(က)
ပိုးဖလံမျိုးမီးကိုတိုး... တဲ့။ ဒီစကားပုံကို
မွေ့ကြားဖူးပါသည်။ ဒါပေမယ့် မွေ့ကိုယ်တိုင်ကလည်း ပိုးဖလံမျိုး
မီးကိုသိသိကြီးနှင့်ပင်တိုးမိနေသူဖြစ်ပါသည်။ နောင်မင်းကို
ဆိုသည့်နာမည်ကိုကြားလိုက်ရုံဖြင့် တဆတ်ဆတ် တုန်လာသည့်မွေ့နှလုံးသားတို့က
အမုန်းသွေးကြွလာသည်။ ဒါပေမယ့် မွေ့ကိုယ်တိုင် ကလည်း သူ့ကို
အကြောင်းအရင်းရှိရှိမုန်းနေမိသူပါ။
နောင်မင်းကို
နောင်မင်းကို
ဆိုတာက တစ်ချိန်က မွေ့မမ နှင်းယုသိပ်ချစ်ခဲ့ရသည့် မွေ့မမရဲ့ချစ်သူ။
သူကချစ်တာမချစ်တာကိုတော့မွေ့မသိ ။ မွေ့မမကတော့ သူ့ကို
သိပ်ချစ်ခဲ့ရသည်ဆိုတာကို မွေ့သိသည်။ ချစ်သူများနေ့ရောက်တိုင်းလည်း
မွေ့မမကသာလျှင် သူ့အတွက် တကူးတက ချောကလက်တွေဝယ်ပေး ၊
အကျီင်္ဆင်တူလေးတွေရွေးဝယ်။ ထိုကဲ့သို့ တကူးတက မပျင်းမရိလုပ်ပေးခဲ့သူဖြစ်သည်။
သူကတော့ ချစ်သူများနေ့ေ၇ာက်တိုင်းလည်း ပေါ်လာခဲ့သူမဟုတ်။ နောက်နေ့ကျမှ
ချောကလက်လေးပေးရင်း အဲဒိနေ့က မောင်ဘာဖြစ်နေလို့ မရယ်... ဘာညာ ဖြင့်
ဆင်ခြေတွေကိုပေးတတ်သူဖြစ်သည်။ ဒါကိုပင်မွေ့မမက ကျေနပ်နေမြဲ။ မွေ့ကသာ
ညီမဖြစ်သူအဖို့မဆီရာမဆိုင်ရာ စိတ်တိုနေခဲ့သူဖြစ်သည်။
မွေ့က
မွေ့မမထက်စာလျှင်တော့ စိတ်မြန်လက်မြန်ရှိသည်။ မွေ့မမကတော့ တကယ့်နှလုံးသား
သမား။ ဒါ့ကြောင့်လည်း နောင်မင်းကို ရဲ့ မာယာကျော့ကွင်းထဲမှာ
မျောခဲ့သည်ထင်ပါသည်။ ညတိုင်းမွေ့မမက နောင့်အကြောင်းတွေကို ဇာတ်ရေလည်အောင်
မပျင်းမရိ တအိအိနဲ့ ပြောနေတတ်ပေမယ့် မွေ့ကတော့နားထောင်နေရင်းကပင်
နောင့်မကောင်းကြောင်း ဝေဖန်ရေးပင်
တစ်ခါတစ်ခါဆင်းလိုက်သေးသည်။
ထိုအခါမျိုးဆိုလျှင်တော့မွေ့မမက ပြုံး၇င်းသူ့ဘက်က
အကောင်းဖြစ်အောင်ပြောပေးနေမြဲဖြစ်သည်။ မွေ့လည်း မမ ဆီက
နောင့်အကြောင်းတွေကြားရပါများလွန်းတာကြောင့် နားယဉ်နေခဲ့ပါပြီ။ ဒါပေမယ့်
သို့သည့်တိုင် နောင်မင်းကို ဆိုသည့်လူကိုတော့တစ်ခါမှမမြင်ဖူး။
ထိုနေ့ကတော့
မွေ့မမ ကံဆိုးတဲ့နေ့ပေါ့။ မွေ့တို့ညီအစ်မနှစ်ယောက်ရှော့ပင်းထွက်ရာက
ပြန်လာတဲ့အလာ အမောပင်မသေသေး။ မေမေကအိမ်ဝမှ စီးပြောပါတော့သည်။
“နှင်းယု
... နင်လက်ထပ်ရတော့မယ် .. ဦးမြလှိုင်ရဲ့သား ကျော်စွာရှိန်နဲ့
