Technology

Home » , » ချယ်ရီပွင့်တိုင်းလွမ်းနေမယ် ♥ ♥ ♥ လွန်မင်းအံ့

ချယ်ရီပွင့်တိုင်းလွမ်းနေမယ် ♥ ♥ ♥ လွန်မင်းအံ့

Written By Unknown on Saturday, February 22, 2014 | 8:32:00 PM



ချယ်ရီတွေပွင့်ကုန်ပြီနော်။ ချယ်ရီလေးတွေက နင့်ရဲ့နှလုံးသားရဲရဲလေးကိုကိုယ်စားပြုတယ်လို့ နင်ပြောဖူးတယ်နော်။ တကယ်ပဲ ချယ်ရီတွေ ကနင့်နှလုံးသားကိုကိုယ်စားပြုခဲ့တာလား မြတ်သူ။ ချယ်ရီတွေက သူ့အချိန်ေ၇ာက်ရင်အချိန်မှန်မှန်ပွင့်တယ်။ နင်ကောငါ့ကို အချိန်မှန်မှန်လွမ်းရဲ့လား။ နင်တော့မသိဘူး။ ငါကတော့နင့်ကိုအချိန်မှန်မှန်လွမ်းနေခဲ့သူပါဟာ။ ငါလေနင့်ကိုတစ်ရက်မှမေ့မရခဲ့ဘူး။ သိလား။ ငါချယ်ရီပန်းတွေကိုမြင်တိုင်းနင့်ကိုလွမ်းလွန်းလို့ ကျလာရတဲ့မျက်ရည်တွေကိုတော့နင်မြင်နိုင်မယ်မထင်ပါဘူးဟာ။ နင်နဲ့ငါဝေးကြရတာလည်း ငါ့ရဲ့ မိုက်ပစ်ကြောင့်မဟုတ်ပါဘူးလို့နင်ပြောခဲ့ပေမယ့် ငါကတော့ ငါ့ကိုယ်ငါ အပြစ်တွေထပ်တလဲလဲ တင်မိတယ်။ ဘာကြောင့်လဲဆိုတော့ ငါဟာနင့်အပေါ်မှာသိပ်ဆိုးခဲ့တာလေ။ နင်ကတော့ငါ့ကိုအမြဲ အလိုလိုက်တယ်။
 ****************************
ငါမှတ်မိနေသေးတယ် နင်နဲ့ငါစတွေ့ချိန်ကိုလေ။ အဲဒါကငါ့အသိဥာဏ်ထဲမှာ ကျောက်ထက်စာလို ဖျက်မရအောင် စွဲနေခဲ့တာ။ အဲတုန်းက ငါက physic မေဂျာရဲ့ နောက်ဆုံးနှစ်။ နင်ကတော့ ဘွဲ့ တောင်ရပြီးရော့မယ် ။ ဒါပေမယ့် ငါမရိုမသေနဲ့ပဲနင့်ကို အစ်ကိုတွေညီမတွေအစား နင် ငါဆိုတဲ့ စကားလုံးတွေပဲသုံးခဲ့တယ်လေ။ နင်ကတော့ ဘာမှမပြောပါဘူး။ ဒီတိုင်းပဲငြိမ်နေတယ်။ နင်ငါပြောတာတွေကိုတစ်ချက်မှ မငြိုငြင်တာကိုငါသိတယ်။ နောက်ပြီး နင်ငါ့ကိုရိုင်းတယ်လို့လည်းမပြောခဲ့ဖူးလေ။
အဲဒိချိန်မှာ နင်တို့ မောင်နှမနှစ်ယောက်ပဲရှိတော့တယ်ဆိုတာသိရတော့ငါသနားမိတယ်။
