Technology

Home » » ဆူး

ဆူး

Written By Unknown on Saturday, July 25, 2015 | 8:17:00 PM

" ဆူး "
ရိုးခဲ့တာမဟုတ်ပါဘူး
ရူးခဲ့တဲ့သူပါ ...။
ဆူးရှိတာသိပေမယ့်
စွဲလမ်းကာ ရူးတာမို့
မင်းမာယာ မင်းညှို့တော
ကိုယ်သာယာမျောပြီလေ ...။
မင်းအတွက်မြေစာ
အို ... ဖြေသာသလိုဖြေလိုက်မယ်
မင့်ဘဝ မင့်လမ်း
မင်းလှမ်းလျှောက်ပေမယ့်
ကျန်ရစ်သူ မောင့်ကိုတော့

မကြင်နာ ရှောင်ပြေး
စိမ်းကားလို့ မဝေးပါနဲ့
မင်းမသိပေမယ့်
မောင့်အသည်း ရင်ထဲမှာတော့
နှင်းဆီရဲ့အချစ်ဆူး
စူးခဲ့ပြီ ချစ်သူ...။
                                   လွန်မင်းအံ့

0 မှတ်ချက်:

Post a Comment

Sports

Lwon Min Aent . Powered by Blogger.

Followers