Technology

Home » » Page & Like

Page & Like

Written By Unknown on Thursday, February 4, 2016 | 4:15:00 AM

Page & Like

--------------------

Facebook သုံးတဲ့လူတိုင်း လိုချင်တဲ့အရာဟာ like ပါပဲ .. ။ တစ်ခါတစ်လေမှာ blogger တွေအတွက် comment ဟာ like ထက်ပိုပြင်းတဲ့ အားဆေးတစ်ခွက်ဖြစ်စေပါတယ် .. ။ အထူးသဖြင့် ကျွန်တော်တို့လို page သုံးတဲ့လူတွေအတွက် like လိုပါတယ် .. ။ ကိုယ့် page ကိုလူများများ like ထားမှ လူသိများလာမှာပါ .. ဒါတောင် တင်တဲ့ post တိုင်းဟာ စာဖတ်သူတွေဆီမရောက်ပါဘူး .. ။ ဒါကြောင့် စာဖတ်သူတွေအနေနဲ့ following နေရာမှာ see first လုပ်ထားမှတင်သမျှပို့စ်တွေကို လက်မလွှတ်ရမှာပါ .. ။

ကျွန်တော့် pageလေးစည်ကားအောင် အရင်က ကျွန်တော် တစ်နေ့ကို post တစ်ခု .. နှစ်ခု .. တတ်အားသလောက်တင်ပါတယ် .. ။ ပြီးတော့ ကြေငြာပါတယ် .. ။ ကိုယ့် page မှာတက်လာတဲ့ like အရေအတွက်ကို ကြည့်ပြီး ဖြစ်ရတဲ့ပီတိကတော့ ကိုယ်သာလျှင် အသိဆုံးပါပဲ .. ။ အဲဒိတုန်းက like တွေတက်ခဲ့ပါတယ် .. တစ်ခါတစ်လေ ရာနဲ့ချီပြီးတက်လာရင် ကျွန်တော်အရမ်းပျော်ခဲ့တယ် .. ။ ဒါပေမယ့် ကြားထဲမှာ ကျွန်တော် ခရီးထွက်ပြီး တစ်လနီးပါးလောက် ဘာပို့စ်မှမတင်ဖြစ်ဘဲ နေခဲ့ပါတယ် .. ။ မအားလပ်တော့ page ကိုလည်း ဂရုမစိုက် နျုင်ခဲ့ဘူး ပေါ့ဗျာ .. ။ အဲတော့ ထူးဆန်းစွာနဲ့ ကျွန်တော့် page ဟာလည်း ၃၀၀၀ ကျော်မှာ တစ်နေခဲ့ပါတယ် ... ။ like တက်မလာတော့ပါဘူး .. တက်မလာတာအကြောင်းမဟုတ်ပေမယ့် တစ်ယောက်စ .. နှစ်ယောက်စ like တွေတောင်ပြန်ကျသွားသေးတယ်ဗျာ .. ။

ဆိုတော့ .. လောကမှာလည်း ကိုယ်လုပ်တဲ့ အလုပ်ကို အမြဲလုပ်ဆောင်နေရမယ် .. ကျောင်းသားဆိုရင်လည်း စာကို အမြဲကို ကျက်နေရမှာ ဒါဟာ လုပ်ကိုလုပ်ရမယ့် တာဝန်တွေပါပဲ .. ။ စီးပွားရေးသမားဆိုရင်လည်း မိမိ ဝင်ငွေတိုးတက်အောင် .. မိမိ လုပ်ငန်းတိုးတက်အောင် လုပ်နေရမှာပါ .. ကိုယ်ဟာ တာဝန်သိရင် နေရာရှိပါတယ် .. ကျွန်တော်သာ ဘာပို့စ်မှမတင်ဘဲ like တက်ဖို့ဘဲလုပ်နေရင် ငွေကုန်ရုံပဲ အဖက်တင်ပါမယ် .. ရလာတဲ့ like ကလည်း အကျိုးမရှိပါဘူး .. ။ အဲတော့ ကိုယ်ဟာလည်း တာဝန်ကိုမရှာဘဲ နေရာကို ရှာနေလို့မရပါဘူး .. ကျောင်းသားတစ်ယောက်ဟာ စာမကျက်ဘဲ အဆင့်တစ်ရဖို့ တစ်ခြားနည်းလမ်းနဲ့ ကြိုးစားသလိုဖြစ်မှာပါ .. ။ တာဝန်မသိဘဲ ရတဲ့နေရာဟာ အလကားပါ .. ဒါ့ကြောင့် နေရာလိုချင်ရင် တာဝန်ကိုပဲရှာတာအကောင်းဆုံးပါ .. တာဝန်သိရင်နေရာရှိပါတယ် .. ။

ခံစားတတ်သောနှလုံးသားဖြင့် ...

လွန်မင်းအံ့


0 မှတ်ချက်:

Post a Comment

Sports

Lwon Min Aent . Powered by Blogger.

Followers