Technology

Home » , » ၀တ္ထုရေးလိုသော် ♥ ♥ ♥ လွန်မင်းအံ့

ဝတ္ထုရေးလိုသော် ♥ ♥ ♥ လွန်မင်းအံ့

Written By Unknown on Thursday, March 13, 2014 | 10:24:00 PM

ဝတ္ထုရေးတော့မယ်ဆိုရင် ဘာကိုစဉ်းစားရမလဲ။ မိမိရဲ့ဇာတ်ကောင်တွေနဲ့ ကိုက်ညီတဲ့အခန်း ရေးသားမှုတွေလိုအပ်ပါတယ်။ အထူးသဖြင့်တော့ နိဒါန်းပဲဖြစ်သည်။ နိဒါန်းသည် ထင်သလောက်မလွယ် ၀တ္ထုတစ်ပုဒ်ရဲ့နိဒန်းဆိုတာ က အရမ်းခက်ခဲပါတယ်။ နိဒါန်းပြီးရင်တော့ကျန်တဲ့ စာတစ်ပုဒ်ရဲ့ေ၇းသားမှုတွေက ထင်တာထက်လွယ်ကူသွားတတ်ပါသည်။ ထို့ကြောင့်နိဒါန်းသည် စာတစ်ပုဒ်အတွက် အလွန်ပဲအရေးကြိးပါတယ်။

နိဒါန်းစတော့မယ်ဆိုရင်ဘယ်ကစမလဲ။ ဒါကိုလည်းစဉ်းစားရပါမည်။ အသံကစာသောနိဒါန်းက လွယ်ကူသည်ဟုကျနော်ထင်သည်။ ဥပမာ ဆိုကြပါစို့ ။ မင်းသမီးကမင်းသားကို ပြောလိုက်တဲ့စကားတို့ ။ မင်းသားကမင်းသမီးကိုပြောတဲ့စကားတို့၊ ဒါမှမဟုတ် မင်းသားနဲ့သူအမေ၊ သူငယ်ချင်း စသဖြင့် ဇာတ်ကောင်ခြင်းပြောတဲ့ စကားတွေနဲ့ စရသည်မှာ လွယ်ပါသည်။ နောက်ပြီး ၀တ္ထုတိုင်းနှင့်လည်းကိုက်ညီ မှုရှိသည်။ ထိုသို့စခြင်းသည် မည်သည့် ဇာတ်လမ်း ၀တ္ထုမျိုးမဆို ထိုသို့စခြင်းက ကိုက်ညီမှုရှိသည်။ စကတည်းက စကားလုံးကောင်းလျှင်ကောင်းသလို စာဖတ်သူကိုဆွဲဆောင်နိုင်သည်။ ထို့ပြင် ဇာတ်အီခြင်းကိုလည်း မဖြစ်နိုင်စေတတ်သည်။

ထိုသို့မဟုတ်ပါဘဲသဘာဝအခြေအနေတွေရဲ့ အသံတွေနှင့်လည်းစနိုင်သည်။ ဥပမာ ဆိုကြပါစို့၊ မင်းသားနဲ့ မင်းသမီးက ပန်းခြံထဲမှာထိုင်နေမယ်။ ငှက်လေးတွေရဲ့အသံ။ သို့မဟုတ်။ မင်းသမီးပါလာသော ခွေးလေးဟောင်လိုကသောအသံ၊ ခွေးအော်သံ။ အစရှိသဖြင့်ေ၇းနိုင်သည်။ ထို့ပြင် ဖုန်းမြည်သံ ၊ တံခါးခေါက်သံ၊ မင်းသားဖြစ်စေ မင်းသမီးဖြစ်စေ အိပ်ယာထနောက်ကျလို့ တံခါးခေါက်နှိုးသည်က စခြင်းဖြင့် တံခါးခေါက်သံသည်လည်း ၀တ္ထု၏အစဖြစ်စေတတ်သည်။ ထိုကဲ့သို့ စခြင်းသည်လည်း ဇာတ်အီခြင်းကိုမဖြစ်စေ။ ဆွဲဆောင်မှုကိုအားကောင်းစေသည်ဟုထင်သည်။

အဘယ်ကြောင့်ဆိုသော ဥပမာကြည့်ပါ။ “မောင်သိပ်မိုက်တယ် ... ” ဒီလိုစာကြောင်းလေးနဲ့စလိုက်သည်နှင့် ထိုစာကြောင်းရဲ့ ရှင်းတမ်းတွေကို စာဖတ်သူတွေအနေနှင့် သိချင်မည်ဖြစ်သည်။ ၀တ္ထုသည် စာဖတ်သူ၏ သိလိုစိတ်ကို ဆွဲဆောင်ရသော စာတစ်ပုဒ်လည်းဖြစ်သည်။ ထိုသို့သိလိုသည်နှင့်အမျှ သင့်စာကို စာဖတ်သူသည်သဲကြီးမဲကြီး ဖတ်တော့မည်ဖြစ်သည်။ မင်းသားနဲ့ မင်းသမီးနဲ့ပြတ်လို့လား၊ ဒါမှမဟုတ် ဘာကြောင့်များလဲ ဆိုသည့်လူတွေရဲ့ သိလိုစိတ်ကအင်မတန်ပြင်းထန်သည်။ ထိုသိလိုစိတ်ကိုခုတုံးလုပ်ပြီး စာရေးသူတွေအနေနှင့် တင်ပြအပ်သည်။

