မင်းကိုချစ်လို့ပါလေ ♥ ♥ ♥ လွန်မင်းအံ့
Written By Unknown on Saturday, February 22, 2014 | 8:30:00 PM
(၁)
ရတုခင်ခင်
သူမ ခြေလှမ်းတွေတုန့်နှေးနေသည်။ သူမဆေးရုံထဲက ထွက်လာသည်မှာ မျက်နှာမကောင်း။ သူမ မှာ ဘာသောကတွေများရှိနေပါလိမ့်။ သူမ မှ စိတ်မကောင်းစရာတွေရှိတာတော့သေချာသည်။ သူမ ယခုမှ သိလိုက်ရသည့် သွေးကင်ဆာဆိုသည့် စကားလုံးကြောင့် သူမစိတ်ညစ်သွားရပါသည်။ သူမ တွင်သွေးကင်ဆာ ရှိသည့်တဲ့လား။ သူမဘာဆိုဘာမှ မသိခဲ့ပါ။ သူမမှာ ရောဂါရှိမှန်းပင်မသိခဲ့ပါ။ သူမတစ်ခါတစ်ရံ နှာ ခေါင်းသွေးတွေထွက်တတ်သော်လည်း နေပူထဲ အသွားများလို့ဟုသာ ထင်ထားခဲ့သည်။ ခုတော့သွေးကင်ဆာတဲ့လား။ နောက်ပြီးရောဂါကကျွမ်းနေပြီတဲ့ ။ပြောလည်းပြောရက် လိုက်သည့်ဆရာဝန်ဟုသာအပြစ်တင်ချင်သည်။
ရတု မောင်နှင့်ပျော်ခဲ့ရသည့် အချိန်တွေကို သတိရမိသည်။ ရတုနှင့် မောင်က သိပ်ချစ်ကြတဲ့လူတွေ ။ ရတုကလည်းမောင်ကိုသိပ်ချစ်ခဲ့ရသလို မောင်ကလည်းရတုကို ချစ်ခဲ့သည်။ မောင်ဒီအကြောင်းတွေကို သိရင် မောင်သိပ်ခံစားရမည်ဆိုတာကိုရတုသိသည်။
ရတုဆေးရုံရှေ့က နေရိပ်သည့်နေရာတစ်နေရာကိုသွားလိုက်သည်။ ထိုအပင်အောက်တွင်ဆောင့်ကြောင့်
ထိုင်လိုက်သည်။ လက်ထဲကဆေးမှတ်တမ်းကို ကြည့်မိသည်။ ဒါဟာ အိပ်မက်တစ်ခုဖြစ်ပါစေလို့ဆုတောင်းလိုက်ချင်သော်လည်း လိမ်ညာမရမှန်းရတုသိနေသည်။ မောင်နှင့် ရတု အမှတ်တရတွေ လည်းများစွာရှိခဲ့ဖူးသည်။ ဒါတွေကိုလည်း ရတုမမေ့ချင်သေး။. ရတုရင်ထဲမှာလည်း မေ့ဖျောက်လို့ မရအောင်ပင် ကျောက်စာတစ်ချပ်လို စွဲထင်နေသည်။ ဒါတွေကို ထားခဲ့ပြီး ရတုလောကကြီး ကထွက်ခွါ သွားရတော့မည်ဖြစသသည်။ သူမသိပ်ချစ်သည့် မောင်ဆိုသည့် ဝေယံကိုကို ကိုထားခဲ့ရတော့မည်။
ရတုပါးပြင်မှ မျက်ရည်တွေစီးကျလာသည်။ ရတုရောဂါကြီးကို ကြောက်လို့ရယ်လို့တော့မဟုတ်။ သံယောဇဉ်တွေကို မပြတ်နိုင်လို့သာဖြစ်သည။် ရတုလောကကြီးကနေထွက်ခွါဖို့ အဆင့်သင့်မဖြစ်သေး။ ဆရာဝန်ရဲ့ပြောချက်အရ ရတု ကိုယ့်ကိုယ်ကို မသေနိုင်သေးပါဘူးလေ ဟုပင်အားတင်းမထားနိုင်တော့ပြီ။