နင့်မှာမိဘတွေမရှိတာကိုငါနင့်တို့အိမ်အိမ်လည်ေ၇ာက်မှပဲသိခွင့်ရတော့တယ်။ ငါတို့ဖူးစာကလည်းဆန်းတယ်နော်။ နင့်ညီမနဲ့ ငါကနဲ့ ကတစ်မေဂျာတည်းလေ။ နင့်ညီမကအိမ်လည်ခေါ်တာနဲ့ ငါကတောင်ကြီးကိုလိုက်လာဖြစ်ခဲ့တယ်။ ငါတစ်ယောက်တည်းမဟုတ်ဘဲ သူငယ်ချင်းငါးယောက်နှင့်အတူလာခဲ့တဲ့ဟာကို နင်ငါ့အပေါ်ကိုပိုဂရုစိုက်တာကို အားလုံးရိတ်မိကြတယ်။ ငါတို့အဖွဲ့က ကောင်မလေး သုံးယောက်ေ ကာင်လေးနှစ်ယောက်လေ။ စုစုပေါင်းမှ ငါးယောက်တည်းရယ်။
နင်တို့အိမ်ကလည်းအကျယ်ကြီးလေ။ ဒါကြောင့်ငါတို့ တစ်ယောက်တစ်ခန်းရတယ်လေ။ နင်ကစီးပွါးေ၇းတွေကိုယ်တိုင်ဦးစီးပြီးလုပ်နေတယ် ဆိုတဲ့သတင်းကြားတော့ နင့်ကိုငါ စိတ်ထဲကနေမသိမသာလေးစားခဲ့ပါသေးတယ်။ အဲဒိတုန်းက နင် ငါတို့ကိုပြောခဲ့တယ်လေ။ ဘာမှအားမနာပါနဲ့ ကိုယ့်အိမ်လိုပဲသဘောထားပါလို့ ဆိုပြီး ငါ့မျက်နှာကိုတည့်တည့်ကြည့်ရင်း နင်ပြောခဲ့တာ။ နင်ကစိုက်ကြည့်နေတော့ ငါ့မှယ် ရင်ထဲမှာဗလောင်ဆူပြီး မျက်နှာလေးကို အားကြိုးမာန်တက်လွှဲလိုက်ရတယ်လေ။
သူငယ်ချင်းတွေအပြင်သွားတော့အိမ်မှာ ငါတစ်ယောက်တည်းကျန်ခဲ့တယ်။ နင်ကလည်းအလုပ်မသွားတော့နင်နဲ့ငါနှစ်ယောက်ပေါ့။ နင်ကနင့်ညီမနဲ့ကြိုညှိထားတယ်ထင်ပါရဲ့။ ငါအိပ်ယာထနောက်ကျတာကိုတစ်ယောက်မှာ မနှိုးဘူး။ ထားသွားကြတာ။ နင်ကတော့ဒါကိုအခွင့်အေ၇းလို့ထင်ပြီး ၀မ်းသာကောင်ဝမ်းသာလိမ့်မယ်။ ငါကတော့အဲဒိနေ့က စိတ်တွေကိုတိုလို့။ နောက်မှပြန်စဉ်းစားမိလိုက်တော့လည်း ကျေနပ်စရာတစ်ခုအဖြစ်နဲ့ ပီတီတွေကိုဖြာလို့။
နင်ငါ့ကို တောင်ကြီးမြို့ကိုလိုက်ပြတယ်လေ။ နောက်ပြီး နင့်ရဲ့သစ်ခွခြံ တွေ လိုက်ပြတယ်။ နင်ကဒါနဲ့ပဲအသက်မွေးလာတာဆိုတော့ သစ်ပင်စိုက်တာကျွမ်းမှာပဲလို့ ငါပြောသေးတယ်နော်။ ဒီတော့နင်ကပြန်ပြောတယ်။ ငါကရေးဆင်းနဲ့ပြီးတာတဲ့။ နင်က စိုက်ပျိုးရေးနဲ့ကျောင်းပြီးတာကိုး။ သစ်ပင်စိုက်တာတော်မှာပေါ့။
ငါကသစ်ခွပန်းလေးတစ်ပွင့်ကို ကြိုက်တယ်လို့ပြောတော့နင်ကယူမလားတဲ့လေ။ ငါကလည်းလိုချင်တာပေါ့။အဲဒိအချိန်မှာ လိုချင်တဲ့ ငါ့မျက်နှာက မထိန်းနိုင်ရင် သရေကိုကျရော့မယ်။ ဒါပေမယ့်ပန်းပုံစံကိုကြည့်ရတာဈေးကြီးမည့်ပုံဆိုတော့ ငါလည်း ဟန်ဆောင်ပန်ဆောင် မလိုချင်ကြောင်းပဲပြောလိုက်တယ်။ နင်ကစီးပွါးဖြစ်ရောင်းတာလေ။ ငါကလိုချင်လို့ဖြစ်ပါ့မလား။ ငါသိပါတယ်။ ငါအသက်ကြီးပြီပဲ။ ဒါပေမယ့် နင်က ငါ့ကို နင်ကပေးတဲ့အနေနဲ့ပေးတယ်လေ။ ငါကလည်းအခုချက်ချင်းပန်ချင်တာ မှန်လည်းမရှိဘူးဆိုလေတော့ နင်ကိုယ်တိုင်ပဲငါ့ကိုပန်းပန်ပေးခဲ့တယ်မလား။ ဒါဟာငါ့ဘ၀မှာ ပထမဦးဆုံးသော ယောက်ျားလေးကပန်းပန်ပေးခြင်းပဲလို့ နင့်ကိုပြောတယ်လေ။ နင်ကလည်း စကားတတ်လိုက်တာ။ ဒါကလည်းနင့်ဘ၀၇ဲ့ ပထမအကြိမ်သူများကိုပန်းပန်ပေးခြင်းပဲလို့ပြောခဲ့တယ်မလား။ ဒီစကားကြားတော့ငါဝမ်းသာ သွားခဲ့တယ်။
နောက် နင်ငါ့ကိုတစ်နေရာကို ခေါ်သွားတယ်။ အဲဒိနေရာက သိပ်လှတာပဲ။ လှလွန်းတဲ့ အလှကို မမြိုသိပ်နိုင်လို့ သိပ်လှတာပဲလို့ဖွင့်ပြောမိလိုက်တော့ နင်က ကျနော့်ကိုပြောတာလား ဆိုပြီး အရွှန်းဖောက်လိုက်သေးတယ်မလား။ အဲဒိနေရာက နီနီရဲရဲ ကြီး နဲ့ ဝေဆာနေအောင်ပွင့်နေတဲ့ ချယ်ရီပင်ရဲ့အောက်။ ငါကပန်းနီနီဆိုရင်သိပ်ကြိုက်တာ။
ငါကလိုချင်တယ်ပြောပြန်တော့နင်ကခူးပေးပြန်တယ်။ ဒါပေမယ့် အပင်ပေါ်တက်ခူးရမယ့်အလုပ်ကိုတော့ မလုပ်ပါနဲ့လို့ငါပြောမိတယ်။ နင်ကတော့အလွယ်တကူပဲ။ ခုန်ပြီးတော့ကိုင်းတစ်ကိုင်းကိုချိုးလိုက်တယ။် နင်ကအရပ်မြင့် တဲ့သူဆိုတော့ ကိုင်းတစ်ကိုင်းပါလာတယ။် နင်ငါ့ကိုတစ်ခုသတိပေးသေးတယ်နော်။ ဒီပန်းကိုတော့ မပန်ရဘူးလို့လေ။ ငါကဘာလို့လဲလို့မေးတော့ နင်ကပြုံးသေးတယ်။ ပြီးမှ ပန်းနီနီပန်ရင်ချစ်ဦးသူနဲ့ကွဲမှာစိုးလို့တဲ့လေ။ ငါ့မှာ အဲဒိချိန်တုန်းကချစ်ဦးသူမှမရှိသေးတာ။
ပြီးတော့ နင်က ငါ့ကိုအရဲစွန့်ပြီးတော့ ရည်းစားစကားပြောတော့တာပဲ။ အဲဒိအသံလေးကို ငါ့နားထဲမှာအခုထက်ထိငါကြားနေတုန်းပဲ။ ကျနော် နဒီ့ကိုချစ်တယ်ဆိုတာလေ။ ဒီစကားလေက ငါ့နားထဲမှာ ပဲ့တင်၇ိုက်နေတယ်ဟာ။ ငါနင့်ကို စိတ်မပေါက်ခဲ့ဘူးလေ ။ အဲဒိချိန်တုန်းက ။ အဲဒါဘာလို့လဲသိလား။ အဲဒိအချိန်တည်းက ငါနင့်အပေါ်မှာစိတ်ယိုင်နေလို့ပေါ့။ နင်ကတစ်ခါတည်းအဖြေတောင်းတယ်လေ။ ငါကမိန်းကလေးလေ။ တစ်ခါတည်းပေးလို့သင့်တော်ပါ့မလား။ ငါအချိန်ဆိုင်းလိုက်တယ်။ တက်ယ်တော့ငါမူနေခဲ့တာပေါ့ဟာ။ အဖြေကရှိပြီးသားပဲ။

