(၁)
မဂ္ဂဇင်းတစ်အုပ်တွင်
နွယ့် ကဗျာလေးတစ်ပုဒ်ပါလာခဲ့သည်။ နွယ် ဝမ်းသာ၍မဆုံးနိုင်ခဲ့။ ထိုကဗျာ
လေးကို အထပ်ထပ်အခါခါဖတ်၍လည်း မဝနိုင်ခဲ့။ သူငယ်ချင်းတွေကိုကြွားရလွန်းသဖြင့် မျက်စောင်း
အထိုးခံရပေါင်းလည်း မနည်းတော့ပါ။ အိမ်မှာကြွားရလွန်း၍လည်း မမောနိုင်ခဲ့။
လေးကို အထပ်ထပ်အခါခါဖတ်၍လည်း မဝနိုင်ခဲ့။ သူငယ်ချင်းတွေကိုကြွားရလွန်းသဖြင့် မျက်စောင်း
အထိုးခံရပေါင်းလည်း မနည်းတော့ပါ။ အိမ်မှာကြွားရလွန်း၍လည်း မမောနိုင်ခဲ့။
ထိုကဗျာလေးကတစ်ဆင့်
နွယ် အားအင်သစ်တွေဝင်လာခဲ့သည်။ ကြိုးစားမှု၏ရလဒ်အဖြစ် မဂ္ဂဇင်း
များတွင် နွယ့် ကဗျာလေးတွေခပ်စိပ်စိပ်ပါလာခဲ့သည်။ ထိုမှတစ်ဆင့် နွယ်သစ္စာဟူသောကဗျာဆရာမ
တစ်ယောက်ဖြစ်လာခဲ့၏။ ထိုအချိန် တွင် နွယ်က မြန်မာစာနောက်ဆုံးနှစ်သို့ရောက်နေပြီဖြစ်သည်။
များတွင် နွယ့် ကဗျာလေးတွေခပ်စိပ်စိပ်ပါလာခဲ့သည်။ ထိုမှတစ်ဆင့် နွယ်သစ္စာဟူသောကဗျာဆရာမ
တစ်ယောက်ဖြစ်လာခဲ့၏။ ထိုအချိန် တွင် နွယ်က မြန်မာစာနောက်ဆုံးနှစ်သို့ရောက်နေပြီဖြစ်သည်။
အတန်းအားချိန်တိုင်း
ကံ့ကော်ပင်အောက်သို့ နွယ် ရောက်သွားတတ်စမြဲ။ ကံ့ကော်ပင်အောက်ရှိ ခုံတန်းပြာလေးပေါ်တွင်ထိုင်ပြီး
ကဗျာစပ်ရသည့်အရသာက ဘာနှင့်မှမတူ။ ခုံတန်းပြာလေးနှင့်
ကံ့ကော်ပင်က နွယ်ရဲ့မူပိုင်နေရာတစ်ခုလိုဖြစ်နေခဲ့သည်။
ကံ့ကော်ပင်က နွယ်ရဲ့မူပိုင်နေရာတစ်ခုလိုဖြစ်နေခဲ့သည်။
အခုတလော
ထူးခြားမှုတစ်ခုကို
နွယ် သတိထားမိလာသည်။ ခုံတန်းပြာလေးပေါ်တွင် နှင်းဆီ တစ်ပွင့်
အမြဲရောက်နှင့်နေခဲ့သည်။ ပထမတစ်ရက်က ကျောင်းသူတစ်ယောက်ယောက်ကများကျကျန်
ခဲ့သလားထင်မိခဲ့သည်။ နေ့စဉ်ရက်ဆက်ရောက်လာခဲ့သောအခါမှ
နှင်းဆီပွင့်လေး၏ဦးတည်ရာက
နွယ့်ဆီကိုမှန်းသိရတော့၏။
နွယ့်ဆီကိုမှန်းသိရတော့၏။
နှင်းဆီပွင့်များက
နေ့စဉ်ရက်ဆက် ဝတ္တရားမပျက်ရောက်လာခဲ့သည်။ နှင်းဆီပွင့်တို့၏ပိုင်ရှင်ကိုမူ