သူမထိုင်နေရင်းကနေ ရေခဲမုန့်သည်ကို လှမ်းမြင်လိုက်ရသည်ကြောင့်ရင်ထဲက နင့်ခနဲ လိုလိုခံစားလိုက်ရသည်။ အရင်တုန်းက မောင်နှင့်သူမ ရေခဲ့မုန့်တူတူစားခဲ့ကြသည်။ ဝေယံက ရေခဲမုန့် ဆိုလျှင် သိပ်ကြိုက်တာ။ ဒါကိုသူမအသိ။ ဝေယံ သူမကို ခဏ ခဏ ၀ယ်ကျွေးဖူးသည်။ တစ်ခါတစ်လေ တစ်ယာက်ပါးစပ်ကိုတစ်ယောက် ရေခဲမုန့်တွေနှင့်ပေချွဲသွားအောင်ကလေးကလား လိုက်သုတ်ခဲ့ တို့ခဲ့ကြဖူးသည်။ ဒါကိုပင် သူမမမေ့နိုင်။ ထိုကဲ့သို့သော အမှတ်တရအသေးအဖွဲလေးတွေကစ သူမမှတ်မိနေသည်။
စာအုပ်တွေထဲကလို သူမ မောင့်အကြောင်းအမျိုး မျိုးပြပြီး လမ်းခွဲလိုက်ရမလား။ ဟင့်အင် ဒီလောက်ထိလည်းသူမမရက်စက်နိုင်သေးပါ။ သို့သော်ဒီအကြောင်းကိုလည်း မောင့်ကို ပေးမသိချင်သေး ။ မောင်က သူမနှင့်ပတ်သတ်လာလျှင်သိပ်ခံစားတတ်တာ။ ဒီတော့မောင့်ကို လည်းသူလို သေလူတစ်ယောက်အတွက် မခံစားစေချင်။
သူမရဲ့ နှေးကွေးလေးလံနေသောခြေထောက်တို့က သူမကို သူမတိုက်ခန်းဆီသို့ သယ်ဆောင်ခေါ်ငင်ခဲ့ကြပြီ။ သူမ အံ့ဆွဲလေးတစ်ခုမှာ ထိုဆေးစာရွက်ကိုထည့်လိုက်သည။် သူမချက်ချင်းဆေးကုသမှုခံနိုင်မှ ရောဂါကိုတိုက်ခိုက်ပြီး အသကိုဆန့်နိုင်မည်တဲ့။ သူမချက်ချင်းလည်းဆေးကုသမှုမခံချင်။ သူမဆေးကုသမှုခံလျှင်မောင်လည်းအလုပ်ရှုပ် အိပ်ပျက်ခံရမည်ကိုသူမသိသည်။ ဒါထက် သူမ မှာ ပမာဏများပြားသော ငွေဆိုတာလည်းမရှိပါဘိ။ သူမမှာ ရောဂါကုသဖို့ ငွေဆိုတာလုံလုံလောက်လောက်ရှိသည်မဟုတ်ပါ။ ဒါကိုလည်း မောင့်ကိုအသိမမေပးချင်။
*************************************
(၂)
မောင့်ကိုသူမချိန်းလိုက်သည်။ မောင်နှင့် အတူ သူမအချိန်ပေးဖို့စဉ်းစားလိုက်သည။် မောင်နှင့်ရုပ်ရှင်သွားကြည့်မည်။ ပြီးတော့ ကစားကွင်းတွေသွားမည်။ မောင်နှင့်သရဲကားကြည့်ရသည်မှာ သူမအတွက်သိပ်ပျော်စရာကောင်းတာကို သူမသိသည်။ မောင်က သရဲခြောက်သည့် အခန်း ခြောက်ခြားစရာပါသည့်အခန်းဆိုလျှင် သူမကို သူ့ရင်ခွင်နွေးနွေးလေးထဲမှာ ဖက်ထားမြဲဖြစ်သည်။ ဒီနွေးထွေးမှုကို သူမ မမေ့နိုင်။ ယခုထက်ထိတိုင်အောင် လိုချင်မြဲဖြစ်သည။်
မောင်ရောက်လာသည်။ သူမမနက်စာ မစားရသေးတာကြောင့် မောင်နှင့်အတူ ကြက်ဆီထမင်းသွားစားကြပါသည်။ ကြက်ဆီထမင်းဆိုတာကတော့ မောင်ကပြောလောက်အောင် မကြိုက်ပေမယ့် သူမကတော့ကြိုက်ပါသည်။ မောင်ကသိပ်အစားမရွေးတတ်တာကိုသူမသတိုပြုမိသည်။ေ မာင့်သူငယ်ချင်းတွေကတော့မောင့်ကို အစားချေးများသည်ဟုပြောကြသော်လည်း သူမကြိုက်သည့်အ ၇ာမှန်သမျှ မောင်ကြိုက်မြဲဖြစ်သည်။ မောင်က ကြက်ဆီထမင်းစားတိုင်း သူမ ကို ကြက်သားအား အသားနွှာပေးသည်။ သူမက ...