*********************************
ဒီဇင်ဘာ 1 ရက်နေ့ 2013
ဒီနေ့က အတော်ချမ်းတယ်နော်။ ဒါပေမယ့် ငါကတော့အဲဒိနေ့မှာ အရမ်းနွေးတယ်လို့ခံစားရတယ်။ နင်လည်း ဒီနေ့ မှာ တစ်ကိုယ်လုံးအေးနေရင်တောင် နှလုံးသားလေးကတော့နွေးနေမယ်လို့ထင်တယ်။ အဲဒိနေ့ကိုလည်း ငါဘယ်လိုမှမမေ့ဘူး။ ငါနင့်ကိုအဖြေပေးတဲ့နေ့လေ။ ငါ့ဘ၀မှာ သူစိမ်းယောက်ျားလေးတစ်ယောက်ကို ဘယ်အခါကမှ ချစ်တယ်လို့မပြောဖူးတာတော့အမှန်ပါ။ ငါပထမဆုံးချစ်တယ်လို့ပြောမိတာကနင်ပဲလေ။ ဒါကိုတော့နင်ယုံတယ်လို့ပြောတယ်နော်။ နောက်ပြီး နင့်ကိုယ်နင်ပြောတယ်။ နင်ကသိပ်ကံကောင်းတယ်တဲ့။ ဘာလို့လဲဆိုတော့ ငါရဲ့အချစ်ဦးဖြစ်ခွင့်ရလို့တဲ့လေ။ တကယ်တော့ငါလည်း သိပ်ပျော်ခဲ့တာပါ။
ဒါပေမယ့်လည်းလေ ကံတ၇ားဆိုတာကြီးကရက်စက်လိုက်တာနော်။ ငါလေ ကံတ၇ားဆိုတာကြီး ကိုကိုင်တွယ်ခွင့်သာရှိရင် ငါဖြစ်ညှစ်သတ်ပြစ်လိုက်ချင်တယ်။ နင်နဲ့ ငါ့သူငယ်ချင်းရဲကျော်တို့ ရန်ဖြစ်ကြတယ်လေ။ ရဲကျော်ကနင့်အိမ်မှာ လည်း တည်း အိမရှင်နဲ့ လည်းသတ်သေးတယ် ။ ဒါပေမယ့်လည်း သူကငါ့သူငယ်ချင်းပဲလေ။ ပြီးတော့နင်ကငါ့ချစ်သူ ။ သူကငါသိပ်ခင်တဲ့သူငယ်ချင်း ။ ငါဘယ်သူ့ကိုမှဘက်မလိုက်ခဲ့ပါဘူး
သူတို့ပြန်တော့ငါလည်းပြန်ရတာပေါ့။နင်နဲ့ရန်ဖြစ်မှတော့ဆက်နေလို့၇ပါဦးမလား။ နင်ကလည်းနင်ပဲလေ။ စိတ်သိပ်ဆတ်တာကိုး။ နင့်ညီမနဲ့တောင်နင်ကသိပ်တည့်ချင်တာမဟုတ်ဘူး။ ကောင်လေးချင်းဆိုတော့ပိုဆိုးတာပေါ့
ဟာ။ ဒါပေမယ့် ထားပါလေ။ နင်ကတော့ ငါ့ဆိုရင် အော်တောင်အော်ဖူးတာမဟုတ်ဘူး။ ငါ့ဘက်ကကြည့်ရင်တော့နင်ကသိပ်သဘောထားပြည့်ဝသူပေါ့။ နင့်ညီမတောင်ငါ့ကိုမနာလိုတယ်လေ။
ငါလည်းနင်နဲ့ခွဲရတော့ ၀မ်းနည်းပါတယ်။ ငါအမှန်ပြောတာပါ။ ငါတကယ်ပဲဝမ်းနည်းခဲ့တယ်။ ဒါပေမယ့် ငါမပြန်လို့မဖြစ်ဘူးလေ။ ငါပြန်ရမှာပဲ။ ဒီတော့ငါသူငယ်ချင်းတွေနဲအတူပြန်သွားခဲ့တယ်။ ပြန်သွားခဲ့ပြီးမှ ငါသိခဲ့ရတာက ငါနင်မရှိဘဲမနေနိုင်ဘူး။ နင့်ကိုငါလွမ်းတယ်ဆိုတာပဲ။ ငါနင့်ကိုသတိပေးခဲ့ပါသေးတယ်။ နောက်နှစ် ဒီဇင်ဘာတစ်ရက်မှာ ဆုံမယ်လို့ပေါ့။ နင်ကပြောတယ် တစ်နှစ်တောင်လွမ်းရတော့မှာပေါ့တဲ့။ ဒါပေမယ့်လည်း ဖုန်းအဆက် အသွယ်ရှိတာပဲလေ။ တစ်နှစ်ဆိုတာမကြာပါဘူး။