နွယ် မတွေ့ရပေ။ အမှန်အတိုင်းဝန်ခံရလျှင် နှင်းဆီပွင့်များကိုကြည့်ပြီး နွယ် ကြည်နူးနေမိသည်။ ကဗျာစပ်ရာတွင်လည်း ခံစားချက်တွေ ပို၍ သက်ဝင်လာခဲ့သည်။
ကြာလာတော့ နှင်းဆီပွင့်လေး၏ပိုင်ရှင်ကိုတွေ့ချင်လာမိသည်။ သူက ဘယ်လိုလူမျိုးလဲ။ သူက ခန့်ညားသလား။ ရင့်ကျက်သလား။ စသဖြင့် ပုံဖော်နေခဲ့မိသည်။ သို့သော် သူ့ကို နွယ် မတွေ့ခဲ့ရပါ။

နွယ့်
စိတ်ကူးထဲတွင် သူ့အကြောင်းတွေစိုးမိုးလာသည်။ နွယ့်ကဗျာလေးထဲတွင် သူ့အကြောင်း
တွေ အက်ကြောင်းထပ်လာသည်။ သူ့ကိုတွေ့ရနိုးနိုးဖြင့် ချောင်းကြည့်ရပေါင်းလည်းမနည်းခဲ့ပါ။
သို့သော် သူကပဲလျင်လွန်းသည်လား။ နွယ်က ပဲ ညံ့လွန်းသည်လားမသိ။ သူ့ကို ခပ်ရေးရေးမျှပင် မမြင်တွေ့ခဲ့ရပေ။
တွေ အက်ကြောင်းထပ်လာသည်။ သူ့ကိုတွေ့ရနိုးနိုးဖြင့် ချောင်းကြည့်ရပေါင်းလည်းမနည်းခဲ့ပါ။
သို့သော် သူကပဲလျင်လွန်းသည်လား။ နွယ်က ပဲ ညံ့လွန်းသည်လားမသိ။ သူ့ကို ခပ်ရေးရေးမျှပင် မမြင်တွေ့ခဲ့ရပေ။
ဒီလိုနှင့်
စာမေးပွဲနောက်ဆုံးနေ့ရောက်တော့ နွယ့် ရင်ထဲနွမ်းလျလျဖြစ်လာ၏။ မနက်ဖြန်ဆို
ကျောင်းတော်ကြီးနှင့် ခွဲခွာရတော့မည်။ နှင်းဆီပွင့်လေးနှင့်လည်း ဝေးရတော့မည်။ ထို့ကြောင့် စာမေးပွဲဖြေပြီးသည်နှင့် ကံ့ကော်ပင်ကြီးအောက်တွင် နွယ် တစ်ယောက်တည်းထိုင်နေမိခဲ့သည်။ သူငယ်ချင်းတွေခေါ်လည်း နွယ် မလိုက်ခဲ့။ သူများ ရောက်လာမလားဟု နွယ် မျှော်နေမိခဲ့သည်။
အချိန်တွေသာ ကုန်လွန်သွားခဲ့သည်။ သူ ရောက်မလာခဲ့ပါ။ နွယ့်ရင်ထဲနွမ်းလျနာကျင်သွားမိသည်။
နွယ့်ရင်ထဲမှာ တော့ သူပစ်လိုက်သည့်မြှားတစ်ချောင်းက နက်နက်ရှိုင်းရှိုင်း စူးနစ်နေခဲ့ပြီဖြစ်သည်။

(၂)
ကျောင်းပြီးသွားတော့
သူငယ်ချင်းတွေက နိုင်ငံခြားထွက်သူကထွက်။ ကုမ္ပဏီတွင်အလုပ်ဝင်
