ဆင်မှာတော့ကျင်ငယ် ၊ ယင်မှာတော့ပင်လယ်
Written By Unknown on Tuesday, March 11, 2014 | 10:49:00 PM
ဆင်ပြောင်ကြီးက ကျင်ငယ်စွန့်လိုက်သည့်အခါ ဆင်အဖို့ကျင်ငယ်အနည်းအပါး
မျှသာဖြစ်သော်လည်း ယင်ကောင်အဖို့မူကား သူ၏ကိုယ်အင်္ဂါအချိုးအဆနှင့် နှိုင်းဆ
သောပင်လယ်ကြီးသဖွယ် တပင်တပန်းကူးခတ်နေရသည်ဟုဆိုလိုသည်။ တစ်ဦးအဖို့
ပမာမထားလောက်သော်လည်း ကျန်တစ်ဦးအဖို့
များစွာထိခိုက်ဖွယ်ရာရှိနိုင်သည်ဟုဆို လိုသည်။ တစ်ဦးနှင့်တစ်ဦးမှာ
ပမာဏခြင်း၊ ဆန္ဒခြင်း၊ လိုအပ်ချက်ခြင်း၊ အခြေအနေ ခြင်း၊
ရှုမြင်သုံးသပ်ပုံခြင်း၊ ခံယူချက်ခြင်း၊ ကွဲပြားခြားနားနိုင်ကြောင်းကို
တင်စားသုံး သည်။
0 မှတ်ချက်:
Post a Comment