Technology

Home » » တိတ်တခိုး

တိတ်တခိုး

Written By Unknown on Friday, February 5, 2016 | 12:53:00 AM

ချစ်ရမှာကိုကြောက်နေမိတယ်
ရင်ခုန်သံတွေကိုမသိလိုက်မှာစိုးတယ်
အချိန်တော်ကြာအိပ်စက်နေတဲ့ နှလုံးသားကြောင့်
ချစ်မှ ချစ်တတ်ရဲ့လားလို့
အကြိမ်ကြိမ်သံသယ ဝင်ခဲ့ဖူးတယ်
ဒါပေမယ့် ...
အပြုံးတစ်ခုက ရင်ခွင်ကို ဖွင့်သွားခဲ့တယ်
နှလုံးသားကို ဘယ်လိုရှော့ခ် တိုက်လိုက်တယ်မသိ
တစ်ခါတည်း ကျင်တက်ပြီး
အတားအဆီးမရှိ ရင်တွေခုန်တော့တာပဲ
ကြည်နူးမှုတွေနဲ့တူ မျက်ရည်တွေပါ
ဒရောသောပါးကျလာလေရဲ့
ကျွန်တော် အချစ်ကို သိခွင့်ရှိချိန်မှာ
ချစ်ခွင့်မရှိတော့တာကိုပါ နားလည်ခဲ့ရတယ်
ဒါ့ကြောင့် .. တစ်ခါတစ်လေများမှာ
အချစ်ကိုတောင်မုန်းလိုက်ချင်ပါတယ် ... ။  ။

မူပိုင် ... လွန်မင်းအံ့


0 မှတ်ချက်:

Post a Comment

Sports

Lwon Min Aent . Powered by Blogger.

Followers