Technology

Home » » Forever ... Together

Forever ... Together

Written By Unknown on Friday, November 20, 2015 | 5:55:00 PM

Forever ... Together

💞💞💞💞💞💞💞

အန္တရာယ်တွေကြုံတဲ့ခါ
မောင့်လက်ကို ဆုပ်ကိုင်ထားပေါ့ ..
လောကဓံတွေ
ဘယ်လောက်ပဲခါးသီးပါစေ
မောင်ရင်စည်းခံမယ် ချစ်သူ .. ။

ဘယ်လိုပဲ ပြဿနာတွေဖြစ်ဖြစ်
ဘယ်သူတွေ ဘယ်လိုဖျက်ဖျက်
ကိုယ်တို့မပြတ်ကြေးနော် ချစ်သူ ... ။

ဘယ်လောက်ပဲမွန်းကျပ်ပါစေ
ဘယ်လောက်ပဲခါးသီးပါစေ
ဘယ်လောက်ပဲကြမ်းတမ်းပါစေ
ဘယ်လောက်ပဲနစ်မွန်းပါစေ
မောင့်လက်ကို ကိုင်လို့
မောင်နဲ့အတူဖြတ်ကျော်ကြမယ် ..

တစ်ခဏမဟုတ်တဲ့
မောင့်အချစ်တွေက
မင်းအတွက်
အတူတကွ ... ထာဝရပါကွာ ... ။

မူပိုင် ... လွန်မင်းအံ့

0 မှတ်ချက်:

Post a Comment

Sports

Lwon Min Aent . Powered by Blogger.

Followers