Technology

LIKE

Written By Unknown on Tuesday, September 29, 2015 | 10:42:00 PM

"  LIKE  "
Like! ဆိုတာကတော့ ဖေ့ဘုတ်သုံးတဲ့လူတိုင်း သိမှာပေါ့ ။ ဖေ့ဘုတ်သုံးတဲ့လူတိုင်း Like ပေးဖူးကြသလို .. ကိုယ်ကိုယ်တိုင်လည်း likeတွေရဖူးကြပါလိမ့်မယ်။ like ပေးဖို့ မခက်ပါဘူး။ ခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့ likeပေးပြီးသားဖြစ် ပေမယ့် မပေးချင်လို့ ဒီတိုင်းကျော်သွားဖို့ဆိုတာကလည်း အရေးမကြီးတဲ့ အလုပ်တစ်ခုပါ။ like ဆိုတာကို ထောက်ခံခြင်း  ၊ အားပေးခြင်းအနေနဲ့ ယူဆကြည့်ရအောင်။ ကိုယ်တင်လိုက်တဲ့ စာ ၊ ဒါမှမဟုတ် ကိုယ်တင်လိုက်တဲ့ post တစ်ခုက like တွေအများကြီးရမယ်ဆိုရင်တော့ အနည်းဆုံးပျော်မှာပဲ။ ပျော်သလို post တွေလည်း ထပ်တင်ချင်စိတ်တွေပေါက်လာပါလိမ့်မယ်။ အဲလိုမှမဟုတ်ဘဲနဲ့ တစ်ခါတင်လည်း like က တစ်ခုနှစ်ခု ..ဒါမှမဟုတ် တစ်ခုမှမရဘူးဆိုရင်တော့ ပျင်းရိလာမှာပါ။ post တင်ချင်စိတ်တွေလျော့ကျသွားမှာပါ .. ။ ကိုယ့်လုပ်ရပ်ကို လူတွေအသိအမှတ်မပြုတဲ့အခါ သိမ်ငယ်သွားတတ်တာ သဘာဝ မလို့ပါ ...။
(၁)တစ်ချို့တွေကျတော့ like တွေ cmt တွေမရဘဲနဲ့ စာတွေ ကဗျာတွေ ၊
ပို့စ်တွေကို တရှိုက်မတ်မတ်တင်ကြပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ တစ်နေ့နေ့တစ်ချိန်ချိန်မှာ လူတွေလက်ခံလာမယ် .. ထောက်ခံလာမယ် လို့ထင်လို့ပါ။ ကိုယ်လုပ်တဲ့ အလုပ်ပေါ်မှာယုံကြည်လို့ပါ။ ကိုယ့်ကိုယ်ကို ယုံကြည်လို့ ... အရှုံးတွေကို လက်ခံနိုင်လို့ပဲဖြစ်တယ် ..။ ထို့အတူ ..အပြင်လောကမှာလည်း လူတွေသည် .. ကိုယ့်အလုပ်ကို ယုံကြည်ရမယ် ..၊ ကိုယ့်ကိုယ်ကို ယုံကြည်ရမယ်။ ကိုယ်လုပ်တဲ့အလုပ်က ကောင်းတဲ့အလုပ်၊ အများကို မထိခိုက်တဲ့အလုပ် ..၊ ကိုယ့်ကိုယ်ကို မထိခိုက်အကျိုးပြုတဲ့အလုပ်၊ အများကို ကောင်းကျိုးပြုတဲ့ အလုပ်ဆိုရင်ယုံကြည်ကြည်နဲ့ဆက် လုပ်ရမယ်။ လူတွေလက်ခံသည်ဖြစ်စေ .. မထောက်ခံသည်ဖြစ်စေ လုပ်ရမယ်။ ဟင် .. ဘယ်သူတွေကအပြစ်ပြောလို့၊ ဘယ်သူတွေကတားလို့ ..၊ လူတွေကနားလည်မပေးနိုင်လို့ ဆိုတဲ့ များစွာသောအကြောင်းကြောင်းကြောင့်ရပ်တန့်မပစ်သင့်ပါဘူး။ " ဩော် .. အစမလို့ပါ၊ နောက်ဆိုပတ်ဝန်းကျင်ကငါ့အလုပ်ကို နားလည်လာမှာပါ" ဆိုတဲ့စိတ်နဲ့လုပ်ရမယ် ..။ ကိုယ့်ကိုယ်ကို အားပေးတဲ့စနစ်နဲ့ အရှုံး .. ဒါမှမဟုတ် အရှုံးကဲ့သို့သော အရာတွေကို တွန်းလှန်နိုင်ရမယ် ..။
