ပန်းတွေဝေနေတယ် ...
-------------
ပန်းမကြိုက်ပေမယ့်
ပန်းစိုက်တဲ့သူပါ ..
အစိုင်အခဲ ပန်းတွေမဟုတ်ပေမယ့်
မယိုင်မလဲ ပန်းတွေပါ ..။
နားပါစေလိပ်ပြာ ..
သုံးဆောင်စေ ပျားတို့ ..
ချူလိုသူချူ .. ခြွေလိုသူခြွေ ..
မကြွေမယ့်ပန်းတွေပါ .. ။
ခရေတွေ ဘယ်လိုမွှေးမွှေး
သည်ပန်းလောက် မွှေးမယ်မထင် ..
နှင်းဆီတွေ ဘယ်လိုလှလှ
သည်ပန်းလောက်လှပါ့မလား ..
သဇင်တွေ ဝင့်တယ်ဆိုတာလောက်တော့
တုပလို့ ရမယ်မထင်ဘူးလေ .. ။
ထာဝရလန်း ..
ဘာပန်းလဲဆို့တော့
ရင်မှာပျိုး
ပရဟိတအိုးမှာ ..
အမြဲတစေ ..
မေတ္တာပန်းတွေပါလေ ... ။
မူပိုင် ... လွန်မင်း
0 မှတ်ချက်:
Post a Comment