" ဖြစ်နိုင်ရင် .. "
----------
ဖြစ်နိုင်ရင်ပေါ့
အဲဒိနေ့ကို ငါပြန်ရောက်လိုက်ချင်တယ်
ဘယ်လောက်ပဲမှားမှား
မိုးလောက်ကြီးတဲ့ နင့်အမှားတွေကို
ခွင့်လွှတ်ပြီး
ထွက်မသွားဖို့ ဆွဲထားလိုက်ချင်တယ် ... ။
ဖြစ်နိုင်ရင်လေ
ငါ့ရဲ့ မာနတွေကိုခဝါချလိုက်ချင်တယ်
နှလုံးသားခပ်ပါးပါးကို
မာနတွေတိုက်စားနေတာ
မခံစားနိုင်တော့ဘူးကွာ ...
ဖြစ်နိုင်ရင်
နင့်ရှေ့မှာ တောင်းပန်းလိုက်ချင်တယ်
နင့်ရင်ထဲကို
နောက်တစ်ခါ တိုးဝင်မိချင်တယ် ...။
မူပိုင် ... လွန်မင်းအံ့
0 မှတ်ချက်:
Post a Comment