Technology

Home » » နွေလူမိုက် ♥ ♥ ♥ မောင်လှမျိုး (ချင်းချောင်းခြံ)

နွေလူမိုက် ♥ ♥ ♥ မောင်လှမျိုး (ချင်းချောင်းခြံ)

Written By Unknown on Friday, April 18, 2014 | 10:00:00 PM


သူ့မြဆံကေ၊ ကေသာရှည်မှာ
နွေ၏သိင်္ဂါ၊ ပိတောက်ဝါကို၊
တစ်ခါမျှပင်၊ ပန်ဆင်ခွင့်…ဝေး
သူ…မပေးလို့
အိပ်ရေးများစွာ ပျက်ဖူးတယ်။
ပိတောက်ဆယ်လီ
ပွင့်ပြီးပြီလေ…။
သူ့ကေသာလည်း
ကြွေဆံမြရွှန်း၊ မထုံမွှန်းတော့…၊
ရှည်လျားနက်မှောင်၊ မစွမ်းဆောင်တော့…။
ဒါပေမဲ့လေ
(သူကတော့)
ခေါင်းမော့ဆဲပ၊ မာန်မချဘဲ
ဟန်ပြ မာကျောနေသေးတယ်။
ပိတောက် ဆယ်ခါ၊ ပွင့်ပြီးပါလည်း…
သည်တစ်ခါ မုန်း၊ ငြင်းဆန်ဦးမယ်ဆိုပါတော့…၊
အပြုံးမပျော့
ဇွဲမလျော့ပါ၊
ပိတောက်ဝါတွေ၊ နွေ…နွေ…နွေတိုင်း
တလှိုင်းလှိုင်း ထ၊ ပွင့်နေသမျှ…၊
(ကျွန်တော်)…(ကျွန်တော်)…(ကျွန်တော်)…
ခဏခဏ မိုက်ဦးမယ်…။ ။
=========== ပိတောက်မုန်းသူ….သို့
=============== မှိုင်း နှင့် ရင်တွင်းဖွဲ့ကဗျာများ…မှ

0 မှတ်ချက်:

Post a Comment

Sports

Lwon Min Aent . Powered by Blogger.

Followers