Technology

Home » , » မင်းကိုချစ်လို့ပါလေ (၂) ♥ ♥ ♥ လွန်မင်းအံ့

မင်းကိုချစ်လို့ပါလေ (၂) ♥ ♥ ♥ လွန်မင်းအံ့

Written By Unknown on Saturday, March 8, 2014 | 10:48:00 PM



(၃)

သူမခုဆိုမောင်နှင့်မတွေ့ရသည်မှာ တစ်လတင်းတင်းပင်ပြည့်တော့မည်။ ကင်ဆာ ဆိုသည့် ဝေဒနာပျင်းပျင်းထက် ရင်ထဲကဆာလောင်မှုကသာ ပိုလို့ ဆိုးဆာလှသည်။ တကယ်ဆို သူမ ယခုကဲ့သို့မလုပ်သင့်ဟုတော့ ထင်လိုက်မိပါသည်။ သို့ပေမယ့် သူမနောင်တရနေခြင်းတော့မဟုတ်ပါ။ ထိုအတွက်နှင့်တော့ သူမ နဲနဲလေးမှပင် နောင်တမရမိပါ။ သူမ မောင့်ကို စိတ်မဆင်းရဲစေချင်တော့ပါ။

မိုးဖွဲလေးတွေတောင်ကျလာပြီ ။ သူမ မောင်နှင့်ရုတ်ရှင်ကြည့်တုန်းက အချိန်ကိုသတိရမိသည်။ မိုးဖွဲလေးတွေကျလာတော့ လမ်းပေါ်မှာ လူတွေရှင်းလာလေပြီ။ သူမလမ်းဘက်ကိုထွက်လာသည်။ အခုတော့ သူမကိုထွေးပွေ့မည့်သူမဆိုထားဘိ။ လမ်းပင်အတူတူ တွဲလျှောက်မည့်သူ၇ယ်လို့မရှိ။ သူမဘ၀က မောင်နှင့်လမ်းခွဲပြီးမှ တစ်ကိုယ်တည်း အထီးကျန်ဆန်လှသည်။ မောင်နှင့်ခွဲပြီးမှ လွမ်းစရာတွေပေါလှသည်။ နှလုံးသားက တစ်စထက်တစ်စနာကျင်လှသည်။ မောင်သည် သူမအပေါ်တွင်ညှို့ငင်နိုင်လွန်းသည်။

သူမကိုယ်ပေါ်ကို ရေစက်လေးတွေကျလာတော့ချမ်းသယောင်ယောင်ရှိသည်။ ခုချိန်တွင် သူမ မောင့်ရဲ့ ရင်ခွင်နွေးနွေးလေးကို တမ်းတမိသလိုလို။ အတိတ်ကိုလွမ်းမိသလိုလိုရှိလာသည်။ မောင့်ကို တမ်းတမိသည်။ အ၇ိပ်သဖွယ်ရှိနေသည့်မောင် ခုတော့ ခွေးတစ်ကောင်ကြောင်တစ်မြီးတောင်ပေါ်မလာတော့ချေ။

တစ်နေ့ကတွေ့လိုက်ပါသေးသည်။ ဒါပေမယ့် ရက်စက်နိုင်လွန်းသည့်မောင် သူမကိုမမြင်ချင်ယောင်ဆောင်သွားသည်။ သူမကိုတွေ့လို့ လွမ်းသည့်ပုံပင်မပေါ်။မသိသည့် သူစိမ်းတစ်ယောက်ပမာ ခပ်မာမာ ခပ်သာသာသာ သူမကို ကျော်ဖြတ်သွားသည်။ မောင်ရက်စက်နိုင်လွန်းဘိ။ ဒါပေမယ့်လည်း သူမက အ၇င်လွမ်းခွဲခဲ့သည့်အတွက် သာ ဖြေသိမ့်ခဲ့ရသည်။ ယောကျာ်းမာနများပြင်းလွန်းပါ၏။ ခုတော့မိုးရွာတည်းမှာတစ်ယောက်တည်း။

မိုးတွေရယ် သဲသဲလေးသာရွာလိုက်ပါတော့လား ...

သူမဆုတောင်းပြည့်သည်ထင်သည်။ မိုးများသည်းလာသည်။ သူုမမိုးဖွားလေးတွေကို မုန်းသည်။ မိုးလေးဖွဲရင်သတိရလာတတ်သည့် နှလုံးသားအတွက် မိုးဖွဲတွေကိုမုန်းမိသည်။ ခုတော့မိုးတွေက သည်းကြီးမည်းကြိးရွာလို့ ... ။

*************************

(၄)

သူမမရှိဘဲ သူမနေတတ်တာကို ခုမှ ဝေယံသဘောပေါက်လာသည်။ ခုလိုမိုးလေးတွေသည်းသည်းမဲမဲ ဒါမှမဟုတ် ခပ်ဖွဲဖွဲရွာတိုင်းသူမကိုသူ သတိရမိသည်တာပဲ။ မိုးတွေကသူ့ရင်ထဲက အလွမ်းပင်တွေကိုရှင်သန်အောင် များရေလောင်းပေးနေသလား။ သူ့ကိုယ်သူလည်း ဘယ်လိုဖြစ်နေမှန်းမသိတော့။ စိတ်ထဲကလည်း သူမကိုမုန်းသလိုလိုနှင့် သူမကိုသာတောင့်တနေမိသည်။