သူကဝင်။ နွယ်ကတော့ စာအုပ်အငှားဆိုင်လေးဖွင့်ဖြစ်ခဲ့သည်။ အိမ်ကသဘောမကျသော်လည်း နွယ် ဇွတ်လုပ်ခဲ့သည်။ စာအုပ်ကလေးတွေကြားတွင် နေရသည်ကို နွယ် ကြည်နူးသည်။ တစ်နေ့တစ်နေ့ ကဗျာရေးလိုက် စာဖတ်လိုက်နှင့်သာ နွယ် အချိန်ကုန်ခဲ့သည်။

“
စာအုပ်ငှားလို့ရမလား ”
ကြည်လင်ပြတ်သားသည့်အသံက နွယ့်နားထဲစီးဝင်လာသည်။ ရေးလက်စကဗျာလေးကချထားပြီး
နွယ် ကြည့်လိုက်သည်။ နွယ်နှင့်အရွယ်တူလောက်ပင်ရှိမည့် လူတစ်ယောက်။ ပုံစံကတော့ ရည်ရည်
မွန်မွန်ကလေးပင်။
ကြည်လင်ပြတ်သားသည့်အသံက နွယ့်နားထဲစီးဝင်လာသည်။ ရေးလက်စကဗျာလေးကချထားပြီး
နွယ် ကြည့်လိုက်သည်။ နွယ်နှင့်အရွယ်တူလောက်ပင်ရှိမည့် လူတစ်ယောက်။ ပုံစံကတော့ ရည်ရည်
မွန်မွန်ကလေးပင်။
“ ဟုတ်ကဲ့ .. ကြိုက်တဲ့စာအုပ်ကိုရွေးပါ၊ ပြီးရင်
နွယ့်ကိုပြောနော် ”
ထိုလူက
ခေါင်းညိတ်ပြီး စာအုပ်များကိုလိုက်ကြည့်နေလေသည်။ နွယ်လည်း ရေးလက်စကဗျာလေး
ကိုဆက်ရေးနေလိုက်သည်။
ကိုဆက်ရေးနေလိုက်သည်။
“ ဒီစာအုပ်လေးငှားမယ်နော် ”
နွယ့်ကို မဂ္ဂဇင်းစာအုပ်တစ်အုပ်လှမ်းပြသည်။ နွယ် စာအုပ်ကို စာရင်းစာအုပ်ထဲတွင်မှတ်ထား လိုက်သည်။
နွယ့်ကို မဂ္ဂဇင်းစာအုပ်တစ်အုပ်လှမ်းပြသည်။ နွယ် စာအုပ်ကို စာရင်းစာအုပ်ထဲတွင်မှတ်ထား လိုက်သည်။
“ ဟို .. နာမည်ဘယ်လိုခေါ်လဲမသိဘူး၊ နွယ်
စာရင်းမှတ်မလို့ ”
“
သြော် .. ဟုတ်သားပဲ၊ ကိုယ့်နာမည် ညီသစ် ပါ ”
ညီသစ်ဆိုသည့်နာမည်လေးကို
စာရင်းထဲတွင်မှတ်ထားလိုက်သည်။ ပြီးနောက် စာအုပ်ကိုလှမ်းပေး
လိုက်သည်။ ထိုလူထွက်သွားတော့
နွယ် ကဗျာဆက်ရေးနေမိသည်။ မဂ္ဂဇင်းများတွင် ကဗျာလေးတွေလစဉ်ပါနိုင်ဖို့ နွယ် ကြိုးစားပြီးရေးမိသည်။
“ ဟင် ”
ကဗျာရေးပြီး၍
စာအုပ်စင်ဘက်သို့ဝေ့ဝဲကြည့်လိုက်စဉ် နွယ့် မျက်လုံးများဝိုင်းစက်သွားလေသည်။
အံ့လည်း အံ့သြသွားမိသည်။ ရင်တွေလည်း တလှပ်လှပ်နှင့် အခုန်မြန်လာသည်။ စာအုပ်စင်ပေါ်
