Technology

Home » » စက္ကန့်လေးတွေစီထားမယ်

စက္ကန့်လေးတွေစီထားမယ်

Written By Unknown on Friday, February 5, 2016 | 12:58:00 AM

စက္ကန့်လေးတွေစီထားမယ် ...

✔✔✔✅✔✔✔

ရွက်ဝါတွေကြွေ ..
ဥဩတွေ တေးဆိုကြကုန်ပြီ .. ။

စက္ကန့်တွေကတော့
လှောင်သလို မကြည်ပြုံးနဲ့
ငါ့ကို ဟားတိုက်နေကြလေရဲ့ .. ။

ဒီညသာဆိုရင် ..
အိပ်မပျော်တာ ဘယ်နှညပါလိမ့်
အိပ်ဆေးတွေကို အံတုရင်း
မင်းအလာကိုစောင့်နေတယ် .. ။

တစ်နေ့တစ်ည
တစ်ရက်တစ်နာရီ
အို .. မင်းလာမယ့်ချိန်ထိ
စောင့်နေရင်း
စက္ကန့်လေးတွေစီထားတယ် ... ။

မူပိုင် ... လွန်မင်းအံ့


0 မှတ်ချက်:

Post a Comment

Sports

Lwon Min Aent . Powered by Blogger.

Followers