Technology

Home » » မြင်းခေါင်းဂမုံး

မြင်းခေါင်းဂမုံး

Written By Unknown on Saturday, June 14, 2014 | 12:36:00 AM


မြင်းခေါင်းဂမုံးကလည်း အိမ်တိုင်းလိုလိုမှာရှိမယ်လို့ထင်ပါတယ်။ ဒီအပင်ဟာအရွက်ကလည်းလှတယ်။ ပြီးတော့အိမ်တိုင်းလိုလိုလည်းစိုက်ကြပါတယ်။ သူကဥနဲ့ရှင်တာပါ။ ဒီတော့ အပင်စိုက်ရတာလည်းလွယ်ပါတယ်။ ဥလေးတစ်ဥကိုမြေဆွေးကောင်းကောင်းအိုးကျယ်ကျယ် မြေသန့်သန့်မှာစိုက်ရင် မအရွက်ဖားဖားကြီးတွေနဲ့တော်တော်ကြည့်ရကောင်းပြီး အပင်လည်း လှလည်းလှ သန်လည်းသန်ပါတယ်။
အိမ်တွေမှာလည်းများများစားစားရှိမယ်ထင်ပါတယ်။
ဂမုံးနဲ့ပတ်သတ်တဲ့စားအုပ်တစ်အုပ်မှာတော့အဲဒိအပင်နဲ့ပက်သတ်ပြီး ဖွင့်ဆိုထားတာတွေရှိပါတယ်။ အဲဒိအပင်ကို အင်းဂမုံးလို့လည်းခေါ်ကြပါတယ်။ ကျနော်တို့ဘက်မှာတော့ မြင်းခေါင်းဂမုံးလို့ပဲခေါ်တယ်။ အရွက်ကမြင်းခေါင်းလေးနဲ့တူတာကိုး။ စာအုပ်ထဲမှာတော့အင်းဂမှုံးအနေနဲ့ဖွင့်ဆိုထားတာပါ။ သူ့ရဲ့အကွက် လေးတွေကအင်းကွက်လေးတွေနဲ့တူလို့အင်းဂမုံးလို့ခေါ်တာပါ။ အဲဒိအင်းကွက်နဲ့တူတဲ့အကွက်လေးတွေ ခုနစ်ကွက်ပါရင်ကံကောင်းတယ်လို့ယူဆပြီး ကိုးကွက်ပါရင်တော့ စီးပွါးရေးသာမက အစစအရာရာ မှာအောင်မြင်မယ်လို့ယူဆကြပါတယ်။ အပွင့်ကတော့ရာသီေ၇ာက်ရင်ပွင့်တတ်ပြီး အပင်တွေထူထပ်များပြားနေရင်မပွင့်တတ်ပါ။ အပွင့်ပွင့်၇င်ကံကောင်းတယ်လို့လည်းဆိုပါတယ်။ ဒါကြောင့်အဲလိုအပင်တွေ့ရင်စိုက်ကြည့်ဖို့ပြောလိုပါတယ်။ စာဖတ်သူတွေသိတဲ့ ဗဟုသုတတွေကိုလည်း မျှဝေစေချင်ပါတယ်။ တကယ်လို့ပေးပို့လိုပါက author.narrator@gmail.com သို့ပေးပို့နိုင်ပါတယ်။ နောက်လည်းတင်ပေးပါဦးမယ်။

0 မှတ်ချက်:

Post a Comment

Sports

Lwon Min Aent . Powered by Blogger.

Followers