" ရက်ရာဇာထဲက ပြဿဒါးများ "
မတင်တာ ကြာလို့မေ့သွားကြပြီထင်ပါတယ်။ ဒါနဲ့ ဒီနေ့က ရက်ရာဇာ လား ပြဿဒါးလာ ...။ ရက်ရာဇာတို့ ပြဿဒါးတို့ ဆိုတာကတော့ မြန်မာလူမျိုးတွေယုံကြည်လာကြတဲ့ နေ့နဲ့ဆိုင်သော သတ်မှတ်ချက်တွေပဲဖြစ်ပါတယ်။ နောက်ထပ်လည်းရှိပါသေးတယ်။ မွေးနေ့သောကြာတနလာင်္ ကေသာဆံဖြတ်မပြုအပ်တဲ့ ...။ ထားပါတော့လေ ..။ရက်ရာဇာ ကို ကံကောင်းစေသောနေ့တစ်နေ့အဖြစ်သတ်မှတ်ပြီး ပြဿဒါးကိုတော့ ကံဆိုးစေတဲ့နေတစ်နေ့အဖြစ်သတ်မှတ်ကြပါတယ်။ ဒါကြောင့် လူတွေဟာ အရေးကြီးတဲ့ကိစ္စတွေကို ရင်ရာဇာမှာသာပြုလုပ်လေ့ရှိ ပါတယ်။
လူတွေထဲကိုလည်း ရက်ရာဇာသမားနဲ့ ပြဿဒါးသမားလို့ ခွဲခြားကြည့်ရအောင်။ မွေးကတည်းက အရာရာပြည့်စုံနေတဲ့လူ .. ငွေကြေးချမ်းသာတဲ့မိဘကနေပေါက်ဖွားမယ် ... ဆွေမျိုးကလည်း ပညာတတ် မျိုးရိုးဆိုကြပါစို့ ...။ ဆွေဂုဏ် မျိုးဂုဏ် ဓနဂုဏ် မိဘဂုဏ် စတဲ့
ဂုဏ်တွေကြားကနေမွေးဖွားလာတဲ့လူအတွက်ကတော့ သူရဲ့နေ့တိုင်းဟာ ရက်ရာဇာတွေကြည့်ပါပဲ။ မိဘကြောင့်လည်း မျက်နှာမပျက်ရဘူး ၊ ဥစ္စာဆိုလည်း ပြည့်စုံ ... ဒီလိုလူတစ်ယောက်ဟာ ရက်ရာဇာသမားပဲဖြစ်ပါတယ် ..။
နောက် ... ပြဿဒါးသမား။ မွေးကတည်းက ပညာမပြည့်စုံတဲ့ မိဘကမွေးမယ်..ငွေရေးကြေးရေးချို့တဲ့မယ် ... ဒါဆိုသူရဲ့ နေ့တွေဟာ ရက်ရာဇာမဟုတ်တာ သေချာပါတယ်။ ဒီကြားထဲ မောင်နှမကများ ... ရှာလို့ဖွေလို့ကခက် .. မိဘတွေက ဇတ်ဇတ်ကြဲ .. ဒါဆိုရင် ပိုပြီးစိတ်ပျက်ဖို့မကောင်းပေဘူးလား။ ပညာသင်ဖို့အခွင့် အလမ်းတွေနည်းပါးမယ် ... နောက်ခံ background မကောင်းတဲ့အတွက် သူ့ကို ပြဿဒါး သမားလို့ ယူဆကြရအောင် ..။
ရက်ရာဇာ သမားလို့ယူဆထားတဲ့ (နောက်ခံbackground ကောင်းတဲ့) လူတွေဟာ ဘ၀ကို အကျိုးရှိရှိအသုံးချရမယ်။ ကိုယ်ဟာ တစ်ခြားနိုင်ငံထိတောင် ပညာသွားသင်နိုင်တဲ့ အခြေအနေရှိရင် သွားနိုင်အောင်ကြိုးစားရမယ်။ ဒါ့အပြင် ... ကိုယ့်လုပ်ငန်းရဲ့ အကြောင်း ၊ မိမိမိရိုးဖလာစီးပွားရေး ကိုလည်းလေ့လာထားရမယ်။ အဓိကအနေနဲ့ကတော့ ဘဝအာမခံချက်ရှိတဲ့ပညာကို သင်ယူရပါမယ်။ အဲလိုမှမဟုတ်ဘဲ .. လောင်းကစားနဲ့အချိန်ကုန် ... အရက်သောက်နေမယ်ဆိုရင် ဘယ်လောက်ပဲကောင်းကောင်း ... ချမ်းသာချမ်းသာ ဘဝပျက်မှာပါပဲ ။ အစောပိုင်းမှာ ရက်ရာဇာသမားဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ ပြဿဒါးသမားဖြစ်မှာပါပဲ ..။ ရက်ရာဇာထဲက ပြဿဒါးပေါ့ ..။ ဒါ့ကြောင့်ဘဝမှာ ပြဿဒါးတွေမဖြစ်ရအောင် ရက်ရာဇာမှာ ကောင်းတဲ့ အလုပ်တွေကို အင်တိုက်အားတိုက်လုပ်ကြရမှာပါ ...
ခံစားတတ်သောနှလုံးသားဖြင့်
လွန်မင်းအံ့
http://www.facebook.com/lwonminaent.FUN
0 မှတ်ချက်:
Post a Comment