(၁)ပညာတော်သင်လွှတ်မယ်
ဆိုလိုတာကတော့ မြန်မာနိုင်ငံမှာထူးချွန်ထက်မြက်တဲ့ လူငယ်လူရွယ်တွေ အများကြီးရှိပါတယ်။ တစ်ချို့နေရာတွေမှာ အစွမ်းပြသခွင့်မရနိုင်လို့သာ လူငယ်တွေရဲ့အစွမ်းကတိမ်မြုပ်နေတာလို့ ထင်ပါတယ်။ ပုရွက်ဆိတ်တောင်အဆိပ်ရှိသေးတာပဲ။ နောက်ပြီး နိုင်ငံတစ်နိုင်ငံဆိုတာကလည်း လူငယ့်အင်အားနဲ့ တည်ဆောက်မှသာ အကောင်းဆုံးဖြစ်ပါတယ်။ လူအိုတွေချည်းရှိနေတဲ့နိုင်ငံက တိုးတက်မှုတွေနှောက်နှေးနေပါလိမ့်မယ်။ ဆိုလိုတာကတော့လူငယ်ဆိုတော့ တွေးခေါ်နိုင်စွမ်း ၊ ပါဝင်ဆောင်ရွက်နိုင်စွမ်း ၊ မြင်သာအောင်ပြောရမယ်ဆိုရင် အဖွဲ့ အစည်းတစ်ခုမှာ ဆိုရင်တောင် ဟိုနေရာသွားလိုက်ပါဦး၊ ဒီနေရာသွားလိုက်ပါဦး၊ သွားသွားလာလာ ပေါ့ပေါ့ပါးပါး ရှိတာလူငယ်တွေပဲ မဟုတ်ပါလား။ လူကြီးဆိုတာက ဒူးနာတာနဲ့ ဖင်လေးတာနဲ့ တောင်ဝှေးမပါရတာနဲ့။ အမျိုးမျိုးသေားအကြောင်းကြောင်းကြောင့် လူငယ်တွေလောက် အရာရာမှာ မသွက်လက်ပါဘူး။ ဒါကြောင့်လူငယ်တွေသာလျှင် တိုင်းပြည်ရဲ့တိုးတက်မှာ အဓိက ကျတဲ့အရင်းအမြစ်တွေဖြစ်ပါတယ်။
အဲလိုလူငယ်တွေကိုလည်း တိုင်းပြည်က ကောင်းကောင်းအသုံးချရပါမယ်။ လူငယ်ဆိုတာကလည်း ကိုယ့်ကိုယ့်ကို ကြိုးစားလိုစိတ်ရှိရပါမယ်။ ပျင်းနေရင်တော့ တိုင်းပြည်အတွက်ေ၇ာ ကိုယ့်အတွက်ပါမကောင်းနိုင်ပါဘူး။ တကယ်တော့ တိုင်းပြည်တိုးတက်မှ ပြည်သူကတိုးတက်တာ။ ကိုယ့်ကိုယ်ကို တိုးတက်ဖို့ဆိုတာထက်ကိုယ့်တိုင်းပြည်တိုးတက်ဖို့ကို ကြိုးစားလိုက်စမ်းပါ။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်တိုးတက်မှာကိုယ့်အတွက် အခွင့်အလမ်းတွေပေါလာမယ်၊ ကိုယ့်အတွက် ခံစားထိုက်တဲ့ စည်းမျဉ်းဥပဒေတွေပေါ်လာမယ်။ ကိုယ့်အတွက်လုံခြုံမှုရှိနိုင်မယ်။ ဥပမာ ဆိုကြပါစို့ အခုဆို သူများနိုင်ငံတွေမှာ အလုပ်လုပ်ရင်းကျောင်းတက်လို့ရတယ်ဆိုတာတွေဖြစ်လာတယ်။ ဒီနိုင်ငံမှာဖြစ်မလာသေးဘူး။ ဒါဟာဘာလဲ ။ ဒါဟာ တိုင်းပြည်မတိုးတက်သေးလို့ပါပဲ။ ဒီတော့ တိုင်းပြည်တိုးတက်ဖို့ဆိုတာအေ၇းကြီးတယ်။ ကိုယ့်ကျောင်းစရိတ်ကိုယ်ရှာပြီးတက်နိုင်တော့ ကျောင်းမနေရတာလည်း နဲသွားတာပေါ့။
