နှောင်ကြိုး
🍭🍭🍭🍪🍭🍭🍭
လောကရဲ့နွံ
အချစ်ရဲ့ကျွန်ယုံပါ ..
ရုန်းမထွက်
အတက်ခက်လို့တော့ မဟုတ်
စပ်မှန်သိ ဆူးမှန်းသိ
ထိထိမိမိ စွဲလမ်းနေတယ် ..။
ပျားရည်မဟုတ်တဲ့အဆိပ်
ဩော် ... ပျားရည်ထက်ချိုနေပါရောလား .. ။
တဒင်္ဂ မဟုတ်ပါဘူး
ထာဝရပါ ..
အသည်းကို ပြုစားလို့
မာယာတွေနဲ့တုပ်နှောင်ခဲ့လေသလား ..
အချစ်တွေအဝေးပြေး
ဒဏ်ရာတွေနဲ့ ရင်ကျိုးခဲ့ပြီ
ဩော် ... နှောင်ကြိုး ... နှောင်ကြိုး .. ။
မူပိုင် ... လွန်မင်းအံ့
0 မှတ်ချက်:
Post a Comment