Technology

Home » » ကြယ်တွေစုံတွေည

ကြယ်တွေစုံတွေည

Written By Unknown on Friday, February 5, 2016 | 12:56:00 AM

ကြယ်တွေစုံတဲ့ည

🌜❄❄❄🌛

ကောင်းကင်ပေါ်ကလမင်း
ကောင်းကင်ပေါ်ကကြယ်
အနေတွေနီးပေမယ့်
ထပ်တူမှမကျတာပဲ.. ။

ဝေဟင်မှာတင်ကာနေပေမယ့်
ဘဝတွေထပ်တူမကျတော့
ဆုံဆည်းဖို့မဖြစ်နိုင်ဘူး ထင်ပါရဲ့
မျှော်သာမျှော်
စောင့်သာစောင့်..
တစ်နေ့နေ့တစ်ချိန်ချိန်
ဩော် .. တစ်နေ့နေ့တစ်ချိန်ချိန် တဲ့လား .. ။

ကြယ်တွေကို မြင်တဲ့လ
လဘေးက ကြယ်လေးတစ်လုံး
နီးရက်နဲ့ဝေး
အို .. မဆုံနိုင်သမျှတော့
ဆွေးပြီပေါ့ကွာ ... ။

မူပိုင် ... လွန်မင်းအံ့


0 မှတ်ချက်:

Post a Comment

Sports

Lwon Min Aent . Powered by Blogger.

Followers