ရင်ထဲကမိုး ♥ ♥ ♥ လွန်မင်းအံ့
Written By Unknown on Friday, March 14, 2014 | 10:26:00 PM
မိုးတွေ....
မိုးတွေရွာရင်ငါနင့်ကိုသိပ်လွမ်းတာပဲ။ နင်နဲ့ငါကမိုးရေတွေထဲမှာတွေခဲ့တာမလား အဲဒိနေ့က ငါတို့သင်တန်း ကဆင်းတာနောက်ကျတယ်လေ။ ငါ့အိမ်ကလည်းလာမကြိုဘူး။ ငါလမ်းမှာ မိုးတွေရွာတာနဲ့ ဘေးနားက စတိုးဆိုင် က တံစက်မြိတ်လေးမှာ မိုးဝင်ခိုတယ်လေ။ နင်လည်းမိုးလာခိုတယ်လေ။
ငါတို့အဲဒိမှာတွေ့တာပဲ။ နင်လာတော့ ငါပြန်တော့မယ် ဆိုပြီး ထီးလေးကိုဖွင့်တော့ ငါ့ထီးက ဖွင့်မရဖြစ်နေတယ်။ အဲဒါနဲ့ပဲနင်ငါ့ထီးလေးကိုဖွင့်ပေးခဲ့တယ်လေ။ ဒါပေမယ့် ငါမသိခဲ့ဘူး။ အဲဒိအချိန်တုန်းက နင် ငါ့နောက် ကနေ တကောက်ကောက်နောက်ယောင်ခံလိုက်နေတယ်ဆိုတာကို။
နောက်နေ့ကျနင်ဖုန်းဆက်တယ်လေ။ ငါ့ပိုက်ဆံအိတ်ကိုကောက်တွေ့တယ်လို့။ ငါကပိုက်ဆံအိတ်ထဲမှာ ငါ့ ဖုန်းနံပါါတ်တွေ လိပ်စာတွေဘာရယ်မဟုတ်ထည့်ထားတာဆိုတတော့ နင်သိပြီး ငါ့ဆီကိုဖုန်းဆက်တယ်လေ။ ငါကလည်း ငါပါပဲ။ သိပ်ရှမ်းတာကိုး။
နင်နဲ့ငါကော်ဖီဆိုင်လေးထဲမှာတွေ့တယ်လေ။ အဲဒီတုန်းကနင် အဖြူရောင်အောက်ရှူးနဲ့ ဗွီပုံစံလည်ပင်းပေါက် ပါတဲ့ အကျီင်္ကိုဝတ်ထားတယ်လေ။ နင်ငါ့အိတ်ကိုပြန်ပေးတယ်လေ။ နင်ကတော့ ငါ့ နာမည်ကိုသိနေပေမယ့် ငါကတော့ နင့်နာမည်ကိုမသိတဲ့အတွက် နင့်နာမည်ကိုမေးထားမိတော့ နင်ကပြောတယ်နင့်နာမည် ၀သန်ကို တဲ့။
နင်ငါ့ကိုမရင်းနှီးပဲနဲ့ စတွေ့ကတည်းက ဧပရယ်လို့ရင်းရင်းနှီးနှီးခေါ်ခဲ့တယ်နော်။ အဲဒိချိန်တုန်းက နင် ငါ့ဓာတ်ပုံတစ်ပုံကူးယူထားသေးတယ်လေ။ နင်ငါ့ဆီကို အကြောင်းမဲ့သက်သက် ဖုန်းနံပါတ်သိတိုင်းဖုန်းတွေ ဆက်တယ်လေ။ ဒါပေမယ့် ငါဘာမှပြန်မပြောနိုင်ခဲ့ပါဘူး။ နင်ပြောတာတွေကို ယစ်မူးစွာနားထောင်နေခဲ့မိတယ်။ ငါကိုယ်တိုင်က နင့်ရဲ့ စက်ကွင်းထဲမှာပျော်ဝင်သွားလို့လေ။
နင်ငါ့ကိုစကားတွေရစ်သီပြောနေတဲ့နောက်ဆုံးမှာတော့ နင်ငါ့ကိုဖွင့်ပြောတယ်လေ။
“ရတီကိုယ်မင်းကိုချစ်တယ်” လို့။
