Technology

Home » » မုန်းချင်ပြီကွယ်

မုန်းချင်ပြီကွယ်

Written By Unknown on Friday, February 5, 2016 | 1:12:00 AM

မုန်းချင်ပြီကွယ် ...



ဩော် ... လကလေး
အလင်းပေး သူရှိပေမယ့်
အချိန်တိုင်းမသာနိုင် ..။

တောက်ပဖို့ အခွင့်ရေး
အလင်းပေးတဲ့နေကိုမှ
အားမနာတာလား ..။

တရွေ့ရွေ့မျှော် .. တစ်နေ့နေ့ပေါ်မှာသိပေမယ့်
ရက်သုံးဆယ် ကြာရှည်သွားကာမှ
တစ်ရက်သာ ပြည့်ကာ လာတော့တယ်
ရက်စက်ပေါ့ လမင်းရယ် .. ။


သာပြန်တဲ့ တစ်ရက်
ရက်စက်တဲ့ တိမ်တွေရယ်
သူကလေး မှေးမှိန်
တိမ်ကြားမှာပျောက်ရပြန်တယ် ..
ဩော် .. လမင်း .. လမင်း
အလင်းပေးတာတောင်မှ
ထာဝရ မလင်းအားတယ် ..
အို .. မုန်းလိုက်ချင်ပြီကွယ် .. ။

  မူပိုင် ... လွန်မင်းအံ့

0 မှတ်ချက်:

Post a Comment

Sports

Lwon Min Aent . Powered by Blogger.

Followers