Not only one view
------------------
အရာရာမှာ အမြင်ဟာ အရေးကြီးပါတယ် .. ။ လူတိုင်းမှာ မျက်လုံးတွေပါကြတာခြင်းတူပေမယ့် မြင်တဲ့အမြင်ခြင်း ၊ မြင်ပုံမြင်နည်းခြင်းမတူညီကြပါဘူး .. ။ အမြင်ခြင်းမတူတာနဲ့ပဲ ငါသာလျှင် အမှန် .. သူသာလျှင်အမှားဆိုတာမျိုးတွေလည်း မဖြစ်သင့်ပါ ဘူး။ ဥပမာ ပြရရင် "ကကြီး " ဆိုတဲ့ဗျဉ်းဟာ တစ်ဖက်ကကြည့်ရင် ယ " ယပခက် " လည်းဖြစ်နိုင်ပါသေးတယ် .. ရုတ်တရက်ကြည့်ရင် 3 နဲ့လည်းတူနေတာပါပဲ .. ။ ဒါကြောင့် လူတစ်ယောက်ဟာ အရာရာကိုရှုထောင့်ပေါင်းစုံကနေ မြင်တတ်ရပါမယ် .. ။
ဒါပေမယ့် လူတစ်ယောက်မှာ ခေါင်းတစ်လုံးပဲပါတာလေ .. အဲတော့ တစ်မျိုးတည်း မြင်တဲ့လူတွေကိုလည်း အပြစ်ပြောလို့တော့ မရဘူးပေါ့ .. သို့သော် လူတွေကို အသိပညာပေးမယ့်လူတွေ .. စာရေးဆရာတွေအနေနဲ့ကတော့ ထောင့်ပေါင်းစုံက မြင်နိုင်ရင်အကောင်းဆုံးပါ .. ။ စာရေးဆရာလည်း လူပဲလေ .. ဘာသားနဲ့ထုထားတာမလို့ လဲ .. ခေါင်းတစ်လုံးတည်း ပါတာမို့ တစ်ခါတစ်လေမှာ တစ်ဖတ်သတ်ဖြစ်သွားတတ်တာ အပြစ်တော့ ဟုတ်မယ်မထင်ပါ ...။ ( ကျွန်တော်လည်းခေါင်း တစ်လုံးတည်းပါ )
ကိုယ်ဟာ စင်ပေါ်ရောက်တဲ့အခါမှာ .. အောင်မြင်တဲ့ အချိန်မှာ မာနတွေဟာ ခေါင်ခိုက်လာတတ်ပါတယ် .. လူတိုင်းဟာ ဒီစကားကို ငြင်းဆန်ဖို့ကြိုးစားကြပါတယ် .. ကျွန်တော် / မ က မာနမကြီးတတ်ပါဘူး ဘာညာ စသည်ဖြင့်ပေါ့လေ .. ။ ဒါပေမယ့် ဘယ်လိုပဲကြိုးစားကြိုးစား ကြီးကြီးငယ်ငယ် ရွယ်ရွယ် လတ်လတ် ၊ အမျိုးမျိုးသောအောင်မြင်မှုတွေကို ပိုင်ဆိုင်ထားတဲ့လူတွေမှာ အမျိုးမျိုးသော မာနတွေရှိနေတာကို ကိုယ်ကိုယ်တိုင်တောင် သတိထားမိချင်မှထားမိပါလိမ့်မယ် .. ။ ဒါပေမယ့် ကိစ္စမရှိပါဘူး .. တစ်ချို့မာနတွေက လူတစ်ယောက်ကို အောင်မြင်အောင်တွန်းပို့ တတ်တဲ့အတွက် မာနတစ်ချို့ရှိသင့်ပါတယ် .. ။ မာနတွေများလွန်းလာရင်တော့ ထိပ်ပေါက်ခေါင်းကွဲ ဖြစ်တတ်ပါတယ် ။
နောက်ပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုလွန် ကဲတာမျိုးတွေလည်းရှိတတ်ပါတယ် ။ ဥပမာ စာရေးဆရာတစ်ယောက်က ဟောပြောပွဲတွေမှာ အရမ်းအောင်မြင်နေချိန်မှာ အသိပညာပေးစကားလုံး တွေကနေ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့ စကားလုံးတွေပါ လာတတ်ပါတယ် .. ။ ကိုယ်ကိုယ်တိုင်တောင် သတိမထားမိလိုက်တာတွေရှိတတ်ပါတယ် .. ဘာလို့လဲဆိုတော့ ပရိတ်သတ်ရဲ့ လက်ခုပ်သံကြားမှာ ပီတိတွေဖြာပြီး ကိုယ့်စကားကိုယ်ဝေဖန်ဖို့ မေ့နေတတ်လို့ပါပဲ။