တွင် နွယ် မမြင်ရတာကြာပြီဖြစ်သည့် နှင်းဆီတစ်ပွင့်။ နှင်းဆီပွင့်လေးကိုယူကာ နွယ် မြတ်နိုးစွာ နမ်းရှိုက်လိုက်မိသည်။ နွယ့် နှလုံးသားတစ်ခုလုံးလန်းဆန်းသွားသလိုပင်။

နှင်းဆီပွင့်လေးကို
ဘယ်သူထားသွားတာလဲ။ နွယ် ရင်ခုန်စွာတွေးမိသည်။ နောက်ဆုံးစာအုပ်လာငှား
ခဲ့သည့် သူများလား။ နာမည်က ဘာပါလိမ့်။
နွယ် စာရင်းစာအုပ်ကိုပြန်လှန်ကြည့်လိုက်သည်။ ညီသစ် တဲ့။ နာမည်နှင့်အတူ သူ့ပုံစံက နွယ့်အာရုံ
ထဲတွင်ပ်ါလာ၏။ နွယ့်ဆီကို နှင်းဆီပွင့်လေးတွေပို့ပေးနေတာ ညီသစ်ဆိုတဲ့သူများလား။ နွယ့် ရင်တွေ
အခုန်မြန်လာခဲ့သည်။ နောက်တစ်နေ့ ညီသစ်ဆိုသည့်လူ စာအုပ်လာအပ်လျှင် နွယ် အသေအချာ
စောင့်ကြည့်ရန်ဆုံးဖြတ်လိုက်သည်။

(၃)
“ ကျွန်တော် စာအုပ်လာပို့တာပါ ”
အသံကိုကြားသည်နှင့်
နွယ် လှုပ်လှုပ်ရှားရှားဖြစ်သွားမိသည်။ သူလှမ်းပေးသည့်မဂ္ဂဇင်းစာအုပ်ကို
နွယ် လှမ်းယူလိုက်သည်။ ဒီနေ့မှ ဘာဖြစ်သည်မသိ။ သူ့ကို နွယ် မကြည့်ရဲသလိုဖြစ်နေသည်။
အရေးထဲ ရင်ကလည်းခုန်နေသေးသည်။
နွယ် လှမ်းယူလိုက်သည်။ ဒီနေ့မှ ဘာဖြစ်သည်မသိ။ သူ့ကို နွယ် မကြည့်ရဲသလိုဖြစ်နေသည်။
အရေးထဲ ရင်ကလည်းခုန်နေသေးသည်။
“
နွယ်သစ္စာဆိုတာနာမည်အရင်းလားဟင် ”
အို
.. သူက နွယ့်နာမည်ကိုတောင် သိနှင့်နေသည်ပဲ။ နွယ် ခေါင်းညိတ်ပြလိုက်သလို နှင်းဆီပွင့်တွေ
ပေးပို့နေသည်မှာ သူပင်ဖြစ်မည်ဟုထင်လိုက်မိသည်။
ပေးပို့နေသည်မှာ သူပင်ဖြစ်မည်ဟုထင်လိုက်မိသည်။
“ ဟုတ်ပါတယ် ”
“ နွယ်သစ္စာရဲ့ကဗျာလေးတွေကသိပ်ကောင်းတာပဲ၊
ခံစားချက်အပြည့်ပျော်ဝင်နေတယ်၊ သူ ဆိုတဲ့ကဗျာလေးကို အကြိုက်ဆုံးပဲ ”
နွယ် ထပ်ပြီးအံ့အားသင့်မိပြန်သည်။ သူက နွယ့်ကဗျာလေးတွေကိုကြိုက်သည်တဲ့။ ပိုပြီး တိုက်ဆိုင်သည်က သူဆိုတဲ့ ကဗျာလေးက နွယ့်ဆီကို နှင်းဆီပွင့်လေးတွေပို့နေသူကိုရည်ညွှန်းပြီး ရေးထားသည့်ကဗျာလေးဖြစ်သည်။
