Technology

Home » » ဂွင်းထိုးဂမုံး

ဂွင်းထိုးဂမုံး

Written By Unknown on Saturday, June 14, 2014 | 12:32:00 AM

ဂွင်းထိုးဂမုံး ပင်ကိုတော့မြင်ဖူးကြမယ်ထင်ပါတယ်။ ဒီအပင်ကကိုရံကြီးဂမုံးနဲ့ခပ်ဆင်ဆင်ပါ။ ကိုရံကြီးဂမုံးက အရွက်ပြန့်တယ် ။ သူ့ထက်ကြီးသည်။ ဂွင်းလုံးဝမထိုးပါ။ အိမ်ဝိုင်းများအပြင်ဘက်မှာ များများစားစားစိုက်ကြသသည်။ ဂွင်းထိုးဂမုံးသည်နေရောင်ကြိုက်သည်။နေပူရာတွင်ထားသင့်သည်။ ပင်စည်ရှသည်။ ပင်စည်သည်အပင်ကြီးသွားသောအခါ ဥသဖွယ်ဖြစ်သွားသည်။ အမြစ်သန်သည်။အပွင့်ပွင့်သည်။ ထိုအပွင့်ပွင့်လျှင်ကြီးပွါးသည်ဟု အယူရှသည်။ အိမ်တွင်တော့တစ်ခါမှ မပွင့်ဖူးပါ။ ဂွင်းထိုးဂမုံးဂွင်းထိုးနေလျှင် ငွေစုမိဆောင်းမိသည်ဟုလည်းဆိုကြသည်။ အိမ်တစ်အိမ်သည်ငွေစုမိဆောင်းမိပါကဂွင်းထိုးဂမုံးများဂွင်းထိုးနေတတ်သည်။ အပင်ငယ်ချိန်တွင်သိမထိုး အပင်ကြီးလျှင်ပိုသိသာသည်။ အိမ်တစ်အိမ်တွင် ငွေများပျံ့ေ၇ာ့နေပါက ထိုဂွင်းထိုးဂမုံးသည် အရွက်များပြန့်နေတတ်ကြောင်းကိုသိရသည်။ အခြားသောအကြောင်းအရာများရှိပါက author.narrator@gmail.com သို့ပေးပို့နိုင်ပါသည်။

0 မှတ်ချက်:

Post a Comment

Sports

Lwon Min Aent . Powered by Blogger.

Followers