Technology

Home » » အစွဲမကြီးနဲ့လေ

အစွဲမကြီးနဲ့လေ

Written By Unknown on Thursday, February 4, 2016 | 4:09:00 AM

အစွဲမကြီးနဲ့လေ ...

-------

အစွဲ ... ၊ အစွဲဆိုတဲ့ စကားလုံးကိုကြားလို့ ကြောက်သွားပြီလား .. ။ အစွဲဆိုတာ ဘာလဲ .... ။ အစွဲဆိုတာဟာ တစ်ခါတလေ တက်မက်မှုတစ်ခုပါ .. တစ်ခါတလေမှာတော့ အတ္တကြီးသလိုလိုရှိတယ်ဗျ .. ။ ဥပမာပြရရင် မိုးပျံပူပေါင်းလေးတစ်လုံးကို အောက်ကနေ တုတ်ကလေးနဲ့ချီထားလိုက်ရင် အထက်ကိုမတက်နိုင်တော့သလိုပါပဲ .. လူတစ်ယောက်ကလဲ အစွဲတွေနဲ့ ချီနှောင်ခံရရင် ဘယ်လိုနည်းနဲ့မှ အထက်ကို တက်မလာနိုင်တော့ ပါဘူး .. အမြင့်ကိုလည်း မရောက်နိုင်တော့ပါဘူး .. ဘာသာရေးအရပြောရင် အစွဲကြီးရင် မကျွတ်မလွတ်ဖြစ်တတ်တယ် .. အယူသီး နတ်စိမ်းဖြစ် ဆိုတာလည်းရှိသေးတာပါပဲ .. ။ ဆိုတော့ အစွဲတွေ အယူအဆတွေဆိုတာကလည်း တစ်ယောက်တစ်မျိုး စီရှိနေကြတာပါပဲ ... ။ ဆိုတော့ ..

( ၁ ) ပုဂ္ဂိုလ်စွဲ

ပုဂ္ဂိုလ်စွဲတွေဟာ လည်းဆိုးရွားပါတယ် .. ဘာသာရေး အရပုဂ္ဂိုလ်စွဲတွေ ကိုဆိုလိုတာတော့မဟုတ်ပါဘူး .. ။ ဥပမာ ဆိုကြပါစို့ .. အလုပ်တစ်ခုမှာဆိုရင် ဘယ်သူနဲ့မှ အတူတူတွဲ လုပ်ရမှ ၊ ဘယ်သူငယ်ချင်း နဲ့ အတူတူ နေရမှ စသည်ဖြင့်ပေါ့လေ .. ။ ပုဂ္ဂိုလ်ကိုမစွဲ သင့်ပါဘူး ။ နောက်ပြီး ရည်းစားဦး ၊ အချစ်ဦး စသည်ဖြင့် တသသ ဖြစ်နေတဲ့သူတွေ .. အချစ်ကို အချစ်မှာပဲရပ်လိုက်ပါ ... ဘဝလက်တွဲဖော်ဟာ အချစ်နဲ့ တစ်ထပ်တည်း ကျခဲပါတယ် .. သူ့မှမရရင် ဘယ်သူ့မှမယူဘူး ဆိုတာမျိုးက ဖြစ်သင့်ပေမယ့် မရရအောင်ယူမယ် ဆိုတာမျိုးတော့ မဖြစ်သင့်ပါဘူး ... ။