“မောင်ကလည်းကလေးလည်းမဟုတ်ဘဲနဲ့ ရှက်စရာကြီး ”
ဟုပြောလျှင် မောင်ကချစ်စနိုးလေးပြုံးပြီး ...
“ဘာရှက်စရာရှိလို့လဲ ချစ်လို့လုပ်ပေးတာပဲ” ဟု ပြောလေ့ရှိသည်။ ထိုအသံသည်လည်း နားဝင်ချိုလှပါဘိ။
ခုလည်းမောင်က သူမကို ကြက်သားနွှံပေးနေသည်။ သူမမငြင်တော့ပါ။ ဆိုင်မှာမို့ ဘေးလူတွေ နှာခေါင်းရှု့နေသော်လည်း သူမမျက်ကွယ်ပြုလိုက်ပါသည်။ မောင်က ကြားသားနွှံရင်းနဲ့မှ ....
“ရတု ရှက်စရာကြီးလို့မပြေတော့ဘူးလား”
မောင်က သူမပြောနေကျစကားကို မပြောတာကြောင့်မေးသည်။ သူမခေါင်းခါလိုက်သည်။ ထို့နောက် ..
“ဒီနေ့ ရတုလည်းမောင့်ကို ကြက်းသားနွှာပေးမယ် ”
ဟုဆိုကာမောင့်ပန်းကန်ကို သူမရှေ့ကိုယူလိုက်ရင်းအထဲက ကြက်သားကို သူမ ကြင်ကြင်နာနာ နွှာပေးနေသည်။ ပြီးနောက် မောင်က သူမ ပန်းကန်ကိုသူမရှေ့တွင်ချပေးပြီး သူမကလည်းမောင့်ပန်းကန်ကို မောင့်ရှေ့တွင်ချပေးသည်။ မောင်က “ခွံ့ကျွေး ” ဟုကလေးဆိုးလေးဆိုးလေသည်။ သူမမငြင်းပါ။ ပါးစပ်လေးဟနေသောမောင့် ကို ပတ်ဝန်းကျင်ကု လျစ်လျူုရှုပြီး ခွံ့ကျွေးလိုက်ပါသည်။ ဒီနေ့အဖို့တော့ မောင့်အတွက်သူမထူးဆန်းနေချေမည်။
ပြီးနောက် မောင်နှင့်သူမ ရုပ်ရှင်သွားကြည့်ကြသည်။ တိုက်တိုက် ဆိုင်ဆိုင် ထိုနေ့က သရဲကားပြသည်။ မောင်ကလက်မှတ်နှစ်ဆောင်ဝယ်သည်။ သူမတို့က အပေါ်တန်းကကြည့်သည်။ သရဲကားစစခြင်းပင်း မောင်က “ကြောက်လား ” ဟုဆိုကာ သူမကိုဖက်ထားသည်။ မောင့် ၇င်ခွင်နွေးနွေးလေးထဲမှာ နေရတာကိုသူမ သိပ်တောင့်တ သဘောကျပါသည်။ မောင်ရင်ခွင်က သူမတွက် နွေးထွေးလွန်းပါဘိ။
“ရတု ကြောက်ရင်မောင့်ကိုပြန်ဖက်ထားလေ ”