နွယ် ထပ်ပြီးအံ့အားသင့်မိပြန်သည်။ သူက နွယ့်ကဗျာလေးတွေကိုကြိုက်သည်တဲ့။ ပိုပြီး တိုက်ဆိုင်သည်က သူဆိုတဲ့ ကဗျာလေးက နွယ့်ဆီကို နှင်းဆီပွင့်လေးတွေပို့နေသူကိုရည်ညွှန်းပြီး ရေးထားသည့်ကဗျာလေးဖြစ်သည်။
“ ကိုညီသစ်က နွယ့်ကဗျာမှန်းဘယ်လိုသိတာလဲ
”
နွယ် မေးလိုက်တာ့ သူကဆံပင်ကိုတစ်ချက်သပ်တင်ပြီး
ပြုံးသည်။ သူ့အပြုံးတွင် နွယ်ပင် တဒင်္ဂနစ်မြောသွားရသည်။ သူက တော်တော်ကြည့်လို့ကောင်းပါသည်။
“ ကျွန်တော် နွယ်သစ္စာကိုသိနေတာကြာပါပြီ ”
“ ဘယ်လို .. ကိုညီသစ်က နွယ့်ကိုသိနေတယ်
”
နွယ် အံ့သြစွာဆိုတော့ သူကလှမ်းရယ်သည်။
“ နွယ်သစ္စာကနာမည်ကြီးကဗျာဆရာမပဲလေ၊
ကိုယ်သိတာဆန်းသလား ”
သူ့အဖြေကိုကြားတော့ နွယ် ဘဝင်မကျချင်။ နွယ်ကြားချင်သည့်အဖြေက ဒီလိုမဟုတ်။
သူ့အဖြေကိုကြားတော့ နွယ် ဘဝင်မကျချင်။ နွယ်ကြားချင်သည့်အဖြေက ဒီလိုမဟုတ်။
“ ကျွန်တော်က နွယ်သစ္စာ ဆီကို နှင်းဆီပွင့်တွေပို့နေတဲ့သူလေ
” ဟူ၍ဖြစ်သည်။
သူ ဘာကြောင့်များလျှို့ဝှက်ထားရသလဲ။ နှင်းဆီပွင့်တွေ ပေးပို့နေ တာ သူမဟုတ်ဘူးလား။ နွယ့် စိတ်ထဲဇဝေဇဝါ ဖြစ်လာသည်။
သူ ဘာကြောင့်များလျှို့ဝှက်ထားရသလဲ။ နှင်းဆီပွင့်တွေ ပေးပို့နေ တာ သူမဟုတ်ဘူးလား။ နွယ့် စိတ်ထဲဇဝေဇဝါ ဖြစ်လာသည်။
“ ရော့ .. ဒီစာအုပ်လေးမှတ်ပေးပါ ”
သူက မဂ္ဂဇင်းတစ်အုပ်ကိုလှမ်းပေးသည်။ နွယ် စာရင်းမှတ်ပေးလိုက်သည်။
သူက မဂ္ဂဇင်းတစ်အုပ်ကိုလှမ်းပေးသည်။ နွယ် စာရင်းမှတ်ပေးလိုက်သည်။
“ ဒီမဂ္ဂဇင်းမှာ နွယ်သစ္စာရဲ့ကဗျာလေးပါလို့ငှားလိုက်တာ၊
ကိုယ်က အမြဲတမ်း နွယ်သစ္စာရဲ့ ပရိသတ်တစ်ယောက် ဖြစ်ချင်တာ ”
သူကပြောပြီးထွက်သွားလေသည်။ နွယ့်မှာသာ ရင်တစ်ခုလုံး အလှပ်လှပ်ခုန်ရင်းကျန်ရစ်ခဲ့
သူကပြောပြီးထွက်သွားလေသည်။ နွယ့်မှာသာ ရင်တစ်ခုလုံး အလှပ်လှပ်ခုန်ရင်းကျန်ရစ်ခဲ့
သည်။ ပြီးတော့ နှင်းဆီပွင့် တွေပေးပို့နေသူမှာ
သူဖြစ်ပါစေလို့တိုးတိတ်ဆုတောင်းမိသေးသည်။
နွယ် စာအုပ်ဆိုင်ပိတ်သည့်အချိန်မှာတော့ နှင်းဆီပွင့်လေးတစ်ပွင့်ကိုတွေ့ရပြန်သည်။ ဒီတစ်ခါ
