နေတတ်ရင်ကျေနပ်စရာကြီး
----------------
နေတတ်ရင်ကြေနပ်စရာကြီး ဆိုတဲ့စကားလုံးကို ကြားဖူးကြပါ လိမ့်မယ် .. ။ လောကကြီးက နေတတ်ရင် ကျေနပ်စရာကြီးပဲ .. ။ ကားစီးပြီး ခရီးသွားတာတောင်မှ ဘေးကရှုခင်းတွေ တောတောင်တွေ လေ့လာပြီး အလှအပ .. အဓိပ္ပါယ်တစ်ခုခု ကို မြင်တတ်ရင်ကျေနပ်စရာကြီးပါ .. ။ ဒီလိုမှမဟုတ်ဘဲ " ဟင်း ..ဒီခရီး နှယ် ရောက်ကို မရောက်နိုင်ဘူး .." ဘာဘူး .. ညာဘူး စသည်ဖြင့် မနေတတ်ရင်တော့ ကျေနပ်စရာကောင်းမှာ မဟုတ်ပါဘူး ။ ကျေနပ်စရာမကောင်းရင် လောက ကြီးက အထီးကျန်တယ်လို့ခံစားရပါမယ် . ။ လူတွေဟာ သိပ်ပြီးအတ္တကြီး ကြတယ် . ။ လောကကြီးကို အပြစ်တင်ကြတယ် .. ။ ဒါဆိုရင် ကိုယ်ပဲပင်ပန်းရမှာပါ .. ။ ကိုယ့်ကိုယ်ကို ညှင်းဆဲသလိုဖြစ်နေပါလိမ့်မယ် . ။
(၁) ဆုပေးဒဏ်အေးစနစ်
တကယ်တော့ လောကကြီးဟာ မျှတပြီးသားပါ .. ။ လူသားတွေအားလုံးကို အသက်ရှင်ခွင့်ပေးလိုက်ကတည်းက တာဝန်တွေနဲ့ပါ .. ။ တာဝန်တွေရဲ့နောက်မှာ ဆုပေးဒဏ်ပေး စနစ်ကိုကျင့်သုံးထားပါတယ် . ။ ဆိုတော့ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မှာပဲ .. မကောင်းတာလုပ်ရင်မကောင်းတာ ဖြစ်မှာပဲ.. ။ ဥပမာ ဆိုကြပါစို့ .. ကျောင်းသားတစ်ယောက်က စာကြိုးစားမယ် .. ဒါဆို သူအောင်မြင်မယ် .. ဆရာဝန်ဖြစ်ချင်ဖြစ်မယ် .. အသိပညာရှင် .. အတတ်ပညာရှင်ဖြစ် မယ် . ဒါဆိုရင် သူ့ဘဝဟာ စိုပြေတာပါ .. သူဟာ ကြိုးစားခဲ့တဲ့အတွက် တစ်နည်းအားဖြင့် တာဝန်ကျေခဲ့တဲ့ အတွက် လောကကြီးကဆုပေးတာပါ ..။ အဲလိုမှမဟုတ်ဘဲ ဆေးစွဲ .. အရက်သမားဆိုရင်တော့ ဖြစ်လာတဲ့ ရလဒ်တွေဟာ ဆိုးရွားမှုတွေ ပဲဖြစ်မှာပါ .. ။ ဒါဟာ တာဝန်မကျေခဲ့တဲ့အတွက် လောကကြီးက ဒဏ်ခတ်တာပါ . ။
(၂)တန်ဖိုးရှိသော သုံညများ
သုညဟာ ဘယ်နေရာမှာတန်ဖိုးရှိတာလဲ .. ကိန်းဂဏန်းတွေရဲ့ နောက်မှာရှိတဲ့အခါလား .. ဒါဟာ မှီခိုမှုဆန်လွန်းပါတယ် . ။ သုညဟာ တစ်လုံးတည်းလည်းတန်ဖိုးရှိပါတယ် .. ဥပမာ သုည ဒီဂရီစင်တီဂရိတ် .. အပူချိန် သုညမလို့ အပူချိန်မရှိတာလား .. မဟုတ်ပါဘူး .. သုညဒီဂရီဆိုတာ ယူနစ်တစ်ခုပါပဲ .. ။ ဒါကြောင့် သင်ဟာ လောကကြီးမှာ သုညဖြစ်နေမယ်ဆိုရင်တောင် သင့်မှာ တန်ဖိုးတစ်ခု .. ဒါမှမဟုတ် နေရာတစ်ခုတော့ ရှိနေမှာပါ .. ။
(၃)လက်ခံသင့်တဲ့ လက်မခံနိုင်မှုတွေ
ငါ ဆိုတဲ့အတ္တ ပေါ့ .. ။ ငါအမှန် .. ငါအဟုတ် စသည်ဖြင့် ငါစွဲတွေစွဲ နေကြသူတွေမှာ အဆိုးရွားဆုံးပါ .. ။ တစ်ချို့ ပြဿနာတွေမှာ ဖြေရှင်းဖို့ နည်းလမ်းများစွာရှိပါတယ် .. ။ ဥပမာ ကျောင်းနောက်ကျတဲ့ကျောင်းသား တစ်ယောက်က ကျောင်းတံခါး လှပ်ပေးမှကျောင်းထဲဝင်ခွင့်ရမှာ လား .. နံရံကျော်ခြင်း အစပြုတဲ့ ပြင်ပနည်းလမ်းတွေအများကြီးရှိပါတယ် .. ။ ဒီလိုပါပဲ .. " o " ဟာ သုညလို့ပြောလည်းရတယ် .. ဇီးရိုး ပြောလည်းမှန်တယ် .. ဝလုံးပြောလည်းမမှားပါဘူး .. ။ ဒါကို မှမဟုတ်ဘဲနဲ့ ငါထင်တာသာ အမှန် .. ငါပြောတာသာအဟုတ် ထင်နေရင်လောကကြီးက ကျေနပ်စရာကောင်းမှာ မဟုတ်ပါဘူး .. ။ အမြဲတမ်း အဆင်မပြေမှု စိတ်သောကတွေနဲ့ပဲ ကြုံနေရမှာ မလွဲဧကန်ပါ .. ။
ဒါ့ကြောင့် လောကကြီးမှာ ပျော်ချင်ရင် .. ကျေနပ်ချင်ရင် နေတတ်ဖို့က အရေးကြီးပါတယ် .. နေတတ်တယ်ဆိုတာကလည်း မြင်တတ် .. တွေးတတ် ခေါ်တတ် တာတွေကို ဆိုလိုတာပါ .. ။
ခံစားတတ်သောနှလုံးသားဖြင့် ...
လွန်မင်းအံ့
0 မှတ်ချက်:
Post a Comment