်ကယဉ်ကျေးသလောက် သူက ရမ်းကားရိုင်းဆိုင်းနေတာ ဒါမျိုး မတူညီတာတွေရှိလာရင်တော့ နက်နဲတဲ့ ဆက်ဆံရေး တည်ထောင်နိုင်မှာမဟုတ်ပါဘူး ..။ စရိုက်ခြင်းတူမှသာ Best Friend ဆိုတာဖြစ်လာနိုင်မှာပါ ... အဲလိုမှမဟုတ်ရင်တော့ အရမ်းကြီး အဆင်မပြေနိုင်ဘူး ..။ ဒီတော့ BFF ဆိုရင် စရိုက်ချင်းတူတာ ပိုအဆင်ပြေပါလိမ့်မယ် ..။

နောက် .. အရေးပါတာ ! သူဟာ ကိုယ့်ဘဝအတွက် ဘယ်လောက်အရေးပါသလဲ ? ဒါလည်းထည့်စဉ်းစား စရာပါပဲ .. ကိုယ့်အတွက် အရေးပါတဲ့လူဆိုရင်တော့ လုံးဝ အဆုံးရှုံးမခံပါနဲ့ ...ဒါဆို ဘယ်လိုလူမျိုးက ကိုယ့်အတွက် အရေးပါတဲ့ လူဖြစ်မလဲ ???

♤ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တော်တော်များများကို ကူညီဆုံးဖြတ်ပေးတဲ့လူပေါ့ ..။ ကိုယ့်ကို မှန်ကန်တဲ့ အကြံ၊ ဆုံးဖြတ်ချက်တွေ အကြံဥာဏ်တွေပေးတဲ့လူပါ .. အလိုလိုက် အကြိုက်ဆောင်ပြီး ပြောတာမျိုးမဟုတ်ဘဲ မှန်မှန်ကန်ကန်ထောက်ပြ အကြံပေးတာမျိုးပါ ... ဒီလို Fri တစ်ယောက်ရှိရင်တော့ လက်မလွှတ်ပါနဲ့ ..!

♤ ရင်ဖွင့်ဖို့ အကောင်းဆုံးလူး ! သေချာတာကတော့ ပါးစပ်ဖွာတဲ့လူမဟုတ်တာပါပဲ ..။ ကိုယ့်စိတ်ထဲ ၊ ရင်ထဲမှာ မွန်းကျပ်နေတဲ့အခါ ရင်ဖွင့်စရာ လူဆိုတာကတော့ လိုကိုလိုအပ်ပါတယ် .. အဲလို ရင်ဖွင့်တဲ့အခါ စိတ်ဝင်တစား နားထောင်တဲ့လူ .. ကိုယ့်ကို နှစ်သိမ့်ပေးတဲ့လူး .. အထူးသဖြင့်တော့ ကိုယ့်ခံစားချက်တွေကို သွားပုပ်လေလွင့် မပြောမယ့် နှုတ်လုံမယ့်လူ လိုအပ်ပါတယ် .. အဲလိုလူမျိုးနဲ့ အပေါင်းအသင်းဖြစ်မိပြီဆိုရင်တော့ တစ်သက်လုံးဆုပ်ကိုင်ထားလိုပ်ပါ ...!

♤ နားလည်နိုင်ဆုံးလူ.. ကိုယ့်အပေါ်ကို နားလည်ပေးနိုင်ဆုံး ၊ သည်းခံနိုင်တဲ့လူ .. အနွံတာ ခံတဲ့ သူငယ်ချင်းတစ်ယောက်ရှိရင်လည်း လက်မလွှတ်ပါနဲ့ ...!

ဆက်ဆံရေးတွေဟာ ဘာမဟုတ်တဲ့ ကိစ္စလေးတွေကြောင့်လည်း ပျက်ပြားသွားနိုင်ပါတယ် .. အနည်းငယ်သော စိတ်ဆိုးစိတ်ကောက်တာလေးနဲ့ပေါ့ .. ငြင်းရင်းခုန်ရင်း တင်းမာမှုတွေကနေ သဘောထားကွဲလွဲမှုတွေဖြစ်ပြီး ပျက်ဆီးတတ်ပါတယ် .. ဒီတော့ အစွန်းရောက်တဲ့ မာမာထန်ထန် ငြင်းခုန်မှုတွေ မလုပ်သင့်ပါဘူး ...။ ဒီတော့ ဒေါသဖြစ်ရင်လည်း ချုပ်တည်း မြိုသိပ်ပါ .. အလျော့ပေးစရာရှိလည်း အလျော့ပေးဖို့ဝန်မလေးပါနဲ့ .. ကိုယ်က အလျော့ပေး လိုက်လို့လည်း တစ်ဖက်က အတင်းကြီးဖိပြီး အနိုင်မယူပါဘူး .. နောက်ပြီး ကိုယ်က ချည်းပဲ အသာစီး မယူပါနဲ့ .. အခွင့်အရေးရရင်တောင် ရှောင်ပါ ..ကိုယ့်အလိုကိုချည်း ကိုယ့်သူငယ်ချင်းတွေက လိုက်နေရရင် မကောင်းဘူးပေါ့ ~~~

ဒီတော့ ဆက်ဆံရေးဆိုတာမျိုးက တည်ဆောက်တဲ့ အခါမှာသာ အချိန်တွေ အများကြီး အကုန်ခံပြီး တည်ဆောက်ရတာ .. ပျက်ဆီးဖို့ကျ လွယ်ကူပါတယ် ~~  ဒါ့ကြောင့် ကိုယ်ဟာ ဆက်ဆံရေးတစ်ခုကို တည်ထောင်ပြီးရင် လုံးဝ အပျက်မဆီးမခံပါနဲ့ ..။

ခံစားတတ်သောနှလုံးသားဖြင့် ~~~

လွန်မင်းအံ့


0 မှတ်ချက်:

Post a Comment

Sports

Lwon Min Aent . Powered by Blogger.

Followers