နင်လက်ထပ်ရမယ်၊ ငါတို့လူကြီးချင်းသဘောတူပြီးပြီ ” တဲ့။
ခပ်ပြတ်ပြတ်ပြောလိုက်သောမေမေ့စကားကြောင့် မွေ့မမ ခမျာ လက်ထဲက ဆွဲလာသော
အထုပ်တွေပင် အောက်ကိုဘုတ်ခနဲပြုတ်ကျသွား၏။
“သမီးသဘောမတူနိုင်ဘူးမေမေ ... သမီးမှာ ချစ်သူရှိတာမေမေသိရက်နဲ့ကို ”
မွေ့မမ
ဘယ်က အင်အားတွေများရပါလိမ့်။မေမေ့ကိုထိုကဲ့သို့ခံပြောနေသည်။ မေမေကလည်း
မဖြစ်မနေပင်လက်ထပ်ရမည်ဖြစ်ကြောင်း၊ အတင်းအကျပ်ပင် ပြောလေတော့သည်။ တကယ်တော့
မွေ့လည်း မမကို နောင်ဆိုသည့်လူနှင့်သာ သဘောတူပါသည်။
ကိုယ်မချစ်သောသူနှင့်တော့ မွေ့မမကို နေစေချင်ပါ။
မွေ့မမ
အိမ်ပေါ်ကပြေးဆင်းသွားသည်။ ပြီးနောက် ကားထဲကိုဝင်ကာ ကားကို
ဇွတ်မောင်းမောင်းကာ ထွက်သွားသည်။ မွေ့မမ ဘယ်သွားမယ်ဆိုတာကို မွေ့သိပေမယ့်
ဖေဖေနှင့်မေမေကိုတော့ မွေ့မပြောခဲ့ပါ။ မွေ့မမ နောင့်ဆီကိုသာ သွားမှာ
သေချာသည်။ ဒီအချိန်မှာ မမ အားကိုးစရာဆိုလို့ နောင်တစ်ယောက်သာရှိသည်လေ။ မွေ့
မမ နှင့်နောင့်ကို ဆုံဆည်းစေချင်သည်။ ဖေဖေနှင့်မေမေ ကလည်း နောက်က
အလျင်မီအောင်ကားနဲ့လိုကသည်။ မွေ့ကတော့ အိမ်မှာတစ်ယောက်တည်း
အိမ်စောင့်ကျန်နေသည်။ မွေ့ စိတ်ထဲတွင် တစ်စုံတစ်ခုကို မသိုးမသန့်ခံစားရသည်။
မွေ့စိတ်ထဲကနေလို့မကောင်း ။ ၀မ်းနည်းတာလည်း မဟုတ်သလို ၀မ်းသာတာလည်း မဟုတ်။
မျက်ရည်လည်းမကျမိ။
နာရီဝက်လောက်အကြာမှာတော့
တိတ်ဆိတ်နေတဲ့မွေ့အိမ်ဟာ တယ်လီဖုန်းသံကြောင့် ဆူညံသွားခဲ့တယ်။ မွေ့
အပြေးကိုင်မိသည်။ အို .... ဖုန်းခွက်သည် မွေ့လက်ထဲမှလွတ်ကျသွားသည်။ မွေ့မမ
အက်ဆီးဒင့်ဖြစ်လို့တဲ့လား။ မွေ့ဆေးရုံကိုချက်ချင်းပင်လိုက်သွားသည် ။
မွေ့ဖေဖေနှင့်မေမေကတော့ အော်ငိုနေဆဲ။ မွေ့မမ ဖုန်းကို
ဆရာဝန်ကမွေ့ကိုပေးသည်။ မွေ့ဖွင့်ကြည့်လိုက်မိသည်။ မွေ့မမနှင့်
နောင်ဆိုသည့်လူ ဖုန်းစကားပြောထားကြသည့် မှတ်တမ်းကျန်နေသည်။
မွေ့နားထောင်ကြည့်မိသည်။
“မောင်ပြောလေ ... ”
“မ ...ကျနော်ပြောတာကိုသေချာနားထောင်ပါ ... ”
“ပြောပါမောင်ရဲ့ ... ဘာများလဲ”
“မောင်တို့လမ်းခွဲကြရအောင် ... ဒီစကားပြောရတဲ့အတွက်မောင် မကိုတောင်းပန်ပါတယ် .. ဒါပေမယ့် မောင်တို့ လမ်းခွဲကြရအောင် ”
ပြောချင်တာပြောပြီး ဖုန်းကို တိခနဲချလိုက်သည်။ ထို့နောက် ...
