Technology

Home » » အလွမ်းမြေမှ မရဏပန်း

အလွမ်းမြေမှ မရဏပန်း

Written By Unknown on Thursday, August 18, 2016 | 9:40:00 AM

❤ အလွမ်းမြေမှ မရဏပန်း ❤ Final Ep

ကြောက်လန့်နေသည် .. ။ သူကြောက်လန့်နေသည်။ ကိုယ့်ပြုခဲ့သည့် အမှားသည် အရိပ်တစ်ခုကဲ့သို့ကပ်ပါပြီး အနီးကပ်ရန်သူအဖြစ်ရှိနေချေပြီ ..။

ဘယ်သူမှ သတိမထားမိအောင်ဝင်ရမည် ။ သွေးစွန်းနေသော အကျီင်္အဖြူပေါ်မှ အနီကွက်များကို လွယ်အိတ်နှင့် တတ်နိုင်သလောက် ကွယ်ပြီး အခန်းထဲသို့ ခြေသုတ်တင်လာသည်။ တော်သေးသည် .. လူသတိမထားမိလို့မှ ..!

အခန်းတွင်းရောက်သည်နှင့် လွယ်အိတ်ကို ခုတင်ပေါ်သို့ ခပ်မြန်မြန်ပစ်ချပြီး လူကမူ ရေချိုးခန်းထဲသို့ဝင်သွားသည် .. ။ အကျီင်္ အဖြူကို မြန်မြန်ချွတ်ပြီး ရေဇလုံထဲ ပစ်ထည့်သည် ။

အပြင်ဘက်က ခွေးအူသံသံရှည်ကြီးတွေကိုလည်း သူ့နားထဲတွင် အထင်းသားကြားနေရသည် ။ ပြူတင်ပေါက်များမှ တဆင့်တိုက်လာသည့် ခပ်စိမ့်စိမ့်လေတွေကြောင့် တစ်ချက်တစ်ချက် ချမ်းလာရသည် ။

ဘုရား .. ဘုရား .. လူတွေမသိပါစေနဲ့ ..

စိတ်ထဲမှဆုတောင်းနေမိသည် ။ အကုသိုလ် ကံ ထိုက်ထားသောအပြစ်သားတစ်ယောက် ၏ ဆုတောင်းသည် ပြည့်နိုင်အံ့လော ။

ယု .. ယု .. သူငါ့ကို လိုက်ဒုက္ခပေးနေရင်ဘယ်လိုလုပ်မလဲ .. အို .. မပေးလောက်ပါဘူး .. ဒီချိန်သူ့ဟာသူတောင် ဘယ်ဘုံရောက်နေလို့ ရောက်နေမှန်းမသိဘူး ..

ဇာတ်ကားထဲတွင် သရဲမှ လိုက်ဒုက္ခပေးသည်ကို သူမြင်ဖူးသည် ။ သို့သော်လည်း အားပြန်တင်းကာ ကိုယ့်ကိုယ်ကို ဖေးမလိုက်သည် ။

အကျီင်္သွေးကွက်များကို ဆပ်ပြာအင်အား ၊ လူအင်အားသုံး၍ အင်တိုက်အားတိုက် လျှော်သော်လည်း နည်းနည်းလေးမှပင်မပြောင် ။ နဖူးနှင့် နားထင်စပ်များမှ ချွေးပေါက်များကျလာသည် ။ ဇောစိတ်တို့၏ အဟုန်ကြောင့် အသက်ရှူသံတွေပင် တရှူးရှူးတရှဲရှဲဖြင့် ပြင်းထန်လာသည် ။

ရုတ်တရက် ယုရဲ့ မျက်နှာကို မျက်လုံးထဲတွင်ပြေးမြင်မိသည် ။  သူ့ကို သိပ်မုန်းနေသည့်ယု ၊ သိပ်နာကျည်းနေနေသည့် ယုရဲ့ ခပ်ဆူးဆူးအကြည့်တွေကို ပြန်မြင်ယောင်လိုက်တိုင်း ကြက်သီးမွေးညှင်းပင်ထရသည် ။ ဘေးကခွဲအူသံတွေကြောင့် ကြောက်စိတ်တို့သည် အရှိန်မြင့်နေသည် ။