ဥပမာ တစ်ခုပြရရင် ဟောပြောတစ်ခုက ကောက်နှုတ်ချက်လေးပေါ့ .. ။" ပြိုင်ပွဲတွေကနေ ဆုတွေရ သီချင်းလေးတစ်ပုဒ် ၊ နှစ်ပုဒ်လောက် ဆိုပြီးတာနဲ့ သမီးတို့က အနုပညာ လုပ်နေတာပါ .. အနုပညာ ဘာညာ ....... အမယ် အနုပညာဆိုတဲ့ စကား ဆိုတဲ့စကားလုံးကို သုံးနေတာ ကျွန်တော် တို့လို ကဗျာ တွေရေး ...etc. (.... ၊ .....) နှာသံလေးနဲ့ သချင်းတစ်ပုဒ်ဆိုတယ် .. လေးသိန်း .. ရှိုး ပွဲတွေလုပ်တယ် ဆယ့်ငါးသိန်း .. ကျွန်တော်တို့ကဗျာ စာအုပ် တစ်အုပ်မှ ငါးထောင် .... etc " အင်တာဗျူးမဟုတ် လို့ အတိအကျ လုံးစေ့ပတ်စေ့မရေးတော့ပါဘူး .. အဓိပ္ပါယ် ပေါ်ရုံလောက်ပေါ့ ..။ ဆိုတော့ ဒါဟာ personal view ဆန်သွားပြီ ။ ကိုယ့်အမြင်ပေါ့ .. ။ ဒါပေမယ့် စာရေးဆရာဆိုတာကလည်း ကိုယ့်ရဲ့ စာရေးခြင်း အနုပညာကို ဂုဏ်ယူတယ် .. လူတွေရှေ့မှာ ချပြချင်တယ် .. ။ ဒီလိုပါပဲ .. သူတို့လည်း သူတို့ မြတ်နိုးတဲ့ ဂီတ တွေကိုမြတ်နိုးမှာပါပဲ .. ပရိတ်သတ်ကို ချပြချင်မှာပါပဲ .. ။ နောက်ပြီး ဝါသနာပါတဲ့ အနုပညာအလုပ်ကို professional ကျကျလုပ်ချင်တာ မဆန်းပါဘူး .. ။
ဒါကို ကျနော်တို့ အနေနဲ့ မထောက်ခံချင်နေ မရှုပ်ချသင့် ဘူး .. ။ သူ့ဘာသာသူ နှာသံနဲ့ဆိုဆို .. အာသံနဲ့ပဲဆိုဆို .. ဒါဟာ ကျွမ်းကျင်မှုပါပဲ ... ။ အဲလို နှာသံလေးနဲ့ ဆိုတတ်ဖို့ နှစ်ပေါင်းများစွာ လေ့ကျင့်ရတယ် .. အိပ်မက်ဆုံရာ .. မယ်လိုဒီဝေါ တွေမှာ အောင်မြင်ဖို့ အသေအလဲလေ့ကျင့်ရတယ် ဆိုတာ သိရင် သိပ်ကောင်းမှာပဲ .. စာရေးဆရာ အမြင်နဲ့ကြည့်ရင်တော့ ကျွန်တော်တို့က ဦးနှောက်ကြီး တစ်ခုလုံးပွင့်ထွက်အောင် စာတွေဖတ် ၊ စာတွေရေးနေရလို့ အဆိုတော်တွေထက် ပိုခက်တယ် လို့ ထင်ချင်စရာပါ .. အဲလိုပါပဲ .. တေးသံရှင်တွေဘက်က ကြည့်ရင်လည်း ကျွန်တော်တို့က ကော်ဖီခွက်လေးနဲ့ စာလေးရေးနေ ချိန်မှာ သူတို့ကတော့ အာတွေကွဲအောင် လေ့ကျင့်နေရလို့ သူတို့က ပိုခက်တယ် ထင်ချင်စရာပါ .. အားလုံးမှန်ပါတယ် .. သူ့ပညာနဲ့သူပါပဲ .. အားလုံးဟာ လွယ်ကူနေတာမဟုတ်ပါဘူး ... ကျွန်တော်က ကြေးတန်းညှိသလို ဖြစ်သွားရင် sorry ပါဗျာ .. ။
လူတိုင်းဟာ ( ကျွန်တော်အပါအဝင် ) အောင်မြင်လိုကြပါတယ် .. ဒါပေမယ့် ကိုယ်အောင်မြင်သလို သူများကို လက်တွဲခေါ်ဖို့မေ့နေတတ်ကြပါတယ် .. ။ ဆိုတော့ ကိုယ်နဲ့ အမြင်မတူ ကိုယ့်ရန်သူ မဟုတ်ပါဘူး .. ။ ကိုယ်မမြင်တတ်တာကို မြင်ပေးတဲ့အတွက် အတွေးအမြင် ဖလှယ်ဖို့ အကောင်းဆုံးဘက်တစ်ခုပါပဲ ..။ ကျွန်တော်လည်း ရှုထောင့်တစ်ခုတည်းက နေ ရေးခဲ့ဖူးတဲ့အတွက် ထိထိ မိမိဝေဖန်ခံရဖူးပါတယ် .. မှတ်မှတ်ရရ Bonsai ဆိုတဲ့ဆောင်းပါးမှာပါ .. ကျွန်တော့်ဘဝမှာ ပထမဦးဆုံးအကြံပေးစာဖြစ်တဲ့ အတွက် ယနေ့အထိ သတိတရ ရှိနေပါသေးတယ် .. ခုဆောင်းပါးမှာလည်း ကျွန်တော်နဲ့ အမြင်ကွဲလွဲမယ့် .. ကျွန်တော့်ရဲ့ ဟာကွက်တွေကို ထောက်ပြမယ့် သူတွေရှိပါလိမ့်ဦးမယ် .. ထိုသူတွေရဲ့ အကြံပေးစာများကို မျှော်လင့်နေရင်းနဲ့ပဲ ဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ပါရစေ .. ... ။ ။
ခံစားတတ်သောနှလုံးသားဖြင့် ...
လွန်မင်းအံ့
0 မှတ်ချက်:
Post a Comment