“အားးးးးးးးးးး ”
ဖုန်းထဲမှ
ခပ်ဆူးဆူးအသံထွက်လာသည်။ မွေ့မမရဲ့ကားက သစ်ပင်ကိုဝင်တိုက်လိုက်မိပြီလေ။
မွေ့မမကတော့ မွေ့ကို ပါတစ်ခါတည်း နှုတ်ဆက်သွားလေပြီ ....။ ထိုအချိန်မှ စလို့
မွေ့မမကိုသတ်တဲ့တရားခံက နောင်ပဲ....။ မွေ့နှလုံးသားထဲမှာ
စွဲထင်စွာကျန်ရစ်နေသည်မှာ လူမမြင်ဖူးသော နောင်မင်းကို ဆိုသည့်
နာမည်တစ်လုံးသာဖြစ်သည် ... ။
♥ ♥ ♥ ♥ ♥ ♥ ♥
(ခ)
“ကျနော်
မွေ့ကိုချစ်တယ် ” တဲ့..။ ထိုအသံက မွေ့ မုန်းပါသည်ဟု ဆိုသော နောင့်ထံမှ
ထွက်လာသည့်အသံဖြစ်သည်။ နောင် ဒီစကားကို မွေ့ကို လိုက်ပြောနေသည်မှာ
ဒီတစ်ခါတည်းမဟုတ်တော့။ ကြိမ်ဖန်များစွာရှိနေပြီ။ မွေ့က သာမွေ့မမ ဥပမာ
ရှိနေသည့်အတွက် နောင့်ကို မယုံရဲ။ မချစ်ရဲ။ နောင်လို လူမျိုးကခေါင်းဆယ်လုံး
မရှိပေမယ့် နှလုံးသားဆယ်ခုရှိတတ်သည့်လူစားမျိုး ဟုမွေ့ခံယူထားသည်။
နောင်ကမျက်နှာများသည့် လူစားမျိုးဆိုတာကိုမွေ့သိသည်။ အသည်းစား
ဘီလူးမှန်းသိပါရက်နဲ့ ရင်ကိုဖွင့်ပေးရလောက်တဲ့ထိတော့ မွေ့မမိုက်သေးပါ။
နောက် နှင်းယု သေတယ်ဆိုတာလည်း နောင့် ပယောဂတွေအများကြီးပါသည်။
“ရှင်အရှက်မရှိဘူးလား ... ရှင်ကျမနောက်ကို ဒီလိုပဲတွယ်ကပ်နေတော့မှာလား ”
ထိုစကားပြောသူမွေ့ကလည်း
ပြောနေသည်မှာ တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ်။ ဒါကိုပင် သူကလိုက်နေဆဲ။
သူငယ်ချင်းတွေကတော့ မွေ့ကိုသာလျှင်အပြစ်မြင်ကြတော့ချေမည်။ မွေ့ ကိုယ်တိုင်
ခံစားနေ၇တာကိုတော့ မွေ့သာလျှင်သိသည်။ မွေ့
သူငယ်ချင်းတွေကိုလည်းပြောမပြဖြစ်ပါ။
“ကျနော်မွေ့ ကိုချစ်တာလေးသိစေချင်လို့ပါ ”
သူကမွေ့ကို သိမ်ငယ်စွာပြောသည်။ မွေ့ကတော့ သူ့ကိုခပ်ဆူးဆူးကြည့်ရင်း ...
