Technology

Home » » ဥဒေါင်းဥဒါန်း

ဥဒေါင်းဥဒါန်း

Written By Unknown on Friday, February 5, 2016 | 1:00:00 AM

ဥဒေါင်းဥဒါန်း



နေလုံးရယ်နီ အနောက်သို့ဝင်ကာပြေး
ဒေါင်းအလံလေမှာလွှင့်တယ်
အားမလျော့သေး ။
ပြောင်းဝကကြည်ဆန်
မိုးပျံကာလာစေတော့
ရင်ကော့လို့အသက်ပေးမယ်
ဒေါင်းဇာနည်သွေး ။
ငိုကြွေးလို့ပူလောင်
လောဘကောင်လယ်တွေသိမ်းတာကြောင့်

မိချောင်းကန်မနေသာတယ်
လုပ်သားတွေက သူဦးဆောင် ။
ပေါင်းလိုက်ပါ အားတွေစုကာပ
သပိတ်မှာအားအင်ပြည့်တာမို့
ခွင်းခက်တယ်လေး ။  ။
                       
                                   မူပိုင် ...လွန်မင်းအံ့
                                  ( ဂုဏ်ပြုခြင်းကဗျာ )

ဒီကဗျာလေးက ဒီချိန်မှတင်ဖြစ်တယ်ဆိုပေမယ့် .. ကျနော်ရေးထားတာကြာပါပြီ.. ။ ရေးဖြစ်တာကလည်း တခြားအကြောင်းကြောင်းကြောင့်ဆိုတာထက် သပိတ်ထဲမှာ ပါသွားတဲ့ကျနော့်သူငယ်ချင်းကို ဂုဏ်ပြု အားပေးတဲ့အနေနဲ့ ရေးခဲ့တာပါ .. ။ ခုတော့ သူလည်း အာမခံနဲ့ လွတ်လာပါပြီ .. ။

0 မှတ်ချက်:

Post a Comment

Sports

Lwon Min Aent . Powered by Blogger.

Followers