Technology

Home » » ချစ်မိသည်မှအပ .. (၂)

ချစ်မိသည်မှအပ .. (၂)

Written By Unknown on Friday, November 20, 2015 | 5:57:00 PM

ချစ်မိသည်မှအပ .. (၂)

🐙🐙🐙🐠🐙🐙🐙

တစ်ခါကလည်းရေးဖူးပါတယ် .. ဒီချစ်မိသည်မှအပ ဆိုတဲ့ ခေါင်းစဉ်နဲ့ဆောင်းပါးတစ်ပုဒ်ပါပဲ။ ဒါမယ့် အဲဒိ ကမပြည့်စုံဘူး လို့ကိုယ့်ကိုယ်ကို ယူဆမိတာကြောင့် ထပ်ရေးဖြစ်တာပါ ..။ အရင်အပုဒ်မှာ မိဘတွေ လိုက်နာရမှာတွေချည်း ရေးဖြစ်သလိုဖြစ်သွားတဲ့အတွက် တစ်ဖတ်သတ်များ ဆန်နေသလားမသိတော့ပါဘူး .. ခုတော့ သားသမီးတွေအနေနဲ့လည်း မိဘကို အတတ်နိုင်ဆုံး ချစ်ပြတတ်ဖို့လိုပါတယ် .. အချစ်တွေကိုဖွင့်ဟပြဖို့ လိုပါတယ် .. ။ ဆိုတော့ ...

(၁) အလိုလို သိပါစေ ..

သင့်အနေနဲ့ သင့်မိဘအပေါ်မှာ ဘာတွေလိုအပ်တယ် .. ဘာတွေ လုပ်ပေးသင့်တယ်ဆိုတာကို အလိုလို သိပါစေ ။ ဥပမာ ဆိုကြပါစို့ ဆောင်းတွင်းရောက်ပြီဆိုတာနဲ့ အနွေးထည်ဖြစ်ဖြစ်ဝယ်ပေးတာတို့ .. မိုးရောက်ရင်မိုးကာ ဝယ်ပေးတာတို့ပေါ့ ..။ သင့်မိဘတွေကို လိုလားလို့ မေးပြီးဝယ်တာမျိုးမလုပ်ပါနဲ့။ သင့်မိဘကတော့ သင့်ကို မလိုဘူးလို့ပဲများသောအားဖြင့်ပြောပါမယ် ... ဘာလို့လဲဆိုတော့ သင့်မိဘက သင့်ကိုညှလို့ပါပဲ .. ။ ဒါပေမယ့် သင့်တုန်းကတော့ သင့်မိဘက ကျောင်းနေချိန် ကျောင်းဝတ်စုံ .. အစရှိသဖြင့် အစားအသောက်ကအစ လိုလေသေးမရှိအောင်တတ်နိုင်သလောက် အပြည့်အဝလုပ်ပေးခဲ့ပါတယ် ..။ သင့်အနေနဲ့လည်း သင့်မိဘအတွက် အဟာ ဖြစ်မယ့်အစားအစာ .. လိုအပ်မယ့်အသုံးအဆောင်တွေကို တတ်နိုင်သလောက်ဖြည့်ဆည်းပေးပါ ..။ ဖြည့်ဆည်းပေးဖို့အတွက်ကိုလည်း ကိုယ့်မိဘတွေကို အမြဲတမ်းစောင့်ကြည့် သတိလေးထားပါ ..။

(၂) မျှဝေခံစားပါ

မိဘဆိုတာ သားသမီးတိုင်းရဲ့အားကိုးစရာပါ .. ဒါပေမယ့် သားသမီးဆိုတာကတော့ မိဘတိုင်းရဲ့ အားကိုးစရာမဟုတ်ပါဘူး .. ဒါ့ကြောင့် မိဘတွေဟာ အသက်ကြီးလာတာနဲ့အမျှ သားသမီးမကောင်းရင် အားကို မဲ့သွားတတ်ပါတယ် .. ။ ဒါကြောင့် သင်ဟာ သင့်မိဘအတွက်အားကိုးစရာဖြစ်နေရပါမယ် .. ။ သင့်မိဘတွေဟာ ပြသနာတွေကို မြို သိပ်ခံစားနေတတ်ပါတယ် ..၊ သင်ကတော့ သုတို့ဆီက ပြသနာတွေကို မျှဝေခံစားပါ .. ပြသနာတိုင်းကို ကောင်းမွန်တဲ့ အကြံဥာဏ်ပေးပါ ... ဖြေရှင်းနိုင်သင်ကိုယ်တိုင် ဖြေရှင်းပေးပါ .. ဒါဆိုရင် သင့်မိဘတွေက သင့်ကို အားကိုးမိလာပါမယ် .. ။

(၃) အပြစ်မတင်ပါနဲ့

သားသမီးတွေ အနေနဲ့ မိဘတွေကို အပြစ်မတင်သင့်တဲ့ ကိစ္စတွေမှာ အပြစ်တင်တတ်ပါတယ် .. ။ ကိုယ်ဟာ ဆင်းရဲတဲ့ မိဘဆီမှာဝင်စားတာဟာ အပြစ်တင်စရာမဟုတ် ပါဘူး .. ။ ထို့အတူ ပညာမတတ်တဲ့မိဘ .. စွာတေးလန်တဲ့ မိဘ .. ကျန်းမာရေးမကောင်းတဲ့ မိဘ .. အို ယုစွအဆုံး ပြည်တန်ဆာ ရဲ့ သားသမီးဆိုရင်တောင် မိဘ ကို အပြစ်မတင်သင့်ပါဘူး .. ။ ဒါတွေဟာ ကံကြမ္မာကြောင့်ဖြစ်တယ်ဆိုတာကို နားလည်ရပါမယ် ..။ ကိုယ်လိုချင်တာလေး တစ်ခုလောက်မရတာနဲ့ ထစ်ခနဲ အပြစ်တင်တာမျိုး မလုပ်သင့်ပါဘူး .. ။