အသံတွေကကျယ်နေသည်ကြောင့် သူမသဲသဲကွဲကွဲမကြားရ။ သို့သော်လည်း သူမကို မောင်စကားပြောနေသည်ဆိုတာကိုသူမသိသည်။ ထိုအချိန်မှာ ပင် သူမမောင့်ပါးလေးကို ရုတ်တရက်နမ်းလိုက်သည်။ မောင်သိပ်ပျော်သွားသည်ထင်ပါသည်။ သူမပါးလေးကိုမောင်ပြန်နမ်းသည်။ သူမပါးလေးကို လက်ဝါးလေးနှင့်ထိကြည့်မိလိုက်သောခါ သူမလက်က စိုစွတ်မှုတစ်ခုရသည်။ သူမသိလိုက်သည်။ သူမနှာခေါင်းက သွေးထွက်သည်ဆိုတာကိုလေ။ သူမမောင့်ကို သန့်စင်ခန်းဟု အကြောင်းပြပြီး ခပ်မြန်မြန်ထွက်လာသည်။
သူမနှာခေါင်းသွေးတွေကို မောင်မသိအောင်သေချာပြောင်နေအောင်သုတပြီးမှ အပေါ်ကို ပြန်တက်လာသည်။ သူမရောက်သွားပြီး သိပ်မကြာခင်မှာပင်ဇာတ်လမ်းသည်လည်းပြီးဆုံးသွားသည်။ ထို့ကြောင့်သူမနှင့်မောင် ချေလျင်သာပြန်လာသည်။ သူမ တို့ လမ်းလျှေက်နေစဉ်မှာပင် မိုးစက်လေးတွေကျလာသည်။ သူမလည်းထီးယူမလာမိသလို မောင်လည်းထီးမပါ။
“မိုးရေထဲမှာ လမ်းလျှေက်ပြီးပြန်ရအောင် ”
မောင်ကပြောတော့သူမမငြင်းပါ။ မောင့်သဘောအတိုင်းပင် မိုးရေထဲတွင် လမ်းလျှေက်ပြန်ကြသည်။ မိုးစက်လေးတွေက တစ်စထက်တစ်စ ပိုပို ကျလာသည်။ သူမတို့မိုးလွတ်ရာကို မပြေးမိ မရှာမိသလို မိုးလည်းမခိုမိ။ မောင်က
“ရတု ချမ်းလား ”
ဟုဆိုကာ သူ့ရဲ့ကုတ်အကျီင်္ထဲတွင် သူမကို ထွေးပွေ့ရင်း လမ်းအတူတူလျှေက်ကြပါသည်။ သိပ်မကြာခင်မှာပင် သူမတိုက်ခန်းရှေ့ကို ရောက်သွားသည်။ မောင်က ..
“ ၀င်တော့နော် ချမ်းနေပြီမှုတ်လား ၊ နွေးနွေးထွေးထွေး နေနော် ”
ပြောပြီး လှည့်ပြန်မည်အလုပ် သူမက ..
“ဝေယံ ”
ဟုခေါ်လိုက်သည်ကြောင့် သူလှည့်ကြည့်သည။် သူမက ...
“ဒီနေ့အတွက်ကျေးဇူးတင်ပါတယ် ”
“ဘာပြောတာလဲ .... ကိုယ့်ကို ကျေးဇူး ...”
“နောင် ရတုဆီကို မလာခဲ့ပါနဲ့တော့ ...”
သူအံ့သြသွားပုံရသည်။ ...
“ရတု မင်းဘာတွေပြော .....”
