မိဘနဲ့ သားသမီးကြားက သံယောဇဉ်ဆိုတာ အလွန်တရာမှကို ကြီးမားတယ်လို့ ဆိုပါတယ်။ ဟုတ်ပါတယ် မိဘက သားသမီးကိုချစ်တဲ့ အချစ်က နှိုင်းဆလို့မရတဲ့အချစ်။ ဘယ်သောအခါမှ ချုပ်ငြိမ်းမသွားမယ့် အချစ်တွေသာ ဖြစ်ပါတယ်။ သို့သော် သားသမီးနဲ့ မိဘကြားမှာအနည်းငယ်သော ပဋိပက္ခလေးတွေဖြစ်စမြဲပါ။ ဆိုတော့ မိဘကလည်း သားသမီးကို ရှာဖွေကျွေးမွေးနေရုံနဲ့တော့ ပြည့်စုံနိုင်မှာ မဟုတ်ပါဘူး။ ဆိုကြပါစို့ ။ ဥပမာ မိဘတွေက အလုပ်များလို့ ကလေးအတွက်လအချိန်မပေးနိုင်တာ တို့ ကလေးကို လိုအပ်သလောက်ဂရုစိုက်မပြတာတွေပါ။ စိတ်ထဲ ရင်ထဲက ချစ်ပေမယ့် ချစ်တဲ့အချစ်ကို ဖွင့်ဟတတ်ဖို့လိုပါတယ် ။
ဆိုတော့ ...
(၁) ဂရုစိုက်ပြပါ
သင့်ကလေးရဲ့ကျန်းမာရေး အစစအရာရာ ဂရုစိုက်ပြပါ။ နည်းနည်းလေး ကလေးက နှာချေတာတို့ အချိန်အခါမဟုတ်ချမ်းလာတာတို့ဖြစ်ရင် နေမကောင်းဘူးလား ဘယ်လိုနေလို့လဲ ဆေးသောက်လေ စသဖြင့် ပြောပြပေးပါ။ သင့်ကလေးကို သင်က ဆေးသောက်ဖို့ပြောရင် သူကတော့ ငြင်းဆန်ပါလိမ့်မယ် ။ တစ်ခါတစ်ရံ
ဒေါသထွက်တဲ့ စရိုက်တွေလုပ်ပြနိုင်သော်လည်း သူတို့ရဲ့စိတ်ထဲမှာတော့ ကျေနပ်သွားမှာအသေ အချာပါ။ နောက်ပြီး အသက်အရွယ်ရလာလို့ စဉ်းစားတတ်ပြီဆိုရင်လည်း အရင်ဦးဆုံး သင့်ရဲ့ မေတ္တာ စေတနာတွေကိုနားလည်လာပါလိမ့်မယ် ။
(၂)အလိုမလိုက်ပါနဲ့ မကူညီသင့်တာ မကူညီပါနဲ့
အလိုလိုက်တော့ အမိုက်ဆော်ကား ဆိုတာကိုတော့ သင်လည်းကြားဖူးပါလိမ့်မယ်။ ဒါပေမယ့် သင့်ကလေးကို အရာရာကိုပိတ်ပင်နေလို့လည်း မဖြစ်ပြန်ပါဘူး။ ကလေးကို မူးယစ်ဆေးဝါး သုံးဆွဲတာတွေ ကျောင်းနေအရွယ်မှာ အကျင့်ပျက်တာတွေ ဒါတွေကို အလိုလိုက်ပြီး သည်းခံမနေသင့်ပါဘူး။ သင့်ကလေးရဲ့ အပေါင်းအသင်းတွေ အမူအကျင့်တွေကို အမြဲဂရုစိုက်ပါ။ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုဆက်ဆံတာ ပတ်ဝန်းကျင်နဲ့ အဆင်မပြေမှုတွေဖြစ်နေတယ်ဆိုရင်တော့ ဒါဟာ သင်ဆုံးမရမှာတွေပါ။ ကလေးဘဝတည်းက ဆဲတာတွေကို ခွင့်မပြုသင့်ပါဘူး ။ ငယ်ငယ်ကဆဲတာကတော့ ကလေးမို့ဆို လက်သင့်ခံနေရင် သင့်ကလေးက အကျင့်ပါလာမှာပဲဖြစ်တယ်။ ဒီအကျင့်ကို ငယ်ငယ်ကတည်းက မပြင်ရင်တော့ အမိယုတ်တော့နှုတ်ကြမ်း၏ ဆိုသလို မိခင်ရဲ့အပြစ်တွေပါ။
