Technology

Home » » လက်ဆောင် ♥ ♥ ♥ လွန်မင်းအံ့

လက်ဆောင် ♥ ♥ ♥ လွန်မင်းအံ့

Written By Unknown on Friday, September 5, 2014 | 3:32:00 AM




သူတို့ကျောင်းသားတစ်စုထိုအတွက်နှင့်တော့ ဘယ်တော့မှနောင်တရလိမ့်မည်မဟုတ်ချေ။ 

“ဟိတ်ကောင်မင်းပြောနေတာနားမပါဘူးလား ... သွားစမ်း ...မှောက်စမ်း ”


ထောင်တာဝန်ခံ  ၊ ထောင်ထဲမှ လုံထိမ်းများ၏အသံသည် မိန်းဂျေးဟုခေါ်သော ထိုနေရာတွင်ကျယ်လောင်စွာပျံ့နှံ့သွားသည်။ ထိုကောင်လေးကို ကြည့်ရသည်မှာ ခေါင်းမာသည်ထင်သည်။ ပေကပ်ကပ် လုပ်နေရှာသည်။ တကယ်တော့ 

ထိုထောင်ဝန်ထမ်းတွေက သူ့ကို မှောက်လျားထိုးကာ မီးချောင်းသွား သွားခိုင်းနေခြင်းဖြစ်သည်။ သူကလည်းခေါင်းမာသည်။ 

“ဟိတ်ကောင် မင်းနာမပါဘူးလား ကွ .. ဟင် .. ခွေးမသား ”

ဟုဆိုကာ ခြေထောက်ဖြင့်သူ့ကိုကန်လိုက်သည်။ သူကမတုန်လှုပ်ပေ။ သူဘာတစ်ခွန်းမှလည်း ပြန်မပြောသလို သူသည် ထိုထောင်ဝန်ထမ်းပြောသလို ဘာမှလည်း လိုက်မလုပ်ပေ။ တကယ့်တကယ်တော့မီးချောင်းသွား သွားခိုင်းသည်ဆိုသည်မှာ ခက်ခဲသည်တော့ မဟုတ်။ သို့သော်လည်း သူ့စိတ်သည်ကိုက ထို စစ်အစိုးရ၏ အာဏာ အမိန့်တို့ကိုဖီဆန်လိုနေသည်။ အခန်းထဲတွင်လည်း သူ့လို နှစ်ဆယ်ကျော် ဆယ်ကျော်သက် ကောလိပ်ကျောင်းသားတွေချည်းပင်။ 

“ငါ ..မသား မင်းကမလုပ်ဘူးပေါ့ ... မင်းကိုမင်းဘာထင်နေလဲ ဟင် ခွေးမသား ”

ဟုဆိုကာ တုတ်များဖြင့် နောက်ကျောတင်ပါးများကိုရိုက်သည်။ နိုင်သော် မှောက်လျားလဲကျသွားသည်ကြောင့် သူတို့ပိုလို့ရိုက်ကောင်းသွားသည်။  ထိုလူများကလည်း မစာမနာ သူ့ကိုရိုက်တော့သည်။ သူ့မျက်နှာကိုခြေထောက်နှင့်ကန်သည်။ အခြား ထောင်ဝါဒ နှစ်ယောက်ကပါ သူ့ကိုဝိုင်းရိုက်သည်။ ထောင်ဝါဒ သုံးယောက်၏ရိုက်နှက်သည့်ဒဏ်တွေကိုသူအလူးအလဲခံနေရသည်။

သူသည် နဂိုကတည်းက အသားဖြူပြီးသားပေမို့ သူ့ကိုယ်တွင် အနီပိန့်ထက်ပိုကာ အဖုကြီးများထလာသ်ည။ သပြေသီးမှည့်ကြီးသီးနေသလားပင်ထင်ရသည်။ အခန်းထဲတွင်လည်းသူကဲ့သို့ ကျောင်းသားမျိုးဆယ်ယောက်လောက်ရှိမည် ။ အားလုံး သည် ကြောက်နေကြသော်လည်း ကြောက်ပုံတော့မပြ။ 