“လမ်းခွဲရအောင် ... ရတုတို့လမ်းခွဲရအောင် ”
“ရတု ဘာတွေပြောနေတာလဲ ... မောင်တို့ ဘာလို့လမ်းခွဲရမှာလဲ ရတုမောင့်ကိုချစ် ”
“ရတုတို့ လမ်းခွဲဖို့အချိန်တန်ပြီ ရတုကချစ်နေသေးတယ်ထင်လို့လား ဝေယံကိုယ့်ကိုယ်ကို အဲလောက်အထင်ကြီးလိမ့်မယ်လို့မထင်ခဲ့ဘူး တကယ်တော့ဝေယံကလူတစ်ယေက်ကို အပိုင်တွက်ထား တာပဲ။ မိန်းမတစ်ယောက်ကို လျှော့မတွက် နဲ့ဝေယံ၊ မှားသွားမယ် ”
သူကသူမိကု မျက်မှောင်ကြီါ်ကြုပ်ရင်းကြည့်နေဆဲ။ သူမကလည်း အားမနာ အေးစက်စွာဖြင့်အားတက်သရောပြောသည်။
“ဘာလို့လဲ ... ရတုမင်းညာနေတာ ညာနေတာမလား မင်းကိုယ့်ကို ချစ်နေသေးတယ် မင်းမျက်လုံးမှာ မောင်မြင်နေရတယ် မင်းညာနေတာ မင်းပြောတော့ နောင်ဘ၀ထိချစ်မယ်ဆို ”
သူကသူမလက်မောင်းတွေကို တင်းကျပ်စွာဆုပ်ကိုင်ပြောသည်။ သူ့အားကြောင့်သူမနာကျင်မိပါသည်။ သူမကမချိပြုံးပင်ပြုံးလိုက်သသည်။
“နောင်ဘ၀ ... ဟင်း ..နောင်ဘ၀ နောင်ဘ၀သာရှိခဲ့ရင် ရှင့်ကို ချစ်ချင်ပါသေးတယ်။ ရှင့်ကို ချစ်ခဲ့ရတာ ပျော်ရွှင်မှုအတိုင်းအတာတစ်ခုထိတော့ရခဲ့ပါတယ် ဒါပေမယ့် ဒီချိန်မှာ ရှင်ဟာာ ကျမချစ်သူလို ဆက်မသတ်မှတ်နိုင်တော့ဘူး ကုန်ကုန်ပဲပြောမယ် ကျမကိုမေ့လိုက်ပါတော့ ”
“ဒါမလွယ်ဘူးလေ ကိုယ်သဘောမတူနိုင်ဘူး ”
“ဒါရှင့်ဘက်ကလေ လမ်းခွဲရအောင် ကျမနှလုံးသားထဲမှာ ဝေယံကိုကို ဆိုတဲ့ရှင် က အစောကြီးကတည်း ကအကင်းသေပြီးသားပါ ”
ဒီစကားကြောင့်သူ စိတ်တိုသွားပုံရသည်။ သူမကို လက်ညှိုးထိုးရင်း ....
“မင်း ... မင်း ...မင်းအစောကြီးကတည်းက ဒီလိုရက်စက်တတ်တဲ့မိန်းမလား ... ရတု မင်းတော်တော်ရင့်ကျက်သွားခဲ့ပြီပေါ့ ...အေးရတယ် ...အခုကစပြီး ငါမင်းကိုမေ့လိုက်မယ် မင်းနဲ့ငါမဆိုင်တော့ဘူး မင်းသေရင်တောင်ငါဝမ်းမနည်းဘူးစိတ်ချ”
ထိုသို့ပြောပြီးမောင်က သူမကို ထိုနေရာတွင်ပင် ထားသွားခဲ့သည။် မောင်ပြောခဲ့သည့် စကားကြောင့်တော့ သူမ၀မ်းနည်းရပါသည်။ မောင့်ကျောပြင်ကို ကြည့်ရင်း စီးကျလာသောမျက်ရည်တို့ကိုပင် မသုတ်မိ။ သူမနှင့်သူ ဘယ်တော့မှ ဆုံနိုင်ခြင်းမရှိတဲ့ မျဉ်းပြိုင်တစ်ကြောင်းလို ဝေးပြီ .... ဝေပြီပေါ့ .... ။
ခံစားတတ်သောနှလုံးသားဖြင့် ...
လွန်မင်းအံ့
0 မှတ်ချက်:
Post a Comment