Technology

Home » » နွေအောက်မြို့တော် ♥ ♥ ♥ မောင်လှမျိုး(ချင်းချောင်းခြံ)

နွေအောက်မြို့တော် ♥ ♥ ♥ မောင်လှမျိုး(ချင်းချောင်းခြံ)

Written By Unknown on Friday, April 18, 2014 | 10:02:00 PM


နွေမရှိပဲ
ပိတောက်မပွင့်ခဲ့သလို
အပူမြစ်ထဲ
လူဖြစ်ခဲ့ရသူပါကွယ်…။
ကမ်းကပ်တဲ့အခါ
ပိတောက်ဝါတွေ၊ ကြိုဆို…ယိမ်း။
ငုပန်းခိုင်တွေ ၀ါဝါနွယ်
တန်ခူးလေပြည်
ညှာတာကွယ်…။
နွေထဲမှာ…
မေလည်းမပါ
ရွှေအသည်း နာချင်ပေမဲ့
ပိတောက်တွေ၊ နွေကိုအန်တု
ငုဝါတွေ၊ လေကိုရင်ဆိုင်၊
ရနံ့ပြိုင် ပန်းပွင့်တွေ အကြား
အလိုလို အင်အားနဲ့
နွေထဲမှာ အထင်အရှား
(ကြွေရဲစွာ)
ဝင့်ကြွားလာတော့တယ်…။ ။

0 မှတ်ချက်:

Post a Comment

Sports

Lwon Min Aent . Powered by Blogger.

Followers