နောက်တစ်ချက် သင့်ကလေးရဲ့ကိုယ်ရေးကိုယ်တာ ကို သူကိုယ်တိုင်ပဲလုပ်ပါစေ။ သင့်ကလေးတတ်နိုင်တဲ့ တနိုင်တပိုင် အလုပ်တွေကို ဘယ်လိုအကြောင်းကြောင်းနဲ့မှ သင်လုပ်မပေးပါနဲ့။ ဥပမာ အိပ်ယာခေါက်တာတို့ ပန်းကန်ဆေးတာတို့ ကို လုပ်ပါစေ။ ဒါပေမယ့် အရွယ်နဲ့ လိုက်အောင်တော့ခိုင်းပေါ့။ အရွယ်နဲ့ မလိုက်အောင် ခိုင်းနေရင်တော့ သင်က ကလေးသူငယ်ညှင်းပန်းတာဖြစ်သွားပါပြီ။ ကိုယ့်အဝတ်ကို မလျှော်ခိုင်းဘူးဆိုရင်တောင် အတွင်းခံ လိုဟာမျိုးကတော့ လျှော်ခိုင်းသင့်ပါတယ်။ ကောင်မလေးတွေဆိုရင် အိမ်မှုကိစ္စတွေကို တတ်အောင်သင်ပေးရမယ်။ ငယ်ငယ်လေးကတည်းက ကြက်သွန်နွှာခိုင်းတာတို့ ကြက်ဥပြုတ်ခိုင်းတာတို့က စပြီး သင့်သမီးမိန်းကလေးကို အိမ်မှုကိစ္စတွေနဲ့ ရင်းနှီးပါ စေ။
(၃)လွတ်လွတ်လပ်လပ်ထားပါ မချုပ်ခြယ်ပါနဲ့
သင့်ကလေးဟာ ကောင်လေးဖြစ်ဖြစ် ကောင်မလေးဖြစ်ဖြစ် မချုပ်ခြယ်သင့်ပါဘူး။ ကောင်မလေးဆိုရင်တောင်လသူငယ်ချင်းတွေ နဲ့အပြင် မှာ မုန့်စားထွက်တာတို့ အပြင်ထွက်ဈေးဝယ်တာတို့ လောက်ကရှိမှာပါ။ ဒါဟာ သင့်ကလေးကို လူပေါင်းဆန့်စေပါတယ်။ ယောက်ကျားလေးဆိုရင်တော့ ညဘက်တွေထွက်တတ်မှာပါ။ ဒါကိုလည်း မတားဆီးသင့်ပါဘူး။ ဒါပေမယ့် ကန့်သတ်ထားသင့်တယ်။ ဥပမာ ဘယ်နနာရီအိမ်ပြန်လာရမယ်တို့ ဆိုတာမျိုးပေါ့။ အဲလိုမျိုးမဟုတ်ဘဲ လုံးဝချုပ်ခြယ်မယ်ဆိုရင်တော့ သင့်သားသမီးဟာလွတ်သွားနိုင်ပါတယ်။ နောက်ပြီး ဒါဟာလူငယ်တွေရဲ့လွတ်လပ်မှုဖြစ်လို့အတိုင်းအတာ တစ်ခုထိနားလည်စေပါတယ်။
(၄)လွှတ်မထားပါနဲ့
သင့်အနေနဲ့ အလိုလိုက်တယ်ဆိုပြီးလွှတ်မထားသင့်ပါဘူး။ ကိုယ့်သားသမီး ဘယ်ခြေလှမ်းလှမ်းနေတယ် ဘယ်အချိုးချိုးနေတယ်ဆိုတာတွေကို သတိထားရမှာ သင့်တာဝန်ပဲဖြစ်တယ်။ သင့်ကလေးကျောင်းမှန်မှန်တက်ရဲ့လား မူးယစ်သေစာ သုံးစွဲနေလား အပေါင်း အသင်းမှန်ရဲ့လားဆိုတာ သင်ဂရုစိုက်ရမယ့်အချက်ဖြစ်တယ်။ သင်လည်းနေချင်သလိုနေ သင့်ကလေးလည်းနေချင်သလိုနေဆိုရင်တော့ သေချာတယ် သင်တို့မိသားစုက ပရမ်းပတာဖြစ်မှာသေချာပါတယ်။
(၅)ပွင့်ပွင့်လင်းလင်းရှိပါစေ