“ကျမရှင့်ကို
မချစ်ဘူးလို့ ဘယ်နှစ်ခါပြောရမှာလဲ ... ရှင့်မှာမာနမရှိဘူးလား ၊
ယောက်ျားမာနတွေ ဘယ်ရောက်ကုန်လဲ
ကျမရှင့်ကိုဒီလောက်မုန်းတယ်လို့ပြောနေတာလည်းရှင့်ကျမနောက်ကို
လိုက်တုန်းပဲလား ”
“ကျနော့်မှာ ဘာအပြစ်တွေရှိလို့ဒီလောက်မုန်းရတာလဲ”
သူကပြောသည်။
မုန်းတယ်ဆိုတာစိတ်ခံစားချက်တစ်မျိုး။ စိတ်ခံစားချက်တွေမှာ
အကြောင်းပြချက်မရှိဆိုတာကိုသူမသိလေသေ၇ာ။ သူမလည်းစိတ်မှရှည်တော့ပါ။ သူမ
မမနှင့်သူ ဖြစ်ပျက်ခဲ့သမျှ ဇာတ်လမ်းအားလုံးကို အိတ်သွန်ဖာမှောက်
ပြောပြလိုက်တော့သည်။ သူမ ကတော့ မျက်ရည်လေးတွေစို့တက်လာပေမယ့် သူကတော့
ပါးစပ်အဟောင်းသားနှင့် ဘာမှမဆိုင်သလို နားထောင်နေသည်။ သူ့ကြည့်ရတာ
ဘာမှမခံစားရသည့်ပုံ။ ထိုမျှအသည်းမာသည့်ယောကျာ်းကို
မွေ့ဘယ်လိုချစ်နိုင်ရပါလိမ့်။
“အဲဒိနေ့က မှ
ကျနော့်ကိုကျနော် သိလိုက်ရတာ ၊ အဲဒိနေ့က မွေ့နဲ့ မ နဲ့ အတူတူ
ဈေးဝယ်ထွက်ကြတယ်လေ၊ အဲဒိမှာကတည်းက ကျနော်မွေ့ကိုချစ်မိတာပါ၊ အဲဒိတုန်းက
ကျနော်ကမွေ့ကိုမ သူငယ်ချင်းလို့ပဲထင်ခဲ့တာ ၊ မွေ့ကို မညီမ
မှန်းကျနော်မသိခဲ့ဘူး ”
သူပြောသည့် စကားတွေအတွက်
မွေ့ဂုဏ်ယူရမှာလား ၊ ၀မ်းသာရမှာလား၊ သူ့ကို အချစ်ကြီးသူအဖြစ်
သတ်မှတ်ရမှာလား ... ဟင့်အင် မွေ့ဘာတစ်ခုမှမရွေးချယ်နိုင်။ မွေ့မမဆီက
ချစ်သူကို မွေ့ကိုယ်တိုင် လုယူခဲ့တာလား၊ ဒါပယောဂမှာ
မွေ့ကိုယ်တိုင်ပါဝင်ခဲ့မိပြီလား။
“အဲဒိကစပြီးကျနော် မွေ့ကိုချစ်ခဲ့တာပါ၊ အမှန်တိုင်းဝန်ခ့ရမယ်ဆိုရင် မကိုချစ်ခဲ့တာကျနော် စိတ်ယိုင်ခဲ့တာပါ မွေ့ကိုမှ ကျနော် .... ”
“တော်တော့ ... ရှင်ဆက်မပြောနဲ့တော့ ”
မွေ့မျက်ဝန်းက
မျက်ရည်တွေစီးကျလာသည်။ ထိုသို့လည်း မွေ့အဖြစ်မခံလိုပါ။ မွေ့ထိုနေရာမှ ထကာ