ဒီစကားလေးကြားတော့ ငါ့အရမ်းတုန်လှုပ်သွားခဲ့တယ်။ ငါကနင့်ကို မစောလွန်းဘူးလားလို့မေးတော့ နင်က နင်ငါ့ကို နောက်ယောင်ခံလိုက် ပြီး တကောက်ကောက်ကြည့်နေတာကစလို့ အရင်က အကြောင်းတေါပြန်ပြောပြတယ်လေ။ ငါအဲဒါလေးတေါကို ငြိမ်သက်စွာနားထောင်မိနေတယ်
ငါနင့်ကိုအဖြေပေးတဲ့နေ့မှာ ပဲနင်ငါ့ပါးကိုနမ်းတယ်လေ။ ဒါပေမယ့် ငါဘာမှပြန်မေပြောနိုင်ခဲ့ပါဘူး ။ ဘာလို့လဲဆိုတော့ ငါကိုယ်တိုင်က နင့်ကိုချစ်မိသွားခဲ့လို့ပဲ။
နင်နဲ့ငါနဲ့ ညနေတိုင်းစက်ဘီးလျှောက်စီးတယ်လေ။ နင်ငါ့ကို တီတီတာတာ သဘာဝမကျတဲ့ စိတ်ကူးးယဉ်ယဉ်ဆန်ဆန်စကားတွေပြောတယ်။ ငါလည်း စိတ်ဝင်စားစွာပင် နားထောင်မိနေတယ်။ မိုးတွေရွာရင် ငါတို့နှစ်ယောက်အတူလမ်းလျှောက်ဖြစ်ကြတယ်။
မိုးတွေရွာလို့ငါချမ်းလာရင် နင်င့ါကို နင့်ရင်ခွင်ထဲထည့်ပြိးပွေ့ဖတ်ထားတတ်တယ်လေ။ အဲဒိနွေးထွေးမှုလေး ကိုငါအခုထက်ထိတောင့်တနေတုန်းပါပဲ။နင်ရောငါရောက မိုးတွေဆိုသိပ်ချစ်တာလေ။ နင်နဲ့စတွေ့တုန်းကလည်း မိုးရေတွေထဲမှာပဲမဟုတ်လား။
နင်ကမိုးရေတွေနဲ့အတူလာပြီး ငါ့နှလုံးသားကိုအေးချမ်းစေခဲ့သူပါဟာ.....
☻ ☻ ☻ ☻ ☻
ဒါပေမယ့် .....
လောကကြီးကရက်စက်တယ် နင်နဲ့ငါကိုခွဲရက်တယ် ငါလောကကြီးကိုငါသိပ်မုန်းတယ်။ ငါ့ဖေဖေနဲ့မေမေက ငါ့ကိုသူတို့သဘောတူတဲ့သူ နဲ့ပေးစားတော့မယ်တဲ့။ ငါဘယ်လိုမှသဘောမတူဘူး။
ငါမချစ်တဲ့သူနဲ့ငါအတူမှမနေချင်တာ။ နင်သိတော့ နင်ငါ့ကိုလာခိုးဖို့ပြောတယ်လေ။ ငါလည်း သဘောတူ လိုက်တယ်။ ငါတို့ စတွေ့တဲ့ လမ်းထိပ်က ချယ်ရီပင်ကြီးဆီိကိုညကိုးနာရီအရောက်လာဖို့ချိန်းခဲ့ကြပါတယ်။
ငါရောက်လာပါတယ်။ ငါလာတော့နင်မရောက်သေးဘူး။ ငါစိတ်ရှည်ရှည်ထားးပြီးတော့ စောင့်ပါတယ်။ နင်ရောက်မလာခဲ့ဘူးလေ။ ကိုးနာရီဆယ့်ငါးလောက်ရောက်တော့မိုးတွေသည်။လာတယ်။ ငါချမ်းတယ်။ အရင်ဆို နင်ကဖက်ထားနေကြလေ။ အခုတော့ငါ့မှာ ခိုကိုးရာမဲ့နေတော့ ပိုချမ်းတယ်လို့ခံစားရတယ်။
ငါစောင့်ရင်းစောင့်ရင်းနဲ့ နင့်ကို မုန်းမိတယ်။ ငါတစ်ယောက်တည်း ညအမှောင်ကြိး စောင့်နေရမှာကို နင်မသိဘူးလား။ နင်မစာနာတတ်ဘူးလား။ ငါကြောက်စိတ်တွေဝင်လာတယ်။ ကိုးနာရီခွဲသည့်တိုင်အောင် နင်မလာသေးဘူ။