တော့ နွယ် ထင်တာ သေချာသွားခဲ့ပေပြီ။ နှင်းဆီပွင့်တွေပေးပို့သူမှာ သူမှလွဲ၍ ဘယ်သူမှမဖြစ်
နိုင်တော့ပါ။ သူထွက်သွားပြီးကတည်းက စာအုပ် လာငှားသူများမှာ မိန်းကလေးများဖြစ်သော
ကြောင့်ပင်။

(၄)
သူကအရမ်းလျှို့ဝှက်တတ်သူတစ်ယောက်ဖြစ်ကြောင်း
နွယ် သိလာခဲ့သည်။ သူစာအုပ်လာငှားပြီးတိုင်း နှင်းဆီ
တစ်ပွင့် ချန်ထားရစ်စမြဲပင်။ နွယ့်အိမ်မက်တိုင်းတွင်လည်း နှင်းဆီပွင့်များကစိုးမိုးထားဆဲပင်ဖြစ်သည်။
သူ ဘာကြောင့်များ လျှို့ဝှက်လွန်းရသလဲ။ နွယ်
မတွေးတတ်တော့ပါ။ မိန်းကလေးတန်မဲ့နှင့်လည်း နွယ် မမေးချင် ပါ။ သူ လျှို့ဝှက်ခဲ့သလို
နွယ်ကလည်း သိချင်စိတ်ကိုမြိုသိပ်ထားနိုင်ခဲ့သည်။ သို့သော် နွယ့်ကဗျာလေးများထဲတွင်တော့
သူ့ အကြောင်းတွေက အက်ကြောင်းထပ်နေခဲ့သည်။ ကဗျာထဲတွင် နွယ့် ခံစားချက်များစွာ ပျော်ဝင်လျှက်ရှိသည်။
“ လျှို့ဝှက်ချစ်သူ ဆိုတဲ့ကဗျာလေးက
ကိုယ့်ရင်ထဲမှာအစွဲငြိဆုံးပဲ၊ ဒီကဗျာလေးကို ကိုယ်ဖတ်နေမိတာ ဘယ်နှစ်ကြိမ် မြောက်မှန်းတောင်မသိတော့ဘူး
”
သူစာအုပ်လာအပ်သည့်အချိန်တိုင်း နွယ့်ကဗျာလေးတွေကို
ချီးမွမ်းခန်းဖွင့်တတ်သည်။ ဒီတစ်ခါတော့ သူ ကဗျာလေး ကို ဘယ်လောက်နှစ်သက်ကြောင်း သူ့မျက်ဝန်းများက
သက်သေခံနေလေသည်။
“ နွယ်သစ္စာကဗျာရေးရင် ကိုယ်တိုင်ခံစားပြီးရေးလား၊
ကဗျာတွေက အသက်ဝင်လွန်းလို့ပါ ”
“ ဟုတ်တယ်၊ နွယ်ရေးတဲ့ကဗျာတွေအားလုံးကို
နွယ် ခံစားပြီးရေးဖွဲ့ထားတာ ”
“ ဒါဖြင့် ကိုယ်တွေ့ခံစားချက်တွေပေါ့ ”
သူမေးလိုက်သည့်မေးခွန်းကို နွေ ချက်ချင်းမဖြေပဲ
သူ့ကိုကြည့်လိုက်မိသည်။ သူက နွယ့်အဖြေကို အရမ်းသိချင် နေပုံပေါ်သည်။ သူ့မျက်ဝန်းများက
မျှော်လင့်ချက်တို့ဖြင့် တောက်ပနေခဲ့သည်။
“ ဟုတ်တယ် .. အဲဒါနွယ့်ရဲ့ခံစားချက်အစစ်အမှန်တွေပဲ
”
နွယ်ပြောလိုက်တော့ သူ့မျက်နှာပေါ်တွင်