ဒါသည်ပင်လျှင် သူတို့ကိုနှိမ်ထားခြင်းဖြစ်သည်။ သူတို့ကဲ့သို့သော ကျောင်းသားများကို ထောင်ထဲသို့ပို့သည်ဆိုကတည်းက တိုင်းပြည်ကိုဖျက်ဆီးလိုက်ခြင်းတစ်မျိုးပင်ဖြစ်သည်။ သူတို့ခံသာပါသည်။ အဘယ့်ကြောင့်ဆိုသော် အုပ်ချုပ်သူကိုယ်တိုင်ကစာမတတ်ပေမတတ်ဖြစ်နေသည်ကြောင့်ပေ။ ထိုထက်သူတို့မခံသာသည်မှာ ကိုကိုးကွယ်နေသော ဘုန်းကြီးများကို ရက်ရက်စက်စက် နှိမ်နင်းခြင်းပင်ဖြစ်သည်။ ကိုကိုးကွယ်သည့်ဘာသာကို ကိုယ်ကမှ တန်ဖိုးမထားလျှင်မည်သူကမျှတန်ဖိုးထားလိမ့်မည်မဟုတ်ချေ။  ဒါကိုသူတို့တော်တော်ခံပြင်းသည်။

“အကုန်လုံးပုံစံလုပ်စမ်း ”

ထောင်ဝါဒတစ်ယောက်က ခပ်ကျယ်ကျယ်အော်လိုက်သည်။ သူတို့အားလုံးပုံစံဆိုတာကိုသိသော်လည်း သူတို့ကို ဦးညွတ်သလိုဖြစ်နေတာကြောင့် တစ်ယောက်မှပုံစံမလုပ်ကြချေ။ သူတို့ထဲကမှ နောက်ထပ်တစ်ယောက်ကို ဆွဲခေါ်ကာအားလုံးနမူနာယူကြရအောင် အသေအလဲရိုက်ပြသည်။ ထိုကောင်လေးခမျာ သွေးတွေကြားထဲတွင် အလူးအလဲခံနေကြရသည်။ 

“မင်းတို့ကောင်တွေ ... လုပ်နိုင်တုန်းတော့လုပ်ထားပေါ့ကွာ .... ခွေးတပ်မတော် ... ဗိုလ်ချုပ်အစားရင်နာတယ်ကွာ ”

ဟုအရိုက်ခံနေရင်းမှ အော်ပြောနေသည်။ ထောင်ဝါဒတွေကလည်းသူ့စကားကြောင့်ပိုကာ စိတ်ဆိုးပြီး သူ့ကို ခြေထောက်တွေနှင့်ကန်ကာ ထပ်ရိုက်တော့သည်။ သူကလည်း လုံးဝမာန်မချ။ သို့သော် ထောင်ဝါဒတွေရဲ့ ခြေလှမ်းတွေ အရာထင်ခဲ့သည်။ ထိုထဲကတစ်ယောက်က သူတို့လိုချင်သော ပုံစံကိုထိုင်ပြသည်။ 

“ဟေ့ရောင် မင်းဘာလုပ်တာလဲ ”

တစ်ခြားကျောင်းသားတစ်ယောက်ကလှမ်းအော်သည်။ သူကလည်းပြန်ပြောသည်။

“မင်းတို့အသားနာမခံကြပါနဲ့ကွာ ”

“ဟေ့ကောင် မင်းကြောက်တာလား ၊ မင်းအခြောက်လား ”

ဟုဆိုကာ ထိုကျောင်းသားက သူလာထိုးသည်။ ထိုနေရာတွင်ပင်အုတ်အော်သောင်နင်းဖြစ်သွားသည်။ ထောင်ဝါဒများသည် ထိုနှစ်ယောက်လုံးကို တုတ်များဖြင့်ရိုက်ကာ ခြေထောက်များနှင့်နင်းသည်။ ထိုနှစ်ယောက်သည် ထောင်ဝါဒများ၏ ခြေထောက်အောက်တွင် နာကျင်မှုကို၀၀လင်လင်ခံစားကြရသည်။ 

“ဘာဒီမိုကရေစီ ဟုတ်လား ... ဒီမိုကရေစီတော့မရဘူး .. ဒါပဲ၇မယ် ”

ဟုဆိုကာပိုကန်ကြသည်။ ထိုစကားသည် အသည်းနင့်စေခဲ့သည်။ သူတို့နိုင်ငံအတွက် ဒို့အရေးလုပ်မိသောလက်ဆောင်သည်ကား ထိုအရာသည်လား။ ဟုတ်လိမ့်မည်မဟုတ်ပါ ။ တစ်နေ့နေ့တော့........

                                                                              ခံစားတတ်သောနှလုံးသားဖြင့် ..... 

                                                                                        လွန်မင်းအံ့

0 မှတ်ချက်:

Post a Comment

Sports

Lwon Min Aent . Powered by Blogger.

Followers