Technology

Home » » မကျေနပ်ဘူး

မကျေနပ်ဘူး

Written By Unknown on Friday, February 5, 2016 | 12:55:00 AM

မကျေနပ်ဘူး

---------------

မကျေနပ်ပါဘူး
နေတတ်တော့ နေနိုင်ခဲ့တယ် ..
မနေတတ်ပါဘူး
မရှိတော့ ဟာနေခဲ့တယ် .. ။

မကြိုက်ခဲ့ဘူး
ရင့်သီးတဲ့စကားလုံးတွေ
အပြုံးတုတွေနဲ့ဖန်တီး
မာယာတွေ တသီကြီးနဲ့
နားဝင်ချိုချို စကားတွေကြားရတော့
ရင့်ရင့်သီးသီး ပွင့်ပွင့်လင်းလင်း
ဩော် .. ကြားမိချင်သေးတယ် .. ။

မကျေနပ်ပါဘူး
စည်းမရှိ ဘောင်ကျော်
ဟုန်းကျော်အောင် ဆော့ခဲ့ကြတယ် ..
ခါးသီးတဲ့ စကားတွေနောက်မှာ
နွေးထွေးတဲ့လက်တွေရှိတယ်
တွဲမခေါ်ရင်တောင်
မထားခဲ့ကြတဲ့လက်တွေ . .. ။

မကျေနပ်ပါဘူး
မနေတတ်ပေမယ့် ခွဲရပြီ
မုန်းတယ် .. မုန်းတယ် ..
မတုန်လှုပ်တဲ့နွေ ..
ရက်စက်တဲ့နွေ
ဩော် .. နွေရောက်ရင်ခွဲရပြီပေါ့ကွယ် .. ။

မူပိုင် ... လွန်မင်းအံ့


0 မှတ်ချက်:

Post a Comment

Sports

Lwon Min Aent . Powered by Blogger.

Followers