( ၄) ပူညံပူညံများ

စကားပုံတစ်ခုရှိပါတယ် .. ။ ကျောပူသာ ခံမယ် နားပူမခံ ဘူး ဆိုတဲ့စကားပုံ ကို သိမယ်ထင်ပါတယ် .. ။ မိဘတွေက သင့်ကို ဆိုဆုံးမတဲ့နေရာမှာ ကျောပူစေတာလည်းရှိနိုင် သလို နားပူစေတာလည်းရှိပါမယ် .. ။ ဆိုတော့ သင်လည်းပြော ဖူးပါလိမ့် .." အမေက သိပ်ပူတာပဲဗျာ .. အဖေက သိပ်ပူတာပဲဗျာ .. " စသည်ဖြင့်ပေါ့လေ .. ။ ကိုယ်ကတော့ ရည်ရွယ်ချက်ရှိရှိ ပြောတာမဟုတ်ပေမယ့် မိဘရဲ့ စေတနာတွေကို မသိမသာ မထီလေးစားလုပ် သလို ဖြစ်သွားပါမယ် .. ။ ကိုယ့်ကို တတွတ်တွတ် တွတ်ထိုးသလို ပြောနေတာတွေဟာ ကိုယ့်အတွက်ဆိုတာကို သိရပါမယ် .. ။

(၅) တာဝန်သိပါစေ

မိဘ ရဲ့ မေတ္တာဟာ ဆုန်ရေဖြစ်ပြီးတော့ သားသမီးရဲ့ မေတ္တာကတော့ ဆန်ရေပဲဖြစ်ပါတယ် .. ။ ဆုန်ရေကတော့ အလို အလျောက်ကို ဆုန်ဆင်းပြီး တားဆီးလို့မရအောင် ဖြစ်ပေါ်နေပေမယ့် ဆန်ရေဆိုတာကတော့ ဆန်တက်ခဲ လှပါတယ် .. ။ကိုယ်ဟာ ကိုယ့်မိဘအပေါ်မှာ ကျေးဇူးဆပ်ရမယ် .. ကိုယ့်မိဘကိုယ် လုပ်ကျွေးရမယ်ဆိုတာကို တာဝန်တစ်ခုအနေနဲ့ သိပါစေ ..။ သင့်အပေါ်မှာ သင့်မိဘတွေက တာဝန်ကျေခဲ့သလို သင်ကလည်း သင့်မိဘတွေအပေါ်မှာ တာဝန်ကျေရမယ် ဆိုတာ အမြဲလိုလို သိပါစေ .. ။

(၆) ညှိနှိုင်းပါ ... စေ့စပ်ပါ

သင်ဟာ ဒီတိုင်းပြီးသွားမှာ မဟုတ်ပါဘူး .. ။ အိမ်ထောင်တွေပြုဦးမယ် .. ဒါဆိုရင် သားမက်နဲ့ ယောက္ခမ
. ချွေးမနဲ့ယောက္ခမ ဆက်ဆံရေးတွေဖြစ်လာမှာပါ .. ။ ဒါ ပေမယ့် ချွေးမတို့ သမက်တို့ဆိုတာ သင့်ကြောင့်သာ မဟုတ်ရင် သူစိမ်းတွေပါ .. ။ဆိုတော့ သူစိမ်းနှစ်ယောက် ရဲ့ ဆက်ဆံရေးဟာ မြေညီလမ်းလို ဖြောင့်ဖြူးနေမှာမဟုတ်ပါဘူး .. ။ သင့်အနေနဲ့ ကလည်း တစ်ဖတ်ကကြည့်ရင် မိဘ .. တစ်ဖတ်ကလည်းကိုယ်ရွေးချယ်ထားတဲ့လူ .. ။ ဆိုတော့ အတတ်နိုင်ဆုံးညှိနှိုင်းပါ .. ။ နှစ်ဦးနှစ်ဖက်ကို အဆင်ပြေအောင် နားချပါ .. ။ အဆင်ပြေစေမယ့် ဆက်ဆံရေးကိုပဲ ဖန်တီးယူပါ .. ။ အထူယသဖြင့်တော့ ညှိနှိုင်း နားချ ဖျောင်းဖျပါ . ။

(၇) မေ့မသွားပါနဲ့

သင်ငယ်ငယ်လေးတုန်းကတော့ သင်ဟာ လွတ်လပ်ပေါ့ပါး သလို တာဝန်လည်းကင်းပါတယ် .. ။ ကြီးသွားရင်တော့ သင်ဟာ စီးပွားရေးကိစ္စတွေ .. မိသားစုရေးတွေ ဦးစီးလုပ်ရမှာပါ .. ။ သင့်မှာ ကလေးတွေရလို့ သင်ဟာ သင့်ကိုယ်ပိုင်မိသားစုကို အချိန်ပေးရင်း သင့်မိဘတွေကို ပစ်ထားသလိုဖြစ်မသွားဖို့လိုပါတယ် .. ။ သင်ဟာ အလုပ်တွေအရမ်းရှုပ်လွန်းတယ် .. အချိန်မရဘူးဆိုရင်တောင် မနက်အလုပ်မဆင်းခင် သင့်မိဘတွေကိုနှုတ်ဆက်ပါ ... အလုပ်ပိတ်ရက်တွေမှာ အချိန်ပေးပါ .. ။

ခံစားတတ်သောနှလုံးသားဖြင့် ...

လွန်မင်းအံ့

0 မှတ်ချက်:

Post a Comment

Sports

Lwon Min Aent . Powered by Blogger.

Followers