အပြုံးရိပ်တို့ထင်ဟပ်သွားသည်။ နွယ် အရမ်းကိုပွင့်လင်းလွန်းခဲ့ပြီလား။ နွယ့်ရင်ထဲက ခံစားချက်တို့ကို
သူသိစေချင်ခဲ့သည်။ သူ့ဆီကထွက်ပေါ်လာမည့်စကားသံကို နွယ် ကြားချင်နေမိသည်။
“ နွယ်သစ္စာက အရမ်းစိတ်ကူးယဉ်ဆန်တာပဲ
”
ဒီစကားတစ်ခွန်းတည်းဖြင့် သူ နှုတ်ဆိတ်သွားခဲ့သည်။
နွယ်က စိတ်ကူးယဉ်ဆန်လွန်းသတဲ့လား။ နွယ့် ခံစားချက် တွေကို သူ တကယ်မသိခဲ့တာလား။ ဒါမှမဟုတ်
သိလျက်နှင့် နွယ့်ကို အရူးလုပ်နေခဲ့တာလား။ သူက ဘာကိုလျှို့ဝှက်လွန်း နေတာလဲ။
နွယ် တကယ်ပင် သူ့ရဲ့လျှို့ဝှက်ချက်ကိုသိချင်လာမိသည်။
နေ့တိုင်းနှင်းဆီပွင့်တွေပေးပို့နေသည့် သူ့ရဲ့ရည်ရွယ် ချက်ကို နွယ် နားမလည်နိုင်တော့ပါ။
သူ စာအုပ်ငှားပြီးပြန်သွားသောအခါ နှင့်ဆီပွင့်လေးတစ်ပွင့်က စာအုပ်စင်ပေါ်တွင် ကျန်ရစ်နေခဲ့သည်။
နွယ် ဘယ်လိုများနားလည်ရတော့မလဲလေ။
(၅)
ထိုနေ့ကို နွယ် လုံးဝမမေ့ပါ။ ထိုတစ်နေ့သည်
နွယ့်ဘဝတွက် အကြေကွဲရဆုံးနေ့တစ်နေ့ဖြစ်ခဲ့သည်။ အကြီးမားဆုံး ဆုံးရှုံးမှုတစ်ခုကို ရင်ဆိုင်ခဲ့ရသည်။
နွယ် အသိချင်ဆုံးသော လျှို့ဝှက်ချက်တစ်ခုကို သိခဲ့ရသည်။ ကံကြမ္မာသည် ကြေကွဲစရာ အဖြစ်ဆိုးကို
နွယ့် ထံသို့ရက်ရက်စက်စက်ပင် ပို့ဆောင်ပေးခဲ့သည်။
ထိုနေ့က အမေနောက်သို့အဖော်မလိုက်ခဲ့လျှင်
ဒီလိုအဖြစ်ဆိုးကြီးကို မြင်နိုင်ဖွယ်ရာမရှိခဲ့ပါ။ နွယ် မလိုက်ခဲ့လျှင် အကောင်းသားဟုလည်း
ကြိမ်ဖန်များစွာတွေးမိခဲ့သည်။ အခုတော့ နွယ့်အရှေ့ကမြင်ကွင်းကို မယုံနိုင်စွာကြည့်နေခဲ့ရလေ
သည်။
နွယ့် အရှေ့တွင် သူ ရှိနေသည်။ နှင်းဆီပွင့်ကလေးများစွာက
သူ့အပေါ်တွင်ရော သူ့အနားတွင်ပါ ဖုံးလွှမ်းပြန့်ကျဲ လျက်ရှိသည်။ နှင်းဆီပွင့်များ၏ သင်းရနံ့ကလည်း
ပျံ့လွင့်နေသည်။ သူ ကြိုက်နှစ်သက်လွန်းသည့် နှင်းဆီပွင့်များအကြား သူ ပျော်မွေ့နေပြီလား။
သူ ကြေကွဲနေမည်လား။ သေချာတာတော့ သူ ငြိမ်းချမ်းစွာထွက်ခွာသွားခဲ့ပြီဖြစ်သည်။
