Only you
💟💟💟💟💟
နွေရောက်လို့
ရွက်ဝါတွေကြွေရင်
မျက်ရည်တွေ ဝေပြီပေါ့ .. ။
လေတိုးသံသဲ့သဲ့
ချစ်သူ့ခြေသံများ
ပဲ့တင်ထပ်နေသလားမှားရတယ် .. ။
ခေါင်းလောင်းသံကြားပြန်တော့
ရင်တွေက ဒုန်းစိုင်းတီးလို့
နှလုံးသားစစ်ကို
ကြေငြာနေကြရဲ့ ..။
စမ်းရေတွေ တသွင်သွင်
ပိတောက်တွေပွင့်ပြန်လျှင်လည်း
မင်းပြောတဲ့ စကား
နားထဲမှာကြားနေတယ် .. ။
စက္ကန့်တွေရွေ့နေတယ်
နာရီတွေ ထိုးစစ်ဆင်နေပေမယ့်
ဒဏ်ရာတွေက ခံတပ်အဖြစ်နဲ့
ရင်ထဲမှာ
ဒဏ်ရာမကျက်သေးဘူး ချစ်သူ ... ။
မူပိုင် ... လွန်မင်းအံ့
0 မှတ်ချက်:
Post a Comment