( ၂) နေရာစွဲ

ဘယ်မြို့မှ .. ဘယ်ဒေသမှ စသည်ဖြင့်ပေါ့လေ .. ။ များသောအားဖြင့် လူတွေက မွေးရပ်မြေကို တွယ်တာ တာများပါတယ် .. ဒါပေမယ့် လူဆိုတာ ကိုယ်နဲ့ မဇ္ဇျိမကျရာကိုနေရပါမယ် .. ။ ဥပမာဆိုကြပါစို့ .. ဗိုလ်ချုပ်အောင်ဆန်းက နတ်မောက်မှာပဲ တွယ်တာ နေမယ်ဆိုရင် ဦးအောင်ဆန်းပဲ ဖြစ်လာမှာပါ .. BIA တပ်မတော်ကလည်း ဟား ဗိုလ်ချုပ်က နတ်မောက် မှာပဲ နေချင်တာတဲ့ ဒို့စစ်တပ်ကြီးလည်း နတ်မောက်မှာ ဌာနချုပ်ဖွင့်ရအောင် ဆိုပြီး လာတပည့်ခံနေမှာမဟုတ်ပါဘူး .. ။ ဆိုတော့ လူတစ်ယောက်ဟာ ကိုယ့်တိုးတက်ရေး အတွက် နေရာတွေကို အရမ်းကြီး တက်မက်တာ မဖြစ်သင့်ပါဘူး .. ။ "တစ်ရွာမပြောင်း သူကောင်းမဖြစ်" ဆိုတာလည်းရှိသေးတာပါပဲ .. ။

(၃) အလုပ်စွဲ

အလုပ်စွဲ ဆိုတာထက် ဌာနစွဲလို့ပဲပြောချင်ပါတယ် .. ဘယ်ဌာနမှ .. ဘာအလုပ်မှ စသည်ဖြင့်ပေါ့ .. ။ လူတိုင်းက အလုပ်ကိုရွေးချယ်ခွင့်မရှိနိုင်ပါဘူး .. ကိုယ့်မှာ အလုပ်ကိုရွေးချယ်နိုင်တဲ့အရည် အချင်းရှိ လားဆန်းဆစ်ပါ .. ဆိုလိုတာကတော့ ကိုယ့်ရဲ့ ပညာအရည်အချင်း .. ထူးချွန်ထက်မြက်မှုတွေပေါ့ .. အဲဒါတွေမှာ အားနည်းနေရင် အလုပ်ကပဲ သင့်ကိုရွေး ချယ်သွားမှာပါ .. ။ သင့်အနေနဲ့ အလုပ်ကို အရမ်းချေးများနေရင် အလုပ်လက်မဲ့ဖြစ်ဖို့ သေချာနေပါလိမ့်မယ် .. ။

( ၄ ) အချိန်စွဲ

မရှိဘူးမထင်နဲ့ ရှိပါတယ် ..။ အထူးသဖြင့်ကျောင်းသား တွေမှာရှိတတ်ပါတယ် .. စာက မနက်ကျက်မှရတာတို့ ညကျက်မှရတာတို့ စသည်ဖြင့်ပေါ့လေ ... ။ တကယ်တော့ ကိုယ်ဟာ မနက်ကျက်လည်း ရ ရမယ် .. ညကျက်လည်း ရ ရမယ် ဆိုတာမျိုး ဖြစ်ရမယ် .. မရဘူးဆိုတာကြီးကို မွေးမြူထားရင် အစွဲတစ်ခု ဖြစ်သွားတတ်ပါတယ် .. အလုပ်ကိစ္စတွေအထိပါ အကျင့်ပါလာရင် နှောင့်နှေးမှုတွေ ဖြစ်လာနိုင်ပါတယ် . .. ။

မိုးပျံပူပေါင်းလေးတောင် အောက်က စွဲထားရင် ပျံမတက်နိုင်ပါဘူး .. ဒါ့ကြောင့်ကျွန်တော်တို့မှာလည်း အစွဲတွေရှိနေရင် အထက်ကိုပျံနိုင်မှာမဟုတ်ပါဘူး .. အထက်ကိုမပျံနိုင်ရင် အမြင့်ကိုမရောက်နိုင်တော့ပါဘူး .. အမြင့်ကို တက်လှမ်းဖို့အတွက်ဆိုရင်တော့ ခေတ်နောက်ကျတဲ့ အစွဲတွေကို အမြန်ဆုံးစွန့်လွှတ်မှ ရမယ် ထင်ပါတယ် .. ။

ခံစားတတ်သောနှလုံးသားဖြင့် ...

လွန်မင်းအံ့


0 မှတ်ချက်:

Post a Comment

Sports

Lwon Min Aent . Powered by Blogger.

Followers