Technology

Home » » သို့

သို့

Written By Unknown on Friday, November 20, 2015 | 5:56:00 PM

သို့ ...

💮💮💮

သို့ ဆိုတာ ကတော့ဘယ်မှဘယ်သို့ ပေါ့ .. ။ ဆိုလိုတာကတော့ ရန်ကုန်မှမန္တလေးသို့ စသည်ဖြင်ပေါ့လေ .. ။ ဆိုတော့ လူတွေမှာလည်း လာခြင်းသွားခြင်းတွေရှိပါတယ် .. ။ လူတွေမှာ လာခြင်းလေးမျိုးရှိပါတယ်  .. ။
(၁)အမှောင်းမှာလာ၍အလင်းသို့သွားသူ
(၂)အလင်းမှလာ၍အလင်းသို့သွားသူ
(၃)အလင်းမှလာ၍အမှောင်သို့သွားသူ
(၄)အမှောင်မှလာ၍အမှောင်သို့သွားသူ

(၁)အမှောင်မှလာ၍ အလင်းသို့သွားသူ

ဆိုလိုတာကတော့ အမှောင်လို့ခေါ်အပ်တဲ့ နိမ့်ကျတဲ့ ဖြစ်စဉ်တွေက လာတယ်ဆိုတာပါ ..။နိမ့်ကျတယ်ဆိုလို့ အစေခံ ကျွန် တွေ ဘာတွေကိုပြောတာမဟုတ်ပါဘူး။ ငရဲ ၊ ပြိတ္တာ ၊ တိရိစ္ဆာန် ၊ အသူရကယ် လို့ဆိုတဲ့ အပ္ပါယ်လေးကနေ လာတဲ့လူတွေပါ .. ။ အပ္ပါယ်ကနေ လူပြည်ရောက်မယ် ... လူ့ဆီကနေ နတ်ဘုံနတ်နန်း စသည်ဖြင့် အလင်း လို့တင်စားရတဲ့ ကောင်းရာသုကတိကိုလားတာ ကိုဆိုလိုတာပါ .. ။ ဆိုတော့ နံပါတ်၁ သည် ဒုက္ခတိ ဘုံမှ သုခဘုံသို့ သွားသောသူလို့ပြော လို့ရ ပါတယ် ။

(၂)အလင်းမှလာ၍ အလင်းသို့သွားသောသူ

ဆိုလိုတာကတော့ အလင်းလို့ တင်စားထားတဲ့ နတ်ပြည်နတ်နန်း .. ဗြဟ္မာဘုံတွေက လာတာကို ဆိုလိုတာပါ .. ။ နတ်ပြည်ကနေနတ်သက်ကြွေပြီး လူ့ပြည်ရောက်လာတယ် ... လူ့ပြည်မှာပဲကောင်းမှုတွေ လုပ်မယ် .. ဟော သေတော့လည်း နတ်ပြည် ... ဗြဟ္မာ့ပြည်ကိုရောက်မယ် ..။ဒါကိုဆိုလိုတာပါ ..။ ဒီတော့ နံပါတ်၂သည် သုကတိဘုံမှ သုကတိဘုံသို့သွားသော သုလို့ပြောလို့ရပါတယ် ။

(၃)အလင်းမှလာ၍ အမှောင်သို့သွားသောသူ

ဆိုလိုတာကတော့ နတ်ပြည် .. ဗြဟ္မာ့ပြည်ကနေ စုတေပြီး လူ့ပြည် ရောက်လာမယ် .. ။ ကဲတစ်ခါ .. လူ့ပြည်မှာ မကောင်းမှုတွေ လုပ်မယ် .. သေတော့ ဒယ်အိုးကြွရော .. ။ ဒီတော့ နံပါတ်၃ဟာ သုကတိဘုံကနေ ဒုက္ခတိဘုံသို့ သွားသောသူလို့ပြောနိုင်ပါတယ် ။

(၄)အမှောင်မှလာ၍ အမှောင်သို့သွားသောသူ

ဆိုလိုရင်းကို သိလောက်မယ်ထင်ပါတယ် .. အပ္ပါယ်လေးဘုံကနေ အကုသိုလ်ကံကုန်ပြီး ကုသိုလ်အကျိုးပေးလို့လူဖြစ်တယ် .. လူ့ပြည်ရောက်တော့လည်း ဒုံရင်းအတိုင်း မကောင်းမှုတွေဆက်လုပ်မယ် .. သေတော့လည်း လားရာ အပ္ပါယ် ကိုပြန်သွားရမယ်ဆိုရင် .. ဒါဟာ မိုက်တွင်းနက်တာပဲဖြစ်ပါတယ် .  ။ ဒီတော့နံပါတ်၎ဟာ ဒုက္ခတိဘုံမှ ဒုက္ခတိ ဘုံသို သွားတဲ့သူလို့ ပြောရပါမယ် ။

ဆိုတော့ ကျနော်တို့တွေက ဘယ်ကလာတယ်ဆိုတာ မသိဘူး ဘယ်ကိုသွားရမယ်ဆိုတာမသိဘူး .. ။ ခွေးဘဝကလာတာလား နတ်ဘဝကလာတာလားဆိုတာ မသိနိုင်ပါဘူး။ ဒါပေမယ့် ကျနော်တို့က မကောင်းတဲ့ ဘုံတွေကို ဆက်မရောက်နိုင်အောင် ကျနော်တို့ဟာ ကောင်းမှုတွေကို လုပ်ရမယ် .. ဘဝအတွက်သေချာအောင်လုပ်ရမယ် .. ဒါမှကျနော်တို့ဟာ ငရဲသို့မပြန်ရမှာဖြစ်တယ် ..သို့ဆိုတဲ့နေရာမှာ နတ်ပြည်သို့ လို့ ဆိုလို့ရအောင် .. ကောင်းမှုတွေကိုတတ်အားသလောက်ကြိုးစားကြပါစို့လားခင်ဗျာ ..။
ခံစားတတ်သောနှလုံးသားဖြင့် ...

လွန်မင်းအံ့

0 မှတ်ချက်:

Post a Comment

Sports

Lwon Min Aent . Powered by Blogger.

Followers