**********************************************
december 1 2014
ဘာလိုလိုနဲ့ ချိန်းထားတဲ့နေ့ကိုတောင်ေ၇ာက်ခဲ့ပါပြီကော။ ငါလာဖြစ်အောင်ဆက်ဆက်လာတယ်။ နင့်ဆီကိုငါလာတော့ဖုန်းဆက်တယ်လေ။ နင်ကငါ့ကိုလာကြိုတယ်။ ကားဂိတ်ကိုနင်လာကြိုတယ်လေ။ ငါကတော့လာကတည်းကိုက တစ်လမ်းးလုံးနင့်အကြောင်းပဲတွေးရင်းပီ တီတွေဖြာနေခဲ့တာပေါ့။ ထင်ထားတဲ့အတိုင်းပါပဲ။ နင်ငါ့ကိုကားဂိတ်ကိုလာကြိုတယ်။ နင်ငါ့ကိုကားဂိတ်မှာတင်ပဲဖက်ခဲ့တယ်လေ။ ကားဂိတ်ကလူတွေက၀ိုင်းကြည့်နေတော့ ရှက်တယ်လို့တောင်ငါပြောခဲ့သေးတယ်။

နောက်တော့နင့်ကားလေးနဲ့ နင်ခေါ်ရာကိုငါလိုက်လာတယ်။ နင်ကနင့်အိမ်ကိုမသွားသေးဘဲ နင်ငါ့ကိုရည်းစားစကားပြောတဲ့ချယ်ရီပင်အောက်ကိုလာတယ်။  အဲဒိအချိန်မှာ မိုးဖွဲလေးတွေကျလာတယ်။ မိုးလေးတွေကတယ့်ဖွဲဖွဲလေးတွေ။ အောက်မဆင်းနဲ့ လို့ငါပြောတော့နင်က မိုးရေထဲသွားရတာကြိုက်တယ်တဲ့။ ငါကအအေးပတ်မယ်လို့ပြောတော့ နင်ကစိတ်ပူလို့လားတဲ့။ ငါကနင့်လက်မောင်းလေးကိုတောင်လက်သီး လေးနဲ့ ထုခဲ့တယ်လေ။
နင်ကငါ့ကိုမေးတယ်။ ချယ်ရီပန်းတွေလိုချင်သေးလားတဲ့။ ငါခေါင်းညိမ့်ခဲ့တယ်။ နင်ကခူးပေးမယ်လို့ပြောတယ်။ ချယ်၇ီတွေက အရင်တစ်ခါလို ပုပုလေးမဟုတ်တော့တာကိုတော့ငါသတိထားမိသည်။ အပင်ကအရင်ကထက်စာရင် မြင့်လာသလိုပဲ။ နင်ကအပင်ပေါ်ကိုတက်သွားတယ်။ ငါကသတိထားလို့ပြောလေတော့နင်က မပူပါနဲ့ အဆင်ပြောပါတယ် လို့ပြောတယ်လေ။
ထင်မထားခဲ့ဘူး။ မျောက်တောင် သစ်ပင်ပေါ်ကပြုတ်ကျတာပဲလေ။ နင်သစ်ကိုင်းတစ်ခုမှာ ခြေချော်ပြီး ပြုတ်ကျလာတော့ ငါ့မှယ်အသည်းတွေထိတ်လိုက်တာ။ နင်ရဲ့ အော်သံအောအောကြီးက ငါ့ရင်တစ်ခုလုံး ကို ငလျှင်လှုပ်သလို တုန်လှုပ်စေခဲ့ပြိလေ။ နင်အောက်ကို ပြုတ်ကျလာတယ် ။ အပင်ကမြင့်တော့နင်ဘယ်ခံနိုင်မလဲ။ နင့်ကိုယ်ကနေ နီုရဲုနေတဲ့သွေးတွေထွက်လာတယ်။ နေရာတစ်ခုလုံးသွေးတွေပေကျံသွားတယ်။
ငါဘယ်လိုလုပ်ရမလဲ ။  ငါရင်ကွဲပြီပေါ့။ ငါ့ရင်ထဲမှာ ဒဏ်ရာ တစ်ခုကအကြီးအကျယ်ပေါ်လာခဲ့ပြီလေ။ ငါဝေတနာကိုရင်မှာပိုက်ရပြီ။ ငါဘယ်လိုလုပ်ရမလဲ။ နင်အဲဒိနေရာမှာပဲ အသက်နဲ့ ကိုယ်က ကွဲကွာသွားတယ်။ ပြေးထွက်သွားတဲ့နင့် ၀ိဥာဏ်က ငါငိုနေတာကိုမြင်နိုင်ပါဦးမလား။ ငါ့ရင်ခွင်ထဲမှာ နင့်ကိုယ် အခွံအခေါက် ကြီးကို ပိုက်ထားပြီး ငါရှိုက်ငိုနေဆဲပဲ။ ငါငိုသံတွေအဲဒိနေရာမှာ မိုးရေတွေထက်ပိုပြီး ဆူညံနေတယ်။ နင် ...နင်...
နင်ငါ့ကိုထားသွားခဲ့ပြီလား .. ။ ပြောပါဦး မြတ်သူရယ် .... နင်ပြောတော့ နှစ်ပေါင်းရာချီချစ်နေမယ်ဆို ... ခုတော့ ...ခုတော့ ...နင်ငါ့ကိုလောကကြီးထဲမှာ စိတ်ချသွားနိုင်ပြီလားဟာ ...။

