" စိမ်း "
မောင့် အသည်းကို အချိုပွဲလို
သုံးဆောင်ကာပ
ချစ်သူသာ ပျော်မယ်ဆိုကွယ်
မောင့်ရင်ကိုခွဲ..မောင့်အသည်းလေး
မင့်တွက်ပေးမယ် စိမ်းမမရယ် ။
သုံးဆောင်ကာပ
ချစ်သူသာ ပျော်မယ်ဆိုကွယ်
မောင့်ရင်ကိုခွဲ..မောင့်အသည်းလေး
မင့်တွက်ပေးမယ် စိမ်းမမရယ် ။
ဘယ်သူတွေဘယ်လိုပြောပါစေ
မလျော့တဲ့အချစ်
မတိုးတဲ့အမုန်း
မဆုံးတဲ့ရင်ခုန်သံ
အမုန်းမာန်ဖြေတော်မူပါ့
အို..မောင်ရဲ့စိမ်းမမ။
မလျော့တဲ့အချစ်
မတိုးတဲ့အမုန်း
မဆုံးတဲ့ရင်ခုန်သံ
အမုန်းမာန်ဖြေတော်မူပါ့
အို..မောင်ရဲ့စိမ်းမမ။
အချိန်တွေရဲ့ကြာကြာညောင်း
ရက်တွေဟာပြောင်းခဲ့ပြီမို့
မင်းဘဝနဲ့မင်း
အို ဖြေသိမ့်ရင်းဝေးခဲ့ပေမယ့်
ထာဝရအလွမ်း
အသည်းတစ်ခြမ်းတော့
မောင်သိမ်းထားပါတယ်စိမ်းရယ်...။
ရက်တွေဟာပြောင်းခဲ့ပြီမို့
မင်းဘဝနဲ့မင်း
အို ဖြေသိမ့်ရင်းဝေးခဲ့ပေမယ့်
ထာဝရအလွမ်း
အသည်းတစ်ခြမ်းတော့
မောင်သိမ်းထားပါတယ်စိမ်းရယ်...။
လွန်မင်းအံ့
0 မှတ်ချက်:
Post a Comment