Technology

Home » , » ပစ်မျိုးသုံးပါးကင်းစေချင် ♥ ♥ ♥ လုလင်မင်းဥသြ

ပစ်မျိုးသုံးပါးကင်းစေချင် ♥ ♥ ♥ လုလင်မင်းဥသြ

Written By Unknown on Sunday, April 20, 2014 | 3:02:00 AM


ဆောင်းပါးကရေးစမရှိတော့သိပ်မေ၇းတတ်တာကိုတော့ဝန်ခံပါတယ်။ ဒါလေးကလည်းရေးချင်စိတ်ကစိတ်ထဲပြင်းပြလာတာနဲ့ပဲရေးလိုက်ရတာပါ။ ရိုင်းတယ်လို့ပြောရင်လည်းခံရတော့မှာပေါ့လေ။ မရေးလို့ကလည်းမဖြစ်တော့ဘူး။ ဒီတော့ရေးသင့်တယ်ထင်လို့ရေးလိုက်ပါပြီ။
မင်္ဂလာဆောင်တာလေးနဲ့ဆက်မိလို့ပါ။  သူ့သမီးရတဲ့ယောက်ျားက သူ့သမီးနဲ့အသက်ကလည်းနည်းနည်းပါးပါးကွာ။ ပြီးတော့ရုပ်ကလည်းနည်းနည်းရင့်ဆိုတော့ ဘေးကပတ်ဝန်း
ကျင်ရဲ့သဘာဝအတိုင်း ဝေဖန်ကြတာပေါ့။ ဒိတော့သူ့အမေကပြောရှာပါတယ်။ သူ့သမီးကိုတဲ့ ကုလားနဲ့လည်းမရ ၊ ဘုန်းကြီးနဲ့လည်းမရ၊
သူများလင်မယူရင်ဘဲတော်ပါပြီလို့ပြောရှာတယ်။ သေချာစဉ်းစားကြည့်တော့လည်းဟုတ်တာပဲ။ သေချုာစဉ်းစားကြည့်လိုက်တော့ သူပြောတာလေးကမှန်နေတာနဲ့ပဲေ၇းဖြစ်သွားတော့တယ်ပေါ့ဗျာ။
     ကျန်တဲ့နှစ်မျိုးကိုတော့အထူးမပြောလိုပါဘူး။ ကုလားမဟုတ်၊ ဘုန်းကြီးမဖြစ်၊သူ့လင်မယူ ဆိုတဲ့ဆောင်ပုဒ်နဲ့ကိုက်ညီနေရင် မိမိကိုယ်ကိုယ်မိမိ မြင့်မြတ်တယ်လို့မြန်မာမိန်းကလေးတွေမှတ်လိုက်ကြပါ။ ကျန်တဲ့နှစ်မျိုးကိုတော့
ကိုယ့်အသိနဲ့ကိုယ်ပဲေ၇ှာင်ကြပါ။ ဒီနေရာမှာ ဘုန်းကြီးနဲ့ပတ်သတ်လို့ပဲပြောတော့မယ်။
ဘုန်းကြီးဆိုပြီးမိမိကိုယ်ကိုယ်မိမိ မြင့်မြတ်တယ်လို့ အမည်ခံပြီးတော့မှ မိန်းကလေးတွေနဲ့ရောရော မလုပ်သင့်ပါဘူး။ ကိုယ်ကိုယ်တိုင်ကတရားမှာမွေ့လျော်လို့ဘုန်းတော်ကြီးတောင်ဝတ်ပြီးပြီပဲ။ ဒါကိုဘာလို့ ကာမတွေကို ပြုချင်ကြတာလဲ။ 
ဒါကိုမှမနေနိုင်ရင်တော့အဓိက ကလူထွက်ဖို့ပါပဲ။ တရားဘောင်မှာမမွေ့လျော်ရင် အကောင်းဆုံးကတော့လူထွက်လိုက်တာပဲ။ လူထွက်လိုက်တာနဲ့ လူတွေရဲ့ရိုသေမှုဟာလည်း လျော့ပါးလာနိုင်ပါတယ်။ ပြီးတော့ နေ့စဉ်ဓူဝစားဝတ်နေေ၇းအတွက် လည်း ရုန်းပန်းရပါဦးမယ်။ဒါပေမယ့် ဘုန်းကြီးဝတ်လျက်နဲ့မိန်းမ (ကျောင်းပြိုမ) တွေနဲ့ပျော်ပါးနေတာဟာ လူဘောင်းချောင် အဖြစ်နဲ့ထက်ပိုပြီးတော့ငရဲကြီးစေတတ်တာမို့ငရဲတော့လျော့သွားတာပေါ့။  နေ့စဉ်ဓူဝ
စားဝတ်နေရေးတွေကိုမှ မလုပ်ကိုင်နိုင်ရင် တော့ ဒါဟာကိုယ်နဲ့တန်ရာမှာပဲမြင့်မြတ်သလိုနေတာပဲကောင်းပါတယ်။ 
ဘုန်းကြီးတွေနဲ့ပျော်ပါးတဲ့မိန်းမ ၊ အဲလိုမိန်းမတွေကိုတော့ ကျောင်းပြိုမလို့ခေါ်ပါတယ်။ သူတို့လုပ်လို့ သာသနာအသိုက်အအုံပျက်ပြီး တ၇ားနဲ့မွေ့လျော်သူတွေလူထွက် ၊ သူတို့ရဲ့မြှူဆွယ်မှုတွေအောက်မှာနစ်မြောနေကြတော့တရားလုပ်ဖို့မေ့၊ တရားမှာမမွေ့လျော်တော့ပဲ နောက်ဆုံးတော့ကာမမင်းအောက်မှာ ဒူးထောက်အရှုံးပေးလိုက်ရပါတော့တယ်။
ဒါကြောင့် နောက်ဆုံးတော့တစ်ပါးပြီးတစ်ပါးတစ်ပါးပြီးတစ်ပါးနဲ့ ကျောင်းကြီးလည်းဘုန်းကြီးတစ်ယောက်မှမရှိ။ 
ခြောက်ကပ်ကပ်နဲ့ ကျောင်းပြိုတဲ့အဆင့်။ သာသနာ့တာဝန်ကိုထမ်းဆောင်မယ့်လူမရှိတော့မယ့်အဆင့်ကိုေ၇ာက်တော့တာပဲ။ အခုခေတ်မှာကျောင်းပြိုမတွေကလည်းပေါ။ ရဟန်းတွေအနေနဲ့လည်း ကိုယ့်ကိုယ်ကိုမထိန်းနိုင်တော့ခက်ပြီ။ နောက်ဆုံးတော့ မြန်မာနိုင်ငံရဲ့သာသနာဟာလည်း တဖြေးဖြေးနဲ့....
                                                                                    လုလင်မင်းဥသြ

0 မှတ်ချက်:

Post a Comment

Sports

Lwon Min Aent . Powered by Blogger.

Followers