သားသမီးနဲ့မိဘကြားမှာပွင့်လင်းဖို့ လိုပါတယ်။ ဥပမာ မိမိအိမ်မှာ စီးပွါးရေးကျနေပြီဆိုရင်တော့ ဒါ သားသမီးကို အသိပေးဖို့လိုပါပြီ။ အသိပေးပြီး အသုံးလျော့ ခိုင်းဖို့ပြောရတော့မှာဖြစ်ပါတယ်။ အဲလိုမှမဟုတ်ရင် သင့်သားသမီးက ရှိတယ်ထင်ပြီး သင့်ကို ဂျီကျနိုင်ပါတယ်။ နောက် ပြောရဲဆိုရဲရှိဖို့လည်း လိုပါတယ်။ သင့်သားသမီးက လိုအပ်ချက် ဒါမှမဟုတ် တိုင်ပင်ချင်တာတွေကို သင့်အား ရင်းနှီးပွင့်လင်းစွာ ပြောဆိုဆွေးနွေးနိုင်ဖို့အတွက် သင်ဟာအလွန်တင်းမာနေလို့မဖြစ်ပါဘူး။ ဥပမာ သင့်ကိုကြောက်လို့မပြောရဲတာတို့ သင်က မအားတာတို့ကြောင့်ဆိုရင်တော့ သင်က ဘယ်တော့မှ သင့်ကလေးရဲ့ လိုအပ်ချက်ကို သိနိုင်မယ် မဟုတ်ပါဘူး။ ဒါ့ကြောင့် သင်အနေနဲ့ အချိန်ပေးရမယ်။ တူတူ လည်ပတ်တာတို့ တစ်ပါတ်ကို တစ်ရက် အချိန်မပေးနိုင်ရင်တောင်မှ တစ်နေ့မှာ အချိန်အနည်းငယ်လောက်တော့စကားပြောသင့်ပါတယ်။
(၆)ဖြည့်ဆည်းပေးပါ
သင့်ကလေးရဲ့လို အပ်ချက်တွေကို ဖြည့်ဆည်းပေးပါ။ ကျောင်းနေအရွယ်ဆိုရင်လည်း ကျောင်းနဲ့ပတ်သတ်တဲ့ ပစ္စည်း ပစ္စယတွေ ပြည့်ပြည့်စုံစုံဝယ်ပေးရမှာ သင့်တာဝန်ပါ။ အရွယ်ရောက်ပြီဆိုရင်တော့ အသုံးအဆောင်ပစ္စည်းတွေက ပိုများလာပါပြီ။ ဒါတွေကို သူတို့ရဲ့ကျုယ်ပိုင်ဝင်ငွေမရှိသေးခင်အထိ သင်ထောက်ပံ့ပေးရမှာဖြစ်တယ်။
(၇)ဆုံးမပါ
သင့်သားသမီးကိုဆုံးမရမှာသင့်တာဝန်ဖြစ်တယ်။ ဒါပေမယ့် သင့်သားသမီးကလူဆိုတာကို နားလည်ထားပါ။ လူကို လူလိုဆုံးမပါ။ တိုးတိုးတိတ်တိတ်ပြောရမယ့်ကိစ္စကို တိုးတိုးတိတ်တိတ်ဆုံးမပါ။ ကိစ္စတိုင်းကို အော်ကျယ်အော်ကျယ် လုပ်ပြီးလူသိရှင်ကြား အော်ပြောနေဖို့မသင့်ပါဘူး။ အရွယ်ရောက်တဲ့သားသမီးတွေကို ဆုံးမတာကပို ဆိုးပါတယ်။ အရွယ်ရောက်နေတဲ့ သင့်သားသမီးတွေက ရှက်တတ်လာပါပြီ။ သင့်အနေနဲ့ကိစ္စ တစ်ခုကို လူသိရှင်ကြား ဆဲလားရိုက်လား လုပ်နေရင်တော့ သင့်သားသမီးတွေက သင်နဲ့ဝေးရာကို ထွက်သွားချင်စိတ်ပေါက်ပါလိမ့်မယ်။
(၈)လမ်းညွှန်ပါ
သင့်သားသမီးကိုလမ်းညွှန်ပါ။ စာအုပ်ဖတ်ဖို့ကိုတိုက်တွန်း သင့်ပါတယ်။ သင့်ကလေးငယ်ငယ်လေးတည်းက တရားခွေနားထောင်တညလေ့ကျင့်ပေးသင့်တယ်။ အရွယ်နဲ့လိုက်တဲ့စာအုပ်တွေဖတ်ခိုင်းသင့်ပါတယ်။ လမ်းကောင်းကိုလျောက်နိုင် သင်ကလမ်းကောင်းဖောက်ပေးဖို့လိုပါတယ်။ သင်ကိုယ်တိုင်ကလည်း စာဖတ်ဖို့လိုပါတယ်။ တစ်ခုတော့ သတိရပါ။ သင့်ကလေးရဲ့ စံပြဟာ သင်ပဲဆိုတာကိုပါ။ သင်လုပ်နေတဲ့အလုပါတွေကိုကြည့်ပြီး သင့်ကလေးက သင့်ကို ဥပမာ ယူပါလိမ့်မယ်။
ခံစားတတ်သောနှလုံးသားဖြင့်...
လွန်မင်းအံ့
0 မှတ်ချက်:
Post a Comment