Technology

Home » » ရှင် ၊ ဖွံ့ ၊ ကာ ၊ ပါ

ရှင် ၊ ဖွံ့ ၊ ကာ ၊ ပါ

Written By Unknown on Saturday, February 27, 2016 | 7:49:00 PM

ရှင် ၊ ဖွံ့ ၊ ကာ ၊ ပါ

--------------

အခွင့်အရေး ..။ အခွင့်အရေးဆိုတာကို လူတိုင်းကြားဖူး ကြပါတယ် .. သိလည်းသိကြပါတယ် ။ အခွင့်အရေးကို လူတိုင်းလည်း တောင်းဖူးကြပါတယ် ..။ ယူဖူးကြတယ် .. ဖန်တီးဖူးကြပါတယ် .. အခုခေတ်မှာဆိုရင် လူ့အခွင့်အရေး ဆိုတဲ့ စကားလုံးကြောင့် လူတွေဟာ အခွင့်အရေး ၊ အခွင့်အလမ်းတွေကို ပိုမို ရင်းနှီးသိမြင် တောင်းဆိုလာတတ်ကြပါတယ် ..။ ဆိုတော့ လူ့အခွင့်အရေး ဆိုတာကကော ဘာလဲ။ လူ့အခွင့်အရေးဆိုတာက ကျယ်ပြန့်ပါတယ် ..။ လူ့အခွင့်အရေးထဲမှာ ကလေးသူငယ် ..သက်ကြီးရွယ်အို .. လူငယ် .. အလုပ်သမား .. စစ်သား စတဲ့ လူတွေရဲ့ အခွင့်အရေးတွေပါဝင်နေပါတယ်။ ဆိုတော့ ကလေးသူငယ်တွေမှာလည်း ကလေးအလျောက် ရသင့်တဲ့ ရပိုင်ခွင့်တွေရှိနေပါတယ် ..။

ကလေးသူငယ်ဆိုတာကကော .. ??? တစ်နိုင်ငံနဲ့ တစ်နိုင်ငံ သတ်မှတ်ပုံခြင်းမတူပါဘူး ..။ တစ်ချို့က ၁၆ .. တစ်ချို့က ၁၈ .. တစ်ချို့နေရာတွေမှာ ၂၁ ..။ များသောအားဖြင့်တော့ ၁၈ နှစ်အောက်ဆို ကလေးပါပဲ .. တစ်ရက်ငယ်ငယ် .. နှစ်ရက်ငယ်ငယ် ကလေးလို့ သတ်မှတ်ပါတယ် ..။ ကလေးသူငယ်တွေမှာ အခြေခံအားဖြင့် အထက်က ဖော်ပြခဲ့တဲ့ အချက်လေးချက်ကိုရပိုင်ခွင့်ရှိရမယ် .. ။ အလွယ်မှတ်ရင် " ရှင် ၊ ဖွံ့ ၊ ကာ ၊ ပါ " ဆိုပြီး မှတ်လို့ရပါတယ် ။

(1) ရှင် - ရှင်သန်ခွင့်

ကလေးတိုင်းဟာ ရှင်သန်ခွင့်ရှိရမယ် ..။ ဒီအချက်က သာမန်ကြည့်ရင်တော့ ကလေးတိုင်းဟာ ရှင်သန်နေရတယ်လို့ ထင်ချင်စရာပါ ..။ဒါပေမယ့် လူ တစ်ချို့ရဲ့ ပရောဂတွေကြောင့် မသေသင့်ဘဲ သေနေရတဲ့ ကလေးတွေအများကြီးပါ ..။ ဆိုတော့ သမီးရည်းစား နှစ်ယောက် ကိုယ်ဝန်ရတာမျိုးကနေ ဖျက်ချလိုက်တာတို့ပေါ့လေ ..။ အထူးသဖြင့်တော့ ဒီအချက်ပါပဲ ..ကလေးဖျက်ချတာ ..။ ဘယ်လိုအကြောင်းကြောင်းကြောင့် ဖြစ်စေ ဒါဟာ လူသတ်တာပါပဲ ..  လူ့အခွင့်အရေး ချိုးဖောက်တာပါပဲ။