အမှတ်တရ နှင့် ဖြစ်စေ နောက်ကြောင်းပြန်လိုသော ၀တ္ထုဖြစ်စေ ရေးမည်ဆိုပါက အရင်က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက် ထဲကမှ အဆွဲဆောင်မှုအရှိဆုံးနှင့်စသင့်သည်။ ဥပမာ မင်းသားနဲ့ မင်းသမီးက မိုးရေထဲမှာ တွေ့ခဲ့သည်ဆိုလျှင် မိုးရွာသံ မိုးချိန်းသံ စသည်တို့မှစသင့်သည်။ တကယ်လို့များ တစ်ခြားအရာ ဆိုရင်လည်း တစ်ခြားအရာ မှစသင့်သည်။

နောက်ထပ် သင့်ရဲ့ ဇာတ်လမ်းဟာလည်း စာဖတ်သူကြိုမသိနိုင်သည့် အကွက်မျိုးဖြစ်ရမည်။ ဆိုကြပါစို့ မင်းသမီးကချမ်းသာတယ် မင်းသားကဆင်းရဲတယ် အဲဒါကြောင့်မလို့ ကောင်လေးကလမ်းခွဲပေးလိုက်တာတို့ ဘာတို့ ဆိုတာတွေက ရိုးနေပါပြီ။ အဲဒါမျိုးလမ်းခွဲတယ်ဆိုတာကလည်း ကြားတယ်မှာ (ဇာတ်ကားပဲဖြစ်ဖြစ် ၊ စာအုပ်ပဲဖြစ်ဖြစ် ) ပရိတ်သတ်ကို ရိုက်ခတ်နိုင်တဲ့ ဖန်တီးမှုမျိုးရှိမှာရမှာပါ။ ပရိတ်သတ်ကိုရိုက်ခတ်နိုင်တဲ့ ဖန်တီးမှုဆိုတာကလည်း ဆိုအပ်ပြီးသကဲ့သို့ ချိန်ခွင်ရိုးလို အလျော့အတင်း၇ှိရမှာပါ။ မင်းသားက နောက်ဆုတ်မယ် (ချစ်လျက်နဲ့ ဆုတ်မယ် ) ဆိုရင် မင်းသားဘက်က ပေးဆပ်မှုရှိရပါမယ်။ မင်းသားဘက်ကပေးဆပ်ရုံနဲ့တော့မင်းသမီးဘက်က ရယူမှုတစ်ခုဖြစ်မလာနိုင်ပါဘူး။ တစ်ဖက်ကို အသာထားပြီး တစ်ဖက်ကို အင်မတန်မှကို နှိမ့်ချရမှာပါ။ ဒီလို ညီမျှမှုမရှိမှ ပရိသတ်ရဲ့ ခံစားချက်က အစွန်းကိုရောက်မှာပါ။

နောက်တစ်ခု ။ ဒါကတော့ ဘယ်မှာပဲဖြစ်ဖြစ်ပြောင်းတဲ့အရာပါ။ လေ့လာကြည့်ရင်သိပါလိမ့်မယ်။ ဇာတ်လမ်းရဲ့ အစမှာ မင်းသားနဲ့မင်းသမီးနဲ့ရရင် အဲနှစ်ယောက်ကွဲလိမ့်မယ်။ ကြားခန်းတွေပြောတာပါ။ နောက်ဆုံးမှာတော့ ရချင်ရမှာပေါ့။ အစမှာ မရရင် နောက်ပိုင်းမှာ ရလိမ့်မယ်။

ကိုယ့်ရဲ့ ဇာတ်လမ်းက ဘာဖြစ်နေမယ်ဆိုတာကို ပရိတ်သတ်က သိနေရင်မကောင်းပါဘူး။ မိထွေးနဲ့ သမီးကားဆိုရင် မြန်မာကားတော်တော်များများမှာ မိထွေးကသမီးကိုချစ်တာကိုဖော်ကျူးလေ့ရှိပါတယ်။ အဲလိုကားတွေကနောက်ပိုင်းဘာဖြစ်လဲ ။ မိထွေးက သားသမီးအတွက်တစ်ခုခု အနစ်နာခံလိုက်တာပဲ။ အဲချိန်မှာ သားသမီးက နောင်တတွေရ။ သူငါ့ကိုတစ်ကယ်ချစ်တာပါလားဆိုတဲ့အသိတွေသိ။ နောက်ပိုင်းမှာ အမေ ဘာညာနဲ့ ဇာတ်သိမ်းတော့တာပဲ။ ဒါဟာ ရိုးအီနေတဲ့ဇာတ်လမ်းတစ်ခုပါ။ မိထွေးက သားသမီးအပေါ်မှာ အနစ်နာခံမယ်လို့စဉ်းစားထားရင် သားသမီးကမိထွေးအပေါ်မှာ ဆိုးရမယ်။ မိထွေးအနစ်နာခံတာကိုလည်း သားသမီးကသိလို့မဖြစ်ပါဘူး။ နောက်ပြီး မိထွေးဘာလုပ်လုပ် သားသမီးက မကောင်းမြင်ဝါဒနဲ့ စဉ်းစားနေရပါမယ်။ ဒါမှ ပရိတ်သတ်ရဲ့ရင်ထဲကိုအလုံးလိုက်အခဲလိုက်ဝင်လာမှာပါ။

ဝေမျှခြင်းသာ။ အကြံပေးနိုင်ပါသည်။

                                                                               လွန်မင်းအံ့

0 မှတ်ချက်:

Post a Comment

Sports

Lwon Min Aent . Powered by Blogger.

Followers