" အိုဘယ့်သခင် "
အဖော်ရယ်တူမပါ
တစ်ကိုယ်တည်းလာသူမို့
အားကိုးရှာကံသာတွေ့မိတယ်
ကိုး၍သခင်။
တစ်ကိုယ်တည်းလာသူမို့
အားကိုးရှာကံသာတွေ့မိတယ်
ကိုး၍သခင်။
အတူပါနှလုံးသား
မနေသာချစ်အားတာကြောင့်
ရင်ခုန်သံထိန်းမရတယ်
စီရင်တော့သခင်။
မနေသာချစ်အားတာကြောင့်
ရင်ခုန်သံထိန်းမရတယ်
စီရင်တော့သခင်။
သြော်...အချိန်ရယ်ကြာကြာညောင်း
ရက်တွေတော့ပြောင်းပြီမို့
ချစ်အားတွေပို ချစ်ကြိုးတွေလွန်ကာမှ
ချစ်လွန်းကိုတင်းတင်းဖြတ်တယ်
ရက်စက်ပေါ့ သခင်ရယ် ...။
မူပိုင် ... လွန်မင်းအံ့
0 မှတ်ချက်:
Post a Comment