နောက်ထပ်တစ်ခုကတော့ ပညာတော်သင်လွှတ်တာပါ။ မင်းတုန်းမင်းလက်ထက်ကတောင် ဒီစနစ်ရှိပါသေးတယ်။ ကိုယ့်မြန်မာနိုင်ငံက တကယ်ကိုတော်တဲ့လူ အခုအခြေအနေရတော့ နိုင်ငံလုံးဆင့် top ten ၀င်တဲ့လူတွေကို သက်ဆိုင်ရာ နိုင်ငံတွေမှာ ၀ါသနာပါတဲ့ပညာ ၊ သင့်တော်တဲ့ ပညာတွေကိုသင်စေတာပဲဖြစ်ပါယ်။ အဲလိုသင်တာဟာ ကိုယ့်အတွက်အကျိုးအများကြီးဖြစ်ထွန်းစေပါတယ်။ နောက် အဲလိုကိုယ့်တိုင်းပြည်မှာ အတတ်ပညာရှင်တွေပေါမှလည်း ကိုယ့်တိုင်းပြည်ကြီးက တိုးတက်လာမှာပါ။ ကိုယ့်တိုင်းပြည်က အတတ်ပညာရှင် တွေမပေါဘူး။ ဘာပဲလုပ်ချင်လုပ်ချင်သူများတိုင်းပြည်ကိုကြည့်ခနေရရင် ကိုယ့်တိုင်းပြည်က သူများလောက် တိုးတက်မှာမဟုတ်တာတော့သေချာပါတယ်။ ဒါကြောင့် ကိုယ့်တိုင်းပြည်က တော်တဲ့လူတွေကို အစိုးရက နိုင်ငံခြားကိုပညာတော်သင်ပို့ပြီး ပြန်လာတဲ့အခါမှာ အစိုးရပိုင်စက်ရုံတွေမှာ အလုပ်ပေးသွင်းခြင်းဖြင့် နိုင်ငံပိုင်လုပ်ငန်းတွေလည်းကောင်းမွန်စွာလည်ပတ်နိုင်ပြီး ကုန်ဈေးနှုန်းလည်း ကျဆင်းပြီး ပြည်သူတွေ ဈေးနှုန်းချိုသာစွာနဲ့ ၀ယ်ယူသုံးစွဲနိုင်မှာဖြစ်ပါတယ်။
(၂) ထိရောက်စွာအရေးယူမယ်
ဒါကတော့ကျန်ာကတော့ လွယ်လွယ်လေးပဲတွေးလိုက်သလားမသိပါဘူး။ ကျန်ာက အတွေးသမားဆိုတော့ လွယ်သည်ဖြစ်စေ ၊ ခက်သည်ဖြစ်စေ၊ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ဖြစ်နိုင်သည်ဖြစ်စေ၊ မဖြစ်နိုင်သည်ဖြစ်စေ တွေးနေသူပါ။ ကျနော်ကတော့ အကျင့်ပျက်တဲ့ ၀န်းထမ်းတွေကို ထိေ၇ာက်စွာအရေးယူမယ်။ ဒါပေမယ့် တစ်ခုတော့ရှိတာပေါ့နော်။ ကတုံးချင်းတော့ဘယ်ခေါင်းခေါက်လို့ ရမလဲ။ ဘူဘူချင်းတစ်ပေါက်မစားနဲ့ ဆိုတာလည်းရှိသားပဲ။ ဒါထက်ကိုယ့်လက်အောက်က လူကိုအပြစ်ပေးဖို့ဆိုရင် တော့ကိုယ်ကိုယ်တိုင်က အဖြူစင်ဆုံးဖြစ်ရမယ်။ ကိုယ်ကိုယ်တိုင်က ဘိန်းစွဲ၊ ဆေးရှု မူးယစ်ဆေးဝါးသုံးထားမှတော့ကိုယ့်လက်အောက်က လူတွေမူးယစ်ဆေးဝါးသုံးတယ်ဆိုတဲ့ အသံလည်းကြားရောဘာမှ ဆောင်ရွက်မပေးနိုင်တော့ဘူးလေ။ ကြာခဲ့တဲ့ အဖြစ်အပျက်တွေမို့ .....အစည်းအရုံးနေနဲ့ ဘာမှ လုပ်ဆောင်မပေးနိုင်ပါဘူးဆိုတဲ့ အဖြစ်အပျက်တွေကရှိခဲ့သေး ။