သူ့အမေနှင့် နွယ့် အမေက ငယ်သူငယ်ချင်းတွေတဲ့။
သူ့အမေပြောသည့်စကားများက နွယ့်နှလုံးကို ပို၍နာကျင် လာစေသည်။ နွယ် ဘယ်လိုများ ဖြေသိမ့်ရမလဲလေ။
“ အခုတလော သားလေးကအရမ်းပျော်ရွှင်နေခဲ့တာ၊
သားလေးမှာချစ်ရတဲ့ကောင်မလေးရှိနေပြီတဲ့လေ၊ ဒါပေမဲ့ သားလေးက ကိုယ်ချစ်တဲ့သူကို ချစ်တယ်လို့မပြောနိုင်တဲ့သူပါ၊
အခုတော့ သွေးကင်ဆာဆိုတဲ့ရောဂါဆိုးက သားလေးကို အနိုင်ယူသွားခဲ့ပြီ၊ အဖြစ်ဆိုးလိုက်တဲ့သားလေးရယ်
”
“ တရားနဲ့ဖြေပါ သိမ့်ရယ် ”
အမေက စိတ်မကောင်းစွာဖြင့် နှစ်သိမ့်ပေးနေလေသည်။
သူဘာကြောင့်ဖွင့်မပြောခဲ့သလဲဆိုတာသိရတော့ နွယ် အရမ်းဝမ်းနည်းသွားမိသည်။ တရားနဲ့ဖြေပါတဲ့။
နွယ်တော့ ဘယ်လိုမှမဖြေသိမ့်နိုင်ပေ။ ဘာကြောင့်များ ဒီလိုထွက်သွားရတာ လဲ ညီသစ်ရယ်။
“ ဟင် .. သမီး ငိုနေတယ် ”
အမေလှမ်းမေးမှ နွယ် သတိထားမိသည်။ နွယ့်မျက်ဝန်းတွင်
မျက်ရည်များစွာစီးကျနေသည်ပဲ။ နွယ့်ရင်ထဲတွင်လည်း နာကျင်နေမိသည်။ သူ့ကို ဒီလိုပုံစံနှင့်မြင်တွေ့ရလိမ့်မည်ဟု
နွယ်တစ်ခါမှမတွေးမိခဲ့ပါ။ အခုတော့ သူက နွယ့် အရှေ့တွင်ရှိနေ သော်လည်း နွယ့်ကိုထာဝရကျောခိုင်းသွားခဲ့ပြီဖြစ်သည်။
သူ့ကို နွယ် ဘယ်တော့မှတွေ့ခွင့်ရတော့မည်မဟုတ်ပါ။
သူ့အသံလေးကိုလည်း ကြားခွင့်ရတော့မည်မဟုတ်ပါ။ သူ့ဆီက နှင်းဆီပွင့်ကလေးကိုလည်း ဘယ်တော့မှ
ပိုင်ဆိုင်ခွင့်ရတော့မည်မဟုတ်ပါ။ နွယ်သည် သူနှင့်ပတ်သက်သည့် အရာမှန်သမျှကို ပိုင်ဆိုင်ခွင့်ရတော့မည်မဟုတ်ပါ။
သူသည် နွယ့်ဆီက နှလုံးသားတစ်ခုလုံးကိုယူကာ
အဝေးသို့ထွက်သွားခဲ့ပြီဖြစ်သည်။ သူ၏နောက်ဆုံးအချိန်သည် နှင်းဆီပွင့်များဖြင့် ထုံလွှမ်းခဲ့သည်။
နှင်းဆီရနံ့များဖြင့်သင်းပျံ့ခဲ့သည်။ နွယ့်ဘဝတွင်မူ နှင်းဆီပွင့်များနှင့်အတူ သူ့ကို
ထာဝရ ဆုံးရှုံးခဲ့ရလေသည်။
နတ်ရဲ ရဲ့ လက်ရာကောင်းလေးတစ်ခုပါ
ReplyDelete