Technology

Home » » ဒီပုတ်ထဲကပဲဒီပဲသာဖြစ်မည်

ဒီပုတ်ထဲကပဲဒီပဲသာဖြစ်မည်

Written By Unknown on Friday, March 14, 2014 | 10:46:00 PM

ဝမ်းစာစပါး၊ ပဲစသည်တို့ကို ပုတ်တစ်လုံးစီနှင့်ထည့်၍ သိုလှောင်ထားရာတွင်  တစ်စုံတစ်ယောက်က ပဲပုတ်ထဲမှပဲကို ထုတ်ယူလိုက်သော အခါတွေ့ရသော ပဲအမျိုး အစားကို မကြိုက်နှစ်သက်သေးသဖြင့် အခြားပဲတစ်မျိုး ရှိလိမ့်နိုးနှင့်ထပ်မံ နှိုက်ထုတ်ယူ ပြန်သော်လည်း ထိုပုတ်ထဲမှ ထိုပဲတစ်မျိုးတည်းကိုသာ ရရှိသည်ဟုဆိုလိုသည်။ တစ်မျိုး တည်းသော အမျိုးအစား၊ အစုအပေါင်းထဲမှ အခြားတစ်မျိုးမျိုးကို မျှော်လင့်ရန်မှာမဖြစ် နိုင်။ တစ်စုတစ်ပေါင်းတည်း တည်သောအရာတို့မှာ အမျိုးအစားအားဖြင့် တစ်မျိုးစား တည်း ဆက်သွယ်ပေါင်းစပ်နေမြဲဖြစ်သည်။ တစ်စုတစ်ဖွဲ့တည်း နေသူတို့မှာလည်း စရိုက်ဓလေ့တစ်မျိုးတည်း တူညီနှီးနွယ်နေတတ်မြဲဖြစ်သည် စသည်ဖြင့်ဆိုလိုသည်။

0 မှတ်ချက်:

Post a Comment

Sports

Lwon Min Aent . Powered by Blogger.

Followers