******************************************


ချယ်ရီတွေပွင့်ကုန်ပြီနော်။ ချယ်ရီလေးတွေက နင့်ရဲ့နှလုံးသားရဲရဲလေးကိုကိုယ်စားပြုတယ်လို့ နင်ပြောဖူးတယ်နော်။ တကယ်ပဲ ချယ်ရီတွေ ကနင့်နှလုံးသားကိုကိုယ်စားပြုခဲ့တာလား မြတ်သူ။ ချယ်ရီတွေက သူ့အချိန်ေ၇ာက်ရင်အချိန်မှန်မှန်ပွင့်တယ်။ နင်ကောငါ့ကို အချိန်မှန်မှန်လွမ်းရဲ့လား။ နင်တော့မသိဘူး။ ငါကတော့နင့်ကိုအချိန်မှန်မှန်လွမ်းနေခဲ့သူပါဟာ။ ငါလေနင့်ကိုတစ်ရက်မှမေ့မရခဲ့ဘူး။ သိလား။ ငါချယ်ရီပန်းတွေကိုမြင်တိုင်းနင့်ကိုလွမ်းလွန်းလို့ ကျလာရတဲ့မျက်ရည်တွေကိုတော့နင်မြင်နိုင်မယ်မထင်ပါဘူးဟာ။
ငါနင့်ကိုအချိန်မှန်မှန်လွမ်း
တယ်။ ချယ်ရီတွေကိုမြင်တိုင်း ငါ့ရဲ့နှလုံးသားအမာရွတ်က သွေးတစိုစိုထွက်လာတယ်။ ဒီဝေတနာ ဒဏ်ရာကိုပျောက်အာင်ကုသဖို့ကတော့ နင် ... နင်ငါ့ရှေ့မှာတစ်မိနစ်လောက် ... ဟင်အင် ...တစ်မိနစ်လောက် ... တစ်မိနစ်လောက်ပဲဖြစ်ဖြစ်ပေါ်လာပေးပါလားချစ်သူရယ် ........။
                                                                                      ခံစားတတ်သောနှလုံးသားဖြင့် ..
                                                                        လွန်မင်းအံ့
                                         facebook: Lwon Min Aent (လွန်မင်းအံ့)  

1 မှတ်ချက်:

  1. comment လေးတွေရေးခဲ့ကြပါခင်ဗျာ

    ReplyDelete

Sports

Lwon Min Aent . Powered by Blogger.

Followers