(၂) တစ်ချို့တွေက 18+ လို့ခေါ်တဲ့ (sex) လိင်နဲ့ပတ်သတ်တာတွေရေးကြတယ်။ ညစ်ညမ်းတဲ့စာပေတွေ ဘာလို့ရေးနေနိုင်ကြတာလဲဆိုတော့ ဒါဟာ အားပေးမှုကြောင့်ဖြစ်တယ်။ အားပေးတဲ့လူတွေရှိလို့သာ အားတက်သရောရေးနေတာပါ။ အားပေးမယ့်လူမရှိရင် ဘယ်သူမှ ကြာကြာမရပ်တည်နိုင်ပါဘူး။ ဆိုတော့ အားပေးမှုဟာ တော်တော် အရေးပါလာပါတယ်။ နိုင်ငံခြားတွေမှာဆိုင်ရင်  18+ movie တွေကိုစီးပွားရေးတစ်ခုအနေနဲ့ လုပ်နေကြတယ် .. ဒါဟာဘာ့ကြောင့်လဲဆိုတော့ အားပေးမှုကြောင့်ပဲဖြစ်တယ် ..။ မကောင်းတဲ့ လူကိုအားပေးရင်မကောင်းမှုတွေ ပိုများလာမှာပေါ့။ မကောင်းမှုကိုကျတော့ အားပေးတယ်မဆိုဘူး မြှေပ်ထိုးပင့်ကော်လုပ်တယ်ပေါ့။ မကောင်းမှု တွေကိုမြှေက်ထိုးပင့်ကာ် လုပ်ရင် မကောင်းမှုတွေအမြစ်တွယ်လာမှာပေါ့။
ဥပမာပြရရင် တိုင်တားမင်းကြီး ဦးဖိုးပဲဖြစ်တယ်။ သူဟာ စုဖုရားလတ် ရဲ့မကောင်းမှုမှန်သမျှကို အားပေးတယ်။ အားမြှေက်တယ် ထောက်ခံတယ်။ ကင်းဝန်မင်း .. ရောအတွင်းဝန်တို့ကို ချိုးနှိမ်တဲ့နေရာမှာလည်း အားတက်သရော ထောက်ခံတယ်။ မိမိကောင်းရင်ပြီးရော .. အကြောက်တရားတစ်ခုတည်းနဲ့ မကောင်းမှုကို အားပေးတဲ့အတွက် နောက်ဆုံးနိုင်ငံကြီးတစ်ခုလုံးပျက်ဆီးရတယ်။ နောက်တစ်ချက် အိုစမာဘင်လာဒင် ..၊ သူဟာ သူ့နောက်မှာ သူနဲ့ အတူ လိုက်ပြီး မိုက်ရူးရဲဆန်မယ့် လူထောင်ပေါင်းများစွာရှိနေ တဲ့အတွက်ရဲတင်းနေတာဖြစ်တယ်။ သူ့ကို ထောက်ခံလိုလားတဲ့ အကြမ်းဖက်သမားတစ်စုကြောင့်သာ သူဟာဘဝင်လေဟပ်ပြီး ထင်ရာစိုင်း ခဲ့တာဖြစ်တယ်။
ဒါကြောင့်ကျွန်တော်တို့တွေက မကောင်းမှုဆိုရင်တားဆီးရမယ်။ မကောင်းတာလုပ်တဲ့လူကို ကန့်ကွက်ရမယ် ..ရှုပ်ချရမယ်။ မကောင်းတာလုပ်တာလုပ်တဲ့လူကိုထောက်ခံတာက တစ်နည်းအားဖြင့် မကောင်းမှုကို အားပေးတာပဲ။ ဒါကြောင့် မကောင်းတာလုပ်တဲ့ လုပ်တွေကို ကန့်ကွက်သလို ကောင်းတာတွေပြန့်ပွားဖို့ ကောင်းတဲ့ လူတွေကိုထောက်ခံရမှာပဲဖြစ်ပါတယ် ....။
          ခံစားတတ်သောနှလုံးသားဖြင့် ...
                          လွန်မင်းအံ့
e-mailဖြင့်တိုက်ရိုက်ဝေဖန်လိုပါကlwonminaent.FUN@gmail.com  သို့ပေးပို့နိုင်ပါသည်။
http://www.facebook.com/lwonminaent.FUN

0 မှတ်ချက်:

Post a Comment

Sports

Lwon Min Aent . Powered by Blogger.

Followers