(2)ဖွံ့ - ဖွံ့ဖြိုးကြီးထွားခွင့်

လွယ်လွယ်တွေးရင်တော့ ကလေးတိုင်းဟာ မွေးပြီးရင် ကြီးလာမှာပါပဲ .. မကြီးစေချင်လည်း ကြီးမယ် .  ကြီးစေချင်လည်း ကြီးမယ် .. သဘာဝကိုး ..။ ဒါပေမယ့် လက်တွေ့မှာ ဖွံ့ဖြိုးမှုမရှိတာတွေအများကြီးပါ ..။ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးသလို ..စိတ်ပိုင်းဆိုင်ရာလည်း ဖွံ့ဖြိုးရမှာဖြစ်ပါတယ် ..။ ကိုယ်ခန္ဓာဖွံ့ဖြိုးဖို့အတွက် အဟာရပြည့်ဝဖို့လိုပါတယ် ..။ နောက်ပြီး အရွယ်မရောက်ခင် အသတ်ခံရမှုကနေ လွတ်မြောက်ဖို့ လိုပါတယ် ..။ စစ်ဘေးဒုက္ခ စတာတွေကြောင့် ကလေး သူငယ်တွေရဲ့ အသက်တွေဟာ ဆုံးရှုံးဖို့ မသင့်တော်ပါ ဘူး။ နောက်ပြီး .. လူကုန်ကူးတာ ၊ ကလေးကုန်ကူးတာ စတာတွေကနေလည်း ကာကွယ်ပေးရပါမယ် ..။ကလေးတွေရဲ့ အဟာရအတွက် မိဘတွေမှာ တာဝန်ရှိတာမှန်ပေမယ့် တစ်ခါတစ်လေ ကျတော့ လည်းမိဘတွေကိုယ်တိုင်က ချို့တဲ့နေတတ်ပါတယ် ..။ ဒါ့ကြောင့် ကလေးတွေရဲ့ ဖွံ့ဖြိုးရေးကို နိုင်ငံတော်က ထိထိရောက်ရောက် တာဝန်ယူပေးရပါမယ်။

နောက် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးခွင့်ပေါ့ ..။ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးဖို့အတွက် ပညာသင်ကြားခွင့်ရှိရမယ် .. ဥာဏ်ရည်ဖွံ့ဖြိုးရမယ် .. အကျင့်စာရိတ္တဖွံ့ဖြိုးရမယ် ..။ ကလေးတိုင်းဟာ အထက်တန်းအထိ ပညာရေးကို ဘယ်လိုအကြောင်းနဲ့မဆို သင်ကြားကြရမှာ ဖြစ်ပါတယ် .. ဒီလိုဖြစ်လာဖို့ဆိုတာကလည်း နိုင်ငံတော် အစိုးရ ကိုယ်တိုင်က ထိထိရောက်ရောက် အားတက်သရော ပါဝင်လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။ နောက်ပြီး မိမိတို့ကိုယ်တိုင်တွေးနိုင်ခေါ်နိုင်ရမယ် .. ထက်မြင်ချက်တွေထုတ်နနုင်ရမယ် .. လူတစ်ဦး ၊ ပုဂ္ဂိုလ် တစ်ဦး .. အစုအဖွဲ့ တစ်ခု .. အယူဝါဒတစ်ခုရဲ့ မှိုင်းသွင်း နားချတာတွေကို ငြင်းဆန်ခွင့်ရှိပါတယ်။

