အလွယ်ကူဆုံးနှင့် အခက်ခဲဆုံး
--------------------
ကျွန်တော်တို့တွေဟာ နေ့စဉ်ဘဝတွေမှာ တစ်ဦးနဲ့ တစ်ဦးပေါင်းသင်းဆက်ဆံရေးအတွက် စကားကို တွင်တွင်ကျယ်ကျယ်ကြီး အသုံးချနေရပါတယ် .. ။ စကားကိုနေ့တိုင်းပြောနေရလို့ စကားပြောရတာ လွယ်တယ် ထင်နေပါသလား .. ။ အလွယ်အကူဆုံးလို့ ထင်ထားတဲ့ စကားပြောခြင်းအတတ်ပညာဟာ တစ်ကယ်တော့ ခက်ခဲတဲ့ပညာလည်း ဖြစ်ပြန်ပါတယ် .. စကားလုံးတွေကြောင့်ပဲ ကျွန်တော်တို့ ဘဝတွေတိုးတက်ကြတယ် .. စကားကြောင့် ချစ်ခင်ကြတယ် .. မုန်းကြတယ် .. သေကြေကြတယ် .. အရာရာဟာ စကားလုံးတွေနဲ့ မကင်းလွတ်ပါဘူး ..။
(၁) ပြောသင့်မှပြောပါ
စကားကို ပြောသင့်မပြောသင့်ဆုံးဖြတ်ရပါမယ် .. ဥပမာ လူလယ်ကောင်မှာ သူ့မကောင်းကြောင်းသွားပြောဖို့ အဆင်မပြေတာမျိုးပေါ့ .. ။ ပြောသင့်မပြောသင့်ဆုံးဖြတ် ..ပြောသင့်မှပြောပါ .. ။
(၂) ပြောချိန်တန်မှပြောပါ
ပြောဖို့အချိန်တန်မတန်ဆိုတာကလည်း အရေးကြီးတဲ့ အချက်ပါပဲ .. ဥပမာ မိဘက စိတ်ဆိုးနေတဲ့အချိန် မုန့်ဖိုးတောင်းလို့ အဆင်မပြေတာမျိုး တွေပေါ့ .. ။ ဆိုတော့ ပြောသင့်တဲ့ အချိန်ခါတစ်ခုကိုလည်းစောင့်ပါ .. ။
(၃) ပြောသင့်ရင်တောင် ပြောချိန်တန်မှပြောပါ .. ပြောချိန်တန်ရင်တောင်ပြောသင့်မှပြောပါ
တစ်ချို့စကားလုံးတွေက ပြောတော့ ပြောသင့်တယ် ဒါပေမယ့်အချိန်မတန်သေးတာတွေရှိတယ် .. ဘယ်ချိန်ချိန်သိသိတူတူပဲဆိုတာမျိုးမတွေးပါနဲ့ .. ရေနွေးဆိုတာမျိုးက ဘယ်ချိန်သောက်သောက်မပူပါဘူး .. အပူအအေး .. အဖန်အခါးက အခြေနေပေါ်မူတည်ပါတယ် .. စကားကလည်း အဲလိုပါပဲ .. စကားလုံးချင်းတူပေမယ့် ခံစားချက်ချင်း ရလာတဲ့ ရလဒ်ချင်းမတူညီနိုင်ပါဘူး .. ။
(၄) ဖြေးဖြေးချင်းပြောပါ .. အချိန်ယူပါ
ကိုယ်ဟာ လူတစ်ယောက်ကို ဆုံးမချင်တာတို့ ပြောချင်တာတို့ရှိရင် ဖြေးဖြေးချင်းပြောပါ .. သူလက်ခံလာအောင် အချိန်ယူပြီးပြောပါ .. ဆုံးမတဲ့နေရာမှာ ဒေါသသုံးပြီး စိတ်လိုက်မန်ပါ မလုပ်မိဖို့ လိုပါတယ် ..
(၅) သေရာထိယူသင့်ရင်ယူပါ
တစ်ချို့စကားလုံးတွေ .. ဥပမာ ကိုယ့်သူငယ်ချင်း .. ကိုယ့်မိတ်ဆွေ .. ကိုယ့်ဆွေမျိုးတွေရဲ့ အတွင်းရေးတွေ ကိုယ်ပြောလိုက်လို့ တစ်ဖက်သားထိခိုက်သွားမယ်ဆို ရင် မပြောပါနဲ့တော့ .. နောက်ပြီး သင့်ကိုယုံကြည်လို့ ရင်ဖွင့်တဲ့ စကားလုံးတွေဆိုရင် ပိုလို့တောင်မပြော သင့်ပါသေးတယ် .. ။
စကားတွေကြောင့် ချစ်ခင်ရင်းနှီးကြတယ် .. မုန်းကြတယ် .. စစ်မက်တွေဖြစ်ပွားတယ် .. သေကြေကြတယ် .. ငိုကြွေးကြရတယ် .. ပူလောင်ရတယ် .. တုန်လှုပ်ရတယ် .. အရာရာဟာ စကားလုံးတွေနဲ့ မကင်းပါဘူး .. စကားလေးတွေက သိပ်အရေးကြီးပါတယ် . ဒါ့ကြောင့် ဘယ်တော့မှ စကားဖြစ်ပြီးရော မပြောပါနဲ့ ... ။ ။
ခံစားတတ်သောနှလုံးသားဖြင့် ...
လွန်မင်းအံ့
0 မှတ်ချက်:
Post a Comment