ချက်ချင်းပင် ပြန်လာခဲ့တော့သည်။ စီးကျလာသောမျက်ရည်များပင်မသုတ်မိတော့ ...။
♥ ♥ ♥ ♥ ♥ ♥
(ဂ)
သူဇွဲကောင်းသည်ဟုပြောရချေမလားမသိပါ။
သူမထိုနေ့က ကားမပါသောကြောင့် ခြေလျင်သာပြန်လာခဲ့သည်။ သူမနောက်က
သူတစ်ချိန်လုံးလိုက်နေခဲ့သည်။ သူမအိမ်ထိတိုင်သူလိုက်နေခဲ့သည်။ သူ
လိုက်လာတာကိုသိပေမယ့် သူမ ဆက်မလိုက်ဖို့ မတားမိခဲ့ပါ။ အဘယ်ကြောင့် ဆိုသော်
သူမ သူနှင့် ဖက်စကားမပြောလိုသောကြောင့် ဖြစ်သည်။ သူနှင့် စကားပြောလျှင်
သူ့ချစ်ကြောင်းကြိုက်ကြောင်းတွေကို နားထောင်နေရဦးမည်။ ထို့ကြောင့် သူမ
မသိချင်ယောင်ဆောင်ကာ အိမ်ထဲသို့သာ ၀င်လာသည်။
သူမတို့အိမ်ကို
သူလိုက်လာလိမ့်မည်လားဟု စိတ်ပူခဲ့သော်လည်း အချည်းအနှီးသာ။
သူလိုက်မလာခဲ့ပါ။ သို့မှသာ သူမအသက်ရှုချောင်ပါတော့သည်။သူမ ညနေစာစားပြီးတော့
ပြူတင်းပေါက်ကနေတစ်ဆင့် သူ့ကို လှမ်းကြည့်မိသေးသည်။ သူမကိုသူမြင်သည်။
သူပြုံးပြသည်။ သူမတို့အိမ်ရှေ့က ဓာတ်တိုင်အောက်တွင် သူထိုင်နေဆဲ။ သူ
ညနေစာကောစားလားမသိ။ သူမစိတ်ထဲကတော့ မသိမသာစိတ်ပူမိပေမယ့်
သူပြုံးပြတာကြောင့် ပြူတင်းပေါက်တံခါးကိုပိတ်လိုက်သည်။
ဒီနေ့တော့
သူကံဆိုးသည်။ ညရောက်မှ မိုးတွေသည်းကြီးမည်းကြီးရွာသည်။ သူမကြည့်မိတော့ သူ
ထိုဓာတ်တိုင်အောက်တွင်ရှိနေဆဲ။ သူမစိတ်ပူမိပါသည်။ ဒါပေမယ့် သူမအသိစိတ်လေးက
သူမကို အိပ်နိုင်အောင်ကူညီပေးခဲ့တော့သည်။
♥ ♥ ♥ ♥ ♥ ♥
(ဃ)
နောက်နေ့
သူမကျောင်းေ၇ာက်ချိန်မှာတော့ သူကျောင်းမလာဘူးဆိုတာကိုသူမကြားရသည်။
ထို့ကြောင့်ထင်သည်။ သူမစိတ်တွေ တစ်ချိန်လုံး ညှိုးနွမ်းနေတာ။ သူ့အတွက်
သူမစိတ်ပူနေမိသသည်။ သူမ တစ်ခါမှ လူတစ်ယောက်အတွက် ထိုကဲ့သို့ စိတ်မပူဖူးပါ။
သူမကျောင်းဆင်းတော့ တစ်ယောက်တည်း ကားကိုပျင်းရိစွာမောင်းလားသည်။ ထိုစဉ် ...
“မွေ့ ..”
