အသုံးကျခြင်း မကျခြင်း
--------------
တကယ်တော့ အရာရာဟာ လူတိုင်းအတွက် အသုံး မဝင်ပါဘူး ။ နောက်ပြီး အသုံးလည်းမကျပါဘူး ။ ဥပမာ ပြရရင် ကျွန်တော်တို့အတွက်တော့ facebook ကအသုံးကျပေမယ့် မျက်မမြင်အတွက် အသုံးကျပါ့မလား .. ဒီလိုပါပဲ နားလေးတဲ့ လူအတွက်ကော ဖုန်းတွေက အသုံးဝင်ပါ့မလား ။ အသုံးကျတယ် မကျဘူးဆိုတာ ဟာ အသုံးချတဲ့လူ အပေါ်မှာ အများကြီး မူတည်ပါတယ် .. ဥပမာ ရွှေရေးထင်ထင်တို့ဆို facebookကနေ ကနေပဲအောင်မြင်ကြတယ် .. ဒါဆိုဖေ့ဘုတ်က သူ့အတွက်အသုံးကျတာပေါ့ .. ဒါပေမယ့် noti တွေပဲကြည့်ပြီး ဘာမှဖြစ်မလာရင် ရာနှုန်းပြည့် အသုံးမကျ ဘူးပေါ့ ။
ဒီလိုပါပဲ ကိုယ်အသုံးချတယ် .. မကျဘူးဆိုတာကလည်း အသုံးချသူပေါ်မှာပဲမူတည်တယ် .. ဒါပေမယ့် ကိုယ့်ကိုယ်ဘယ်သူ အသုံးချမှာလဲ .. ၂ ဦးပဲရှိပါတယ် . ကိုယ်ကိုတိုင်နဲ့ သူများ ပါပဲ .. ကိုယ့်ကိုယ်ကို အသုံးမချရင် သူများအသုံးချစရာ စက်ရုပ်တစ်ခုဖြစ် သွားပါမယ် ။ ကိုယ့်ကိုယ်ကို ကောင်းကောင်း အသုံး ချတတ်ဖို့အတွက်တော့ ..
(၁) အားနည်းချက်ကိုရှာပါ
ကိုယ့်ရဲ့ အားနည်းချက်ကို သူများမသိခင် ကိုယ်တိုင် သိရမယ် .. ဒါမှအရှိုက်ကိုမထိမှာပါ .. ကိုယ်ဟာ လူကြောက်တာလား .. ပွဲမတိုးတာလား .. ပေါင်းသင်းဆက်ဆံရေးညံ့တာလား ..အပြောအဆို အနေအထိုင်မတတ်တာလား စသည်ဖြင့်ပေါ့လေ .. သိပြီးရင်တော့ ပြင်သင့်တာကိုပြင်ရမယ် .. ။
(၂) အားသာချက်ကိုရှာပါ
ကိုယ့်ရဲ့အားသာချက်ကို သူများပြောမှ သိတာ ထက်ကိုယ်တိုင်ကိုယ်ကျသိနေတော့ ထိထိရောက်ရောက် အသုံးချနိုင်တာပေါ့ .. ဥပမာ လူချစ်လူခင်ပေါတာလား .. ဦးနှောက်ကောင်းတာလား စသည်ဖြင့်ပေါ့လေ .. သိရင်တော့ထိထိရောက်ရောက် အသုံးချပါ ... ။
(၃) ကိုယ့်ကိုယ်ကိုခိုင်းပါ
ကိုယ့်ကိုယ်ကို ခိုင်းတတ်တာဟာ အရမ်းကိုပဲ ခက်ခဲတဲ့ ပညာရပ်တစ်ခုလို့ဆိုပါမယ် .. ခိုင်းတတ်တာ ဆိုတာမှာ ခိုင်းရဲတာ .. ခိုင်းရက်တာလည်းပါပါတယ် .. ။ ဥပမာ စာသင်နေတဲ့အရွယ်ဆို စာကိုကျက်ရမယ် ကျက်ကိုကျက်ရမယ် .. မကျက်ချင်လည်းကျက်ရမယ် . ကျက်ချင်လည်းကျက်ရမယ် .. တက္ကသိုလ် စတဲ့ higher field တွေရောက်လာရင် ကျယ်ကျယ်ပြန့်ပြန့်လေ့လာရမယ် .. လုပ်ချင်ချင် မလုပ်ချင်ချင် လုပ်ရမယ် .. လူတွေဟာကိုယ့်ကိုယ်ကို ခိုင်းရကောင်းမှန်းသိရင်တောင် မခိုင်းတတ်ကြ .. မခိုင်းရဲကြပါဘူး .. ဒါဟာလည်း အားနည်းချက်ပါပဲ .. ဒါ့ကြောင့်ခိုင်းပါ .. ။
အသုံးချတဲ့လူတစ်ယောက်ဖြစ်ဖို့ ကိုယ်ကိုယ်တိုင်က အသုံးချတတ်ဖို့လိုပါတယ် .. ကိုယ့်ကိုယ်ကိုမှ အသုံးမချတတ်ရင် သူများကို အသုံးမချနိုင်ပါဘူး .. ကိုယ့်ကိုယ်ကိုမှ မစီမံနိုင်ရင်လည်း သူများ ကိုဆိုတာ ..!!! ကိုယ်ကအရည်အချင်းရှိမှသာလျှင် လောကကြီးကို ဦးဆောင်နိုင်မှာဖြစ်တယ် .. အရည်အချင်းရှိဖို့ဆိုတာကလည်း ကိုယ့်ကိုယ်ကို အသုံးချတတ်ဖို့ အများကြီးလိုပါသေးတယ် .. ။ ။
ခံစားတတ်သောနှလုံးသားဖြင့် ...
လွန်မင်းအံ့
0 မှတ်ချက်:
Post a Comment