အရေးထဲ .. အကျီင်္ ကမပြောင် ။

သူ့မျက်လုံးထဲတွင် အဖြူရောင် အရိတ်တစ်ခုကို ဖြတ်ခနဲတွေ့လိုက်ရသည် ။ လည်ပင်းကိုလှည့်ကာ သေချာကြည့်မိတော့ လေအတိုက်မှာ လွင့်နေတဲ့ ခန်းစီးစဖြူဖြူလေးရယ် ။

သက်ပြင်းတစ်ချက်ကို ချလိုက်သည် ။ ဆပ်ပြာတွေဘယ်လောက်ထည့်ထည့် အကျီကမပြောင် ။ စိတ်ပျက်လာပြီ .. အကျီင်္ကို ရေဇလုံထဲသို့ ခပ်ပြင်းပြင်းပစ်ချလိုက်သည် ။ ထိုစဉ် မြင်လိုက်ရသော မြင်ကွင်းကြောင့် အသက်ရှုသံတို့ပင် ပြောင်းပြန်ဖြစ်သွားသလား အောက်မေ့ရသည် ။

ယု .. ယု မှ ယု စစ်စစ် ။ သူနဲ့ အတူရှိနေတုန်းကလို အဖြူအပြာဝတ်စုံလေးနဲ့ရယ် ။ ယုခေါင်းမှာ သွေးတွေစိုလျက် ။ ယုမျက်နှာလေးက ဖျော့တော့နေသည် ။ ယု ပုံစံက အင်အားမရှိတော့သလို ။ သူ့ကို ကြည့်နေတဲ့ အကြည့်ကိုက အင်အားမဲ့နေသောအကြည့် .. ခွန်အားမရှိတဲ့ အကြည့် ။

သွေးပျက်သွားသော သူ့မျက်နှာကို စေ့စေ့စိုက်စိုက်ကြည့်နေတဲ့ ယုမျက်လုံးတွေက မျက်ရည်တို့ဝိုင်းနေသည် ။

ဘဝခြားသည့်တိုင် မောင့်ကို ယု ချစ်သည် ။ မောင်က ဘယ်လိုပဲပြောင်းလဲပါစေ ယုကပြောင်းလဲမှာ မဟုတ်။ မောင့်ရဲ့ သာယာမှုတွေက ယုအတွက် နာကျင်စေဦးတော့ ယုကျေနပ်သည် ။ ယုခံယူမည် .. ယု မောင့်ကိုချစ်တဲ့ အချစ်အတွက် နောင်တဆိုတာ မရှိ။

ယုနှုတ်ခမ်းလေးများ လေးလံနေသည် ။

" ယု .. ယု .. သွား . သွား .. မင်းသွားတော့ မင်းနဲ့ငါ ဘဝခြားသွားပြီ .  မင်းမလာရဘူး .. မင်းက သရဲပဲ .. သွား "

သွားတဲ့ လား ..။ ခုတော့ မောင်က ယုကို ခွေးတစ်ကောင်ကို နှင်ထုတ်သလို နှင်လေပြီ ။ ဘဝတွေဘယ်လောက်ခြားခြား ယုက ယုပါမောင် ။ ယုသည်ကျောက်တုံး တစ်တုံးလို ရပ်နေရာမှာ နှုတ်ခမ်းနှစ်လွှာကို အားယူဟကာ နာကျည်းစွာဖြင့် စကားတစ်ခွန်းကိုပြောလိုက်သည် ။

"မောင် ... မပြောင်ရင် ဖူဂျီ နဲ့လျော်လေ .. "

◇ ပြီးပါပြီ ◇

ခံစားတတ်သော နှလုံးသားဖြင့် ♡♡♡

လွန်မင်းအံ့


0 မှတ်ချက်:

Post a Comment

Sports

Lwon Min Aent . Powered by Blogger.

Followers