(3)ကာ -ကာကွယ်ခွင့်

ကလေးတွေဟာ ကာကွယ်ခွင့်လဲရှိရမယ် ..။ ဘယ်လိုကာကွယ်ခွင့်တွေလဲ .. လိင်ပိုင်းဆိုင်ရာ ဖြစ်စေ ၊ ရုပ်ပိုင်းဆိုင်ရာဖြစ်စေ ၊ စိတ်ဓာတ်စာရိတ္တပိုင်းဆိုင်ရာ ဖြစ်စေ ညှင်းပန်းနှိပ်စက်မှု ၊အတင်းအဓမ္မ ခိုင်းစေဖျက်ဆီး မှုတွေကနေ ကာကွယ်ခွင့်ရှိပါတယ် ..။ ဥပမာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်အောင် ရိုက်နှက်တာ ..အရွယ်နဲ့ မလိုက်အောင် ဆုံးမတာ အမည်ခံ ရိုက်နှက်မှုတွေ ..ဒါတွေကနေ ကာကွယ်ပိုင်ခွင့်ရှိပါတယ် ။ နောက်ပြီး လိင်ပိုင်းဆိုင်ရာပေါ့ ..။ ဆိုကြပါစို့ ကလေးတွေကို ကိုင်ခိုင်းတာတွေ ( hand job , blow job , etc ) စတာတွေပေါ့ ..။ဒါတွေကို ကာကွယ်နိုင်ရမယ် ..နောက်ပြီး sex movie တွေ အတင်းပြပြီး စာရိတ္တကို ဖျက်ဆီးတာ ..မူးယစ်ဆေးရေင်းဝယ်ရာမှာ ခုတုံးလုပ်တာ ..စသည်ဖြင့်ပေါ့လေ .. အမျိုးမျိုးသော နှိပ်ကွယ်မှုတွေကနေ ကာကွယ်နိုင်ရမယ် ..။

နောက်တစ်ချက် ခွဲခြားဆက်ဆံမှု ..။ သူဟာ ဗုဒ္ဓဘာသာမလို့ ၊ ခရစ်ယန်မလို့ ၊ အစ္စလာမ်မလို့ စသည်ဖြင့် လူမျိုးဘာသာ ကွဲပြားမှုအပေါ်မှာ အခြေခံ ပြီး ဖြစ်ပေါ်လာတဲ့ ခွဲခြားဆက်ဆံမှုတွေကနေလည်း ကလေးတွေကို ကာကွယ်ပေးရမယ် ..။ နောက် မျိုးရိုးကြောင့်ပေါ့ ..။ လူသတ်သမား သားသမီးမလို့ .. ဘာလို့ .. ညာလို့ စသည်ဖြင် အမျိုးမျိုးသောအကြောင်းကြောင်းကြောင့် ဖြစ်ပေါ်လာသော ခွဲခြားမှုတွေကနေ လွတ်မြောက်နိုင်ရပါမယ်။

(4) ပါ - ပါဝင်ဆောင်ရွက်ခွင့်

ကလေးတွေဟာ အရာရာမှာပါဝင်နိုင်ရမယ် ..။ မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေရဲ့ ပါဝင်လုပ်ဆောင်နိုင်ခြေက ဟန်ပြပဲ ဖြစ်နေတယ်။ဥပမာ ကြက်ခြေနီ ၊ ပရဟိတတွေ စတာတွေမှာပေါ့ ..။ နောက်ပြီး ဆွေးနွေးပွဲတွေ မှာ လွတ်လွတ်လပ်လပ်တက်ရောက်ခွင့်ရှိရမယ် ..။ ဆွေးနွေးခွင့်ရှိရမယ် ..။ မိမိတို့ရဲ့ ထင်မြင်ချက်တွေကိုလည်း လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်ရှိရပါမယ် . ။

အခုရေးတာတွေအကုန်လုံးက မပြည့်စုံတာကို သိပါတယ် .. အကြောင်းကြောင်းကြောင့် ပြည့်ပြည့်စုံစုံ မရေးနိုင်ပေမယ့် ဖြစ်နိုင်သလောက်တော့ အားလုံပါအောင် ဆွဲချုပ်ရေးထားတာပါပဲ ..။ ကလေးသူငယ်နဲ့ပတ်သတ်လာရင် တစ်ခြား ကလေးလုပ်သား ၊ ပညာသင်ခွင့်ကောင်းစွာ မရတာ ၊ ကျန်းမာရေးချို့တဲ့တာ စတဲ့ အကြောင်းတွေအများကြီး ကျန်ရှိနေပါသေးတယ် ..။ ဒါပေမယ့်လည်း ဖြေးဖြေးပဲ ဆက်ခွင့်ပြုပါခင်ဗျာ ..။

ခံစားတတ်သောနှလုံးသားဖြင့် ...

လွန်မင်းအံ့

0 မှတ်ချက်:

Post a Comment

Sports

Lwon Min Aent . Powered by Blogger.

Followers