ငါသိပ်ကြောက်တယ်။ နင့်ကိုလည်းမုန်းတယ်။ မိုးရွာထဲမှာ ငါတစ်ယောက်တည်းလေ။ နင်ငါိ့ကု လှည့်စားသွားပြီလို့ငါထင်တယ်။ နင်ငါ့အချစ်တွေကိုကစားခဲ့တယ်လို့ထင်တယ်။ နင့်ကိုငါမုန်းတယ်။ ဆယ်နာရီလောက်မှာ ငါ့အိမ်က လာခေါ်တယ်။ နင့်ကိုမုန်းတာကြေင့် ငါပြန်လိုက်သွားခဲ့တယ်။ နင်နဲ့ငါက ဝေြး့ပီပေါ့။
☻ ☻ ☻ ☻ ☻
နောက်နေ့မှာ နင်တို့အိမ်ရှေိ့ကုငါေ၇ာက်လာတယ်။ မြင်လိုက်ရတဲ့စာတစ်ခုကြောင့် ငါမပျော်နိုင်ခဲ့ဘူး။
( မောင်ဝသန်ကို) အသက်(၂၁) အား........
......................................
အောက်ကစာတွေကို ငါဆက်မဖတ်ရဲတော့ဘူး။ နင်ငါ့ကိုထားခဲ့ပြီလာ။ နင်ငါ့ကို တစ်ယောက်တည်း ထားရက်ခဲ့ပြီလား။ နောက်တော့ ငါတီးတိုးစကားပြောသံတွေကြးရတယ်။ နင့်သူငယ်ချင်းတွေပြောနေတာလေ။
“မိုးရွာထဲမှာ သူ့ချစ်သူကိုတစ်ညလုံးစောင့်နေခဲ့တာတဲ့”
““မိုက်ပါ့ကွာ....နောက်ပြီးသူ့မှာက နှလုံးေ၇ာဂါအခံရှိတယ်”
နင်ငါ့ကိုနင့်မှာနှလုံးရောဂါရှိတာတစ်ခါမှမပြောခဲ့ဘူး။ နင်သိပ်ရက်စက်တယ်။ နင်နေနိုင်တယ်နော်။
“ခေါင်းမှာလည်းဒဏ်ရာနဲ့ဆိုတော့ မေ့လဲရင်းကနေသစ်မြစ်နဲ့ရိုက်မိတာနေမှာပေါ့။ ဒီကောင်က မိုးရွာထဲမှာကြာကြာနေလို့ရတာမဟုတ်ဘူး”
နင့်သူငယ်ချင်းတွေအချင်းချင်းပြောနေတာငါကြားတယ်။ ငါ့ဖုန်းထဲမှာလည်း နင်ခေါ်ထားတဲ့ miss called တွေကြည့်ပဲ။ နင်မက်ဆေ့တစ်ဆောင်ပို့ခဲ့တယ်လေ..ငါ့ဆီကို
တောင်းပန်ပါတယ်....ပြီးတော့ နှုတ်ဆက်ခဲ့ပါတယ်....
တဲ့။ အစကတော့ငါနားမလည်ခဲ့ဘူး။ နင့်ရောဂါအခြေအနေကိုသိလို့နင်ပို့ခဲ့တာမလား။ နင့်ငါ့ကို ဒီလောက်ထိချစ်လိမ့်မယ်လို့တကယ်မထင်ခဲံဘူ။ တကယ်တော့နင်ဒီလိုဖြစ်ရတာင့ါကြောင့်ပါဟာ။ နင်ငါ့ကို ဒီလောက်ထိချစ်ဖို့ ငါကမတန်ပါဘူး။
အခုတော့မိုးတွေနဲ့ အတူနင်လာပြီး မိုးတွေနဲ့အတူနင်ထွက်သွားခဲံပြိ။ ငါဘာလုပ်ရမလဲ။ ငါသိတာကတော့ မိုးတွေရွာတိုင်း ငါနင့်ကိုလွမ်းတယ်ဆိုတာကိုပါပဲဟာ..........
ခံစားတတ်သောနှလုံးသားဖြင့်.
လွန်မင်းအံ့
0 မှတ်ချက်:
Post a Comment