နောက်က
ခေါ်သံတစ်ခုကိုကြားလိုက်တာကြောင့်လှည့်ကြည့်မိသည်။ သူ။
ဘယ်ချိန်ကတည်းကများကားတည်းဝင်နေသည်မသိ။ သူမအံ့သြမိသည်တော့အမှန်။ နောက်
သူဘာမှလည်းမဖြစ်၊ အကောင်းတိုင်ရှိနေသေးသည်။
“ရှင် .... ရှင်ဘယ်လိုလုပ် ကျမကားထဲကိုရောက်နေတာလဲ ”
“မွေ့ကို တောင်းပန်ချင်လို့ပါ ... ”
“ရှင် ဆင်း ... ခုချက်ချင်းဆင်း ... ”
မွေ့ပြောနေသော်လည်းကားရပ်မပေးမိ။
“ကျနော်ပြောပြီးရင်ဆင်းမှာပါ
” သူကလည်းခေါင်းမာလွန်းသည်။ မွေ့ကလည်း ကားရပ်မပေး ။သူကလည်း ခေါင်းမာသည်။
နှစ်ယောက်သား ရုန်းရင်းဆန်ခတ် ဖြစ်ကြရာမှ သူမကားသည်လည်း ဘယ်ညာယိုင်ပြီး
ရှေ့တွင်ရှိသော ဓာတိုင်ကိုဝင်တိုက်လိုက်မိသည်။
“ဒုန်းးးးးး ”
“အားးးးးး ”
သူမ အမှောင်ထုကြီး ဖုန်းသွားသည်။ မျက်ခွံတွေလည်းလေးလာတာကြောင့် မျက်လုံးတစ်စုံက ဘာမှမမြင်ရတော့။ သူမလောကကြီးကို ခဏနှုတ်ဆက်လိုက်သည်။
♥ ♥ ♥ ♥ ♥ ♥
(င)
သူမမျက်လုံးတို့ပွင့်လာသည်။
သူမခေါင်းကတော့ နည်းနည်း ကိုက်နေဆဲ။ သူမ
မျက်လုံးပွင့်ပွင့်ချင်းမြင်လိုက်မိတာကတော့ သူ။ သူမဘေးတွင် သူထိုင်နေဆဲ။
သူ့လက်မှာလည်းပတ်တီးဖြူကြီးကိုစီးကာ လည်ပင်းမှာ သိုင်းပတ်ထားသည်။
ခေါင်းမှာလည်း ပတ်တီး ဖြူကြီးစည်းလို့။ သူမျက်ဝန်းတွေနီရဲနေသည်။
သူငိုထားတာသေချာသည်။ သူ့မျက်ဝန်းနီနီလေးတွေက တောက်ပနေသည်။
“မွေ့ .. သတိရလာပြီလား .. ကိုယ်ဆရာဝန်သွားခေါ်ပေးမယ် ”
မွေ့ဘာမှမပြော
သူ့ကိုရုတ်တ၇က် ဖက်ထားမိသည်။ သူကလည်း ဘာမမသိ။ ငြိမ်သာနေလိုက်သည်။
သူမမျက်ရည်တွေစီးကျလာသည်။ ဒီတစ်ခါမျက်ရည်ကတော့ ၀မ်းသာမျက်ရည်သာဖြစ်မည်။
“ရှင်ဘာမှမဖြစ်ဘူးနော်
... ဒီတိုင်းလေးပဲနေပါ ... ကျမရှင့်ကို ထပ်ပြီး မစွန့်လွှတ်နိုင်တော့ဘူး
.. တကယ်တော့ ကျမရှင့်ကိုချစ်နေခဲ့တာကြာပါပြီ .... ”
ချစ်နေခဲ့တာကြာပြီ တဲ့လား... နောင် တစ်ကိုယ်တည်းပြုံးလိုက်မိပါသည်။
ပြီးပါပြီ ....
ခံစားတတ်သောနှလုံးသားဖြင့်.
လွန်မင်းအံ့
facebook: Lwon Min Aent
Email: lwonminaent@gmail.com
0 မှတ်ချက်:
Post a Comment