တကယ်တော့ ခေါင်းဆောင်ဆိုကတည်းက ဘုန်းမီးနေလိုလလိုတောက်နေရမယ်။ ကိုယ့်လက်အောက်က လူတွေအပြစ်လုပ်ထားရင် အပြစ်ပေးနိုင်တဲ့ စွမ်းရည် ကိုယ့်မှာရှိရမယ်။ အပြစ်ပေးရဲရမယ်။ သခင်က ခွေးကိုကြောက်နေရင်တော့ အဲဒါ သခင်မမည်တော့ဘူး။ ခွေးကျွန်ဖြစ်သွားလိမ့်မယ်။ ဥပမာ ဦးအုန်းမြင့် လိုပြသနာမျိုးတွေ။ ဒါမျိုးတွေဆိုပြင်းပြင်းထန်ထန်အရေးယူအပြစ်ပေးရမယ်။ တစ်ပြည်ထောင်လုံးက ကန့်ကွက်နေတာပဲလေ။ ဒါထက် လာဘ်စားတဲံအပြုအမူတွေ၊ စည်းကမ်းဖောက်မှုတွေ ကများနေတာပဲ။ ဒါဟာထိေ၇ာက်စွာအပြစ်မပေးလို့ပါ။ ၀န်းထမ်းတွေရဲ့ ခေါင်းထဲမှာ စွဲနေတယ်။ လာဘ်စားရင် အလွန်ဆုံးနေရာပြောင်းရမယ် ဆိုတာလောက်ပဲ ထင်နေတယ်လေ ။ တကယ်လည်းဟုတ်ပါတယ်။ ဌာနပြောင်းကိုင် ဒီလောက်ပဲ ရှိတာကို ။ ဒါတွေကိုဘယ်လိုအရေးယူမယ်လို့များဆုံးဖြတ်ထာပါသလဲ။
တကယ်တော့ အဲလိုလူမျိုးကိုနယ်စွန်နယ်ဖျားဝေးလန်ခေါင်းပါးတဲ့နေရာတွေကို ပြောင်းပေးရမယ်။ ပြီးတော့ ဒီလောက်နဲ့လည်း မရပ်တန့်မတင်းတိမ်သင့်ဘူး။ လစာဖြစ်တာကိုပါပြုလုပ်ရမယ်။ ပြစ်မှုကိုလိုက်ပြီးတော့ လစာကို တစ်နှစ်တိတိ တစ်ဝက်ဖြတ်ခြင်း၊ သုံးပုံတစ်ပုံဖြတ်ခြင်း၊ ခြောက်လတိတိ လစာလျော့ခြင်း၊ စသည်ဖြင့်ပေါ့လေ။ ဒါပေမယ့် အကုန်တော့လျော့လို့မဖြစ်ဘူးနော်။ ဒါဆိုသူတို့ဘယ်စားလောက်တော့ပါ့မလဲ။ ဒါမျိုးတွေပေါ့။ ဒါ့ထက်ဆိုးလာရင်တော့ ထောင်ခြောက်လ ကျခံစေခခြင်း၊ ရာထူးမ ရာယီ ထုတ်ပယ်ခြင်း ၊ တာဝန်မှ ခဏအနားပေးခြင်း၊ ပင်စင်ပေးခြင်း ဒါ့ထက်ဆိုးလာ၇င်တော့ ထောင်ကျခံစေခြင်း (သို့) ရာထူးမှ ထာဝရ ထုတ်ပယ်ခြင်းတို့ကို ပြုလုပ်သွားရမှာပါ။ ဒါတွေက မရှိတာတော့မဟုတ်ပါဘူး။ ဒီစည်းမျဉ်းတွေရှိမှာပါ။ ဒါမေယ့် ဒါတွေကလူတွေနဲ့စိမ်းနေလို့ ဒီနည်းတွေကို အသုံးပြုသင့်တယ်ထင်လို့တင်ပြလိုက်ပါတယ်။ ကျန်ာသာ ဖြစ်ခဲ့မယ်ဆိုရင် ဒီလိုလေးတွေလုပ်ချင်ပါတယ် ......
ရုတ်တ၇က် .... အိပ်ယာမှနိုးလာသည်။ ကျနော့်နှာဖူးမှာ ချွေးစေးလေးတွေကျလို့ ... ကျနော်ပြုံးလိုက်သည်။ ..
ခံစားတတ်သောနှလုံးသားဖြင့် ...
လွန်မင်းအံ့
faceb00k: Lwon Min Aent
0 မှတ်ချက်:
Post a Comment