ဘာကြောင့်မှန်းမသိ သူ့ခြေထောက်တွေက ရတုတို့ တိုက်ခန်းလေးဆီကိုဦးတည်နေသည်။ ရတုတို့ဟုဆိုသော်လည်း ရတုတစ်ယောက်တည်းနေသည့် အငှားတိုက်ခန်းလေးသာဖြစ်သည်။ သူရောက်သွားလျှင် သူမဒေါသတစ်ကြီးနှင့် မုန်းသည်ဘာညာပြောဦးမည်သာဖြစ်သည်။ သူမ အိမ်ထဲထိဝင်ဖို့တော့စိတ်ကူးမရှိပါ။ သူမမျက်နှာလေးကို တံခါးမှဖြစ်ဖြစ်။ သို့မဟုတ်။ သူမတိုက်ခန်းအပြင်ထွက်နေလျှင်လည်း အပြင်ဘက်တစ်နေရာမှဖြစ်ဖြစ် သူမြင်ချင်သည်။

သူတံခါးရှေ့မှာ မတ်တတ်ရပ်လိုက်သည်။ တံခါးကလော့မချထား။ သူတွန်းလိုက်သည်နှင့် ပွင့်သွားသည်။ သူအခန်းတွင်းသို့ဝင်လာသည်။ သူမစာကြည့်သည့်စားပွဲပေါ်မှာ သူမနှင့်သူ တွဲရိုက်ခဲ့သည့် ဓာတ်ပုံလေးကထောင်လို့။ ဒါဆို ရတုသူ့ကို မမေ့သေးဘူးပဲ။ သူပြုံးမိသည်။ ဓာတ်ပုံလေးကိုလည်း ခဏတော့ကိုင်ကြည့်မိသည်။ပြီးနောက်ပြန်ချထားလိုက်သည်။  နောက် အံဆွဲတွေထဲကို တစ်ခုပြီးတစ်ခု ရှာကြည့်မိသည်။ သူ စပေးသည့်ရည်းစားစာမှ အစ အမှတ်တရမှန်သမျှအကုန်ရှိနေသေးသည်တာပဲ။ သူသာမနေနိုင်သူမို့ လွမ်းရမည်ဆိုးလို့ သူမပေးသမျှအရာအကုန်ကို လွှင့်ပစ်ခဲ့ပြီးပြီ။

တစ်နေ့ကတွေ့တာကိုပင် သူမမြင်ချင်ယောင်ဆောင်ခဲ့သည်။ နို့မို့ဆို တွေ့ချင်စိတ်က ပျင်းထန်ပြီး လူကိုသာညှင်းဆဲမည်ဖြစ်သည်။ ထိုအတွက်လည်းပါမည်ထင်သည်။ သူထိုနေ့က ခံစားချက်တွေကို မမြိုသိပ်ဘဲ အရှိကိုအရှိအတိုင်းသူမနှင့်တွေ့ခဲ့မည်ဆိုပါက ဒီလောက်ထိခံစားရမည်မဟုတ်ချေ။

သူမလျှောက်ရှာမိသည့်နောက်ဆုံး စာရွက်တစ်ရွက်ကိုတွေ့သည်။

ဟင် ... ရတုက သွေးကင်ဆာဖြစ်နေတာလား

သူငိုင်သွားမိသည်။ သူ ထိုနေရာမှပြေးထွက်လာမိသည်။ ဒီချိန်ဆိုသူမမိုးရေတွေစိုရွှဲလို့ပေါ့။ သူမကိုဘယ်သူဖက်ထားပါလိမ့်မလဲ။ သူမ ဘယ်သူနှင့်အတူရှိနေမလဲ။ သူမဆီမှာ ထီးတစ်လက်လောက်များပါပါ့မလား။ ဒါတော့မဖြစ်နိုင်။ သူမကထီကို မိုးရွာတိုင်းယူတတ်သူမဟုတ်။ 

သူပြေးလာမိသည်။ သူမရှိလောက်မည်ထင်သောနေရာကို။ သိပ်မကြာပါ။ သူမကိုသူတွေ့သည်။ သူမေ၇ှ့ကိုေ၇ာက်မှ သူ့ခြေထောက်က ပြေးနေရာမှ ရပ်တန့်သွားသည်။သူမဆီကို တုန့်နှေးနေသောခြေထောက်တို့ဖြင့် ဖြေးညှင်းစွာသွားမိသည်။ ပြီးနောက်သူမကို ဖက်ထားလိုက်သည်။

သူမနာခေါင်းသွေးတွေက သူ့အင်္ကျီမှာ စိုရွဲလျက်။

“ရတုရယ်ကိုယ့်ကိုဘာလို့ညာခဲ့တာလဲ ... ကိုယ်ရတုကိုအရမ်းလွမ်းတာပဲသိလား”

“ရတုလည်းမောင့်ကိုလွမ်းနေတာပါ ”

“ဒါနဲ့များရတုရယ် ”

”မောင် ..”

“ပြောလေ .. ရတု ”

“ရတုတို့တစ်ယောက်ကိုတစ်ယောက် တကယ်မေ့ ... ”

သူမစကားမဆုံးခင် ...

“ဝေးဖို့မပြောပါနဲ့ ”

“ရတု ... ”

သူမဘာမှထွက်မလာ .. ။ သူမခေါင်းကသူ့ပုခုံးပေါ်မှာ တင်မှီလျက် ။ သူ . သူမကိုလှုပ်နှိုးလိုက်သည်။ သူမဘာမျှ ဖြစ်မလာ၊ ထူးမလာတော့။ သူမဆုံးသွားပြီ။ သူမ အသက်ရှုသံတွေ နှလုံးခုန်သံတွေရပ်တန့်သွာသည်။

ရတု .... ရက်စက်လိုက်တာကွာ .....

                                                            ပြီးပါပြီ ...

                                                                                                                                                                                                            ခံစားတတ်သောနှလုံးသားဖြင့်

                                                                          လွန်မင်းအံ့


0 မှတ်ချက်:

Post a Comment

Sports

Lwon